Sunday, September 6, 2009

Fashion - ခြေချောင်းပါသော ခြေစွပ် Vibram FiveFingers

အီတလီကုမ္မဏီ Vibramမှ ခြေချောင်းတခုချင်းစီ စွပ်နိုင်ရန် ခြေထောက်ပုံစံ အတိုင်း ချုပ်လုပ်ထားသော ခြေစွပ်ကို ၂၀၀၆ တီထွင်လိုက်ပါသည်။

ခြေချောင်း၅ချောင်းပါသော ခြေစွပ် ကို နောင်တချိန်တွင် အားကစား လောကတွင် တွင်ကျယ်စွာ အသုံးပြုလာ ကြမည် ဟု မှန်းဆရသည်။ ခြေချောင်းတခုချင်း စွပ်ထားခြင်းကြောင့် ခြေဆစ်များ၊ ဒူးများ ယောင်ယမ်းခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းမှ ကာကွယ်နိုင်သကဲ့သို့  စီးသည့် အခါတွင်လည်း သက်တောင့် သက်သာ ဖြစ်စေသည် ဟု အသုံးပြုသူများက ပြောကြပါသည်။

ခြေစွပ်ဝတ်ထားလျှင် မြေကြီးကို သမရိုးကျ ဖိနပ်များကဲ့သို့ ဖနောင့် မှ ထိတွေ့ ခြင်း မဟုတ်ဘဲ ခြေဖ၀ါးအလယ်မှ ထိတွေ သဖြင့် ခြေဗလာ ဖြင့် လမ်းလျှောက် သကဲ့သို့ သက်တောင့် သက်သာ ရှိသည်ဟု ဆိုပါသည်။

ပါးလွှာသော ရာဘာ ဖြင့် ခြေချောင်းများကို ခြားနား ထားသည်။ ရိုဂလေ့ကျင့်သူများ သဘောင်္သားများ ကရာတေး ကစားသူများအတွက် ရည်ရွယ် ထွင်ခဲ့သော်လည်း အပြေးသမား များ အားကစားသမားများ က ပို အသုံးပြုသည် ကို တွေ့ ရပါသည်။

ပါးလွှာသော ခြေစွပ်သည် စတာလင်ပေါင်၈၀ ခန့် တန်ဖိုးရှိပါသည်။

0 comments:

 
/* EOT ----------------------------------------- */