Monday, April 19, 2010

Funny - ရေဘ၀ဲ ကင်မရာနှင့် ဒိုင်ဗာ



ယူကျူ့ ထဲမှာ ပါလာတဲ့ သတင်းပါ။
နယူးဇီလန် ပင်လယ်မှာ ရေအောက် သဘာဝ ရှုခင်း ဓါတ်ပုံရိုက်နေသော ဒိုင်ဗာ၏ ကင်မရာကို အလစ်သုတ် ရေဘ၀ဲ တကောင်က ဇတ်ကနဲ လုယူ ထွက်ပြေး လေသည်။ ဒေါ်လာ ၇၀၀တန် အသစ်ချပ်ချွပ် ကင်မရာ ကို အဆုံး မခံနိုင် သဖြင့် သူခိုးနောက်လိုက် ပြီး ပြန်လုယူလေသည်။ ရေဘ၀ဲသူခိုးမှာ ရေကူးသန် သဖြင့် အတော် ကြိုးစား လိုက်ရသည်။ ခန့် မှန်းခြေ ၅မိနစ်မကပေ။ ရေအောက် သုံး သေနတ်ဖြင့် သူခိုးအား ခြောက်လှန့်ရင်း သူခိုးလက်ထဲ ရောက်နေ သော ကင်မရာကို ပြန်ယူရန် ကြိုးစားရသည်။ ရေဘ၀ဲမှာ ကင်မရာ ကို ဆော့ကစား လိုစိတ်သာ ရှိသဖြင့် ဒိုင်ဗာအား ရန်မပြုဘဲ ကင်မရာကိုသာ ပြန်လုယူလေသည်။ ရေဘ၀ဲ လက်များ မမှီနိုင်စေရန် ရေသေနတ်ဖြင့် ရေဘ၀ဲ သူခိုး အား တွန်းထိုး ထားပြီး ကင်မရာအား ပြန်သိမ်းလေသည်။ ရေဘ၀ဲအား လွတ်ရာ ကျွတ်ရာ သွားစေရန် သေနတ်အား လှုပ်ခါချသော်လည်း အဆော့သန် ရေဘ၀ဲမှာ သေနတ်ကို ဖက်တွယ် ထားလေသည်။ ဒိုင်ဗာမှာ ရေဘ၀ဲအား အခမဲ့ ရေကူးပို့ ဆောင်ရလေသည်။ ဗီဒီယို ကြည့်ပြီး ပြုံးစရာဖြစ်သောကြောင့် ဝေငှပါသည်။

နစ်သစ်မှာ ပြုံးပျော်နိုင်ကြပါစေ
ပုံ
ရေကမ္ဘာမှ ဂျေဒိုင်ဗာ
(ဤဗီ ကို ရိုက်သူမဟုတ်)

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */