Monday, November 26, 2007

အမိန့် တော်


ပြန်တမ်း ပါတယ်.....


ယနေ့ မှ စရ်ျ စာရေးသူ၏ မသိစိတ် အား အချိန်ရှိသရ်ျ ဘလော့ရေးခြင်းကို တားမြစ်ပိတ်ပင်ပါကြောင်း၊

သိစိတ်၏ ထိန်းကွပ်မှု့ ကြောင့် စာရေးသူသည် ဘလော့မရေးရန်၊ ဘလော့တွင် အချိန်မဖြုန်းရန် ၀န်ခံဂတိထားခဲ့ ပါသော်လည်း..

မသိစိတ်၏ ထိန်းကွပ်မှု့ ကြောင့် စာရေးသူသည် မကြာခဏ ဂတိဖျက်ကာ စာမကျက်ဘဲ ပို့ အသစ် ရေးခြင်း၊ ကိုယ်ပိုင်နှင့် အများသူငှာ ဆီပုံးများသို့  လိုက်ဖြည့်ခြင်း၊ ဘလော့ကာ ခရီး အလည်လျှောက်သွားနေခြင်းများ အတွက် စာရေးသူ၏ မျက်စိနှင့် လက်များကို ဘလော့အတွင်း မ၀င်နိုင်ရန် ရက်ကန့် သတ်လိုက်သည်။

စာရေးသူအား တပတ်လျှင် တရက်သာလျှင် ဘလော့ရေးခြင်းခွင့်ပြုမည်။

(တနင်္ဂနွေ သို့ မဟုတ် တနင်္လာနေ့ ဖြစ်နိုင်မည်။)

ပုံ

သိစိတ်

2 comments:

  1. ♪♫... အတွေးထဲက ထွက်ကိုမထွက်ဖူး...♫
    မသိစိတ်က တွန်းတွန်းပို့နေတယ်
    ကိုယ်လေဘယ်လိုမှ မရုန်းနိုင်အောင်
    ဘလော့တွေထဲ ဘာဆောင်ထားသလဲကွယ်....♫♪
    ♪♫...အို.... အို... စွဲနေပြီ...♫♪
    ♪....♫..အို....... စွဲနေပြီ ..♪......♫
    :))

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete