စိတ်မကောင်းစရာပါဘဲ။ မယ်ဘွဲ့ အစစ်အမှန်ရွေးခံရတဲ့သူ က တကယ်ချောပါတယ်။ ဒုတိယကလည်း သူ့ ထက် ပို ချောပါတယ်။ သူ က စိတ်လှုပ်ရှားပြီး အနည်းငယ် ပျာယာခတ်နေတာ ဗီဒီယိုတွေ ပြန်လည်ကြည့်ရင် တွေ့ ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စ ဟာ မမှားသင့်ပါဘူး။ ပျော်ရွှင်နေတဲ့ အပျော်လေး ပျက်ရုံသာ မကဘဲ နောက်ပြန် ၂ဆင့် အတီးခံရသလိုပါဘဲ။
သူကလေးက စိတ်ထားကောင်းရှာပါတယ် မယ်အဖြစ် အရွေးခံရသူ ကိုလည်း ဖုံးနဲ့ ဆက်ပြီး ၀မ်းသာကြောင်း ပြောပေးတာ အံ့သြစရာပါ။ ပုံမှန် ဒုတိယ တတိယ အဖြစ် အရွေးခံရတဲ့သူတွေ ကလည်း စင်မြင့်ပေါ် မှာ လူသောင်းသိန်းချီ ကြည့်ပြီး အသိအမှတ်ပြုခံရပြီး ၄ရက်ကြာတော့မှ ရွေးချယ်တဲ့ စာရင်းအားလုံးမှားတယ် ဆိုပြီး ဖုံးဆက် အကြောင်းကြားတာ စိတ်မကောင်း စရာပါဘဲ။
Miss California အစစ် Raquel Beezley နဲ့ မှားယွင်းတဲ့ သရဖူဆောင်းခဲ့တဲ့သနားစရာ မယ်လေး Christina Silva ကို ယှဉ်ပြထားပါတယ်။
စတုတ္တဖြစ်ရမဲ့ Christina က တတိယ နေရာ ဖြစ်ကြောင်း ဖုံးဖြင့်ထပ်ပြင်ပြော တဲ့ အတွက် တတိယ ရထားသော Keith Lewis ကလည်း မကျေမနပ် ဖြစ်နေရ ပါတယ်။ တကယ်တမ်း ကြည့်မယ် ဆိုရင် Christina Silva ဟာ စတုတ္ထဘဲ ဖြစ်သင့် ပါတယ်။
စိတ်မကောင်းစရာ အဖြစ်ကလေးပါ။ ပေါ့ဆတဲ့ သူတွေ ကြောင့် စိတ်ဆင်းရဲစရာတွေ ဖြစ်ရတာပါဘဲ။
ဒါမမှားသင့်ပဲ မှားတာ..
ReplyDeleteမိန်းမတယောက်ရဲ့သိက္ခာကို စော်ကားတာပဲ
ဘာမှပြန်မလုပ်ဘူးလား
ဘာလို့ငြိမ်နေရမှာလဲ..ဟင်
သိရင်ထပ်ပြောပါဦး
ဘယ်လိုပဲဖြစ်ဖြစ် ပေးပီးသွားပီပဲဟာ.. မိန်းမတယောက်ရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာကို ပေါ်တင်စော်ကားတာ..
ကျနော် ကတော့ ကြားထဲက ပေါက်ကွဲတယ် တရားပြန်စွဲလိုက် ပေါ့ သူဘာမှဆက်မလုပ်ဘူးလားးး
မှန်ပါတယ် ထိခိုက်တာက မယ်ဘွဲ့ မှားပေးခဲ့တဲ့သူရယ် တတိယရတဲ့သူရယ် နာတာပေါ့။ မယ်ဘွဲ့ ရတဲ့သူက လှမှ မလှတာ စတုတ္တဘဲဖြစ်သင့်တယ် တတိယက ပိုလှသေးတယ်။ အားလုံးက ရှေ့ နေနဲ့  ဆိုင်ထားကြ ပါတယ် ပြန်ဖြေတဲ့သူအပြောအရ ဒီလိုမှားနေကြ ဖြစ်ကြောင်း တွေ့ ရပါတယ် ဒီလိုလူတွေ ကို ဘာ့ကြောင့် အလုပ်မထုတ် သလဲဆိုတာ စဉ်းစားမရဘူး
ReplyDeleteဆိုးလိုက်တဲ့ အဖြစ်။ :(
ReplyDeleteဘာပြောရမှန်းတောင်မသိဘူး။ ကိုယ်သာအဲဒီနေရာမှာဆို စိတ်ထိခိုက်ပြီး ပုံလဲကျသွားနိုင်တယ်။
(အဲဒီလို မယ်ဖြစ်စရာ အကြောင်းလဲ မရှိပါဘူး။ ငါးကျည်းခြောက်မယ်ဆိုရင်တော့ နဲနဲဖြစ်နိုင်တယ်။ :P)