Saturday, January 26, 2008

Food - couple veg or chinese fleece flower


တရုတ်ဆေးမြစ်တတွဲ၏ ထူးဆန်းဘွယ်အသွင်သဏ္ဍာန်


အင်္ဂလိပ်လို့ တော့ chinese fleece flower လို့ ခေါ်ပါတယ်။ တရုတ်လို ဘယ်လိုခေါ်မှန်း မသိပါဘူး။ ယနေ့ ဖတ်လိုက်တော့ အတော်ထူးဆန်းနေလို့  ဓါတ်ပုံ တင်ပေးလိုက်ပါတယ်။ ဆေးမြစ်တွေကို မြေကြီးထဲက ဆွဲနုတ်ပြီး ဆေးဆိုင် တင်ရောင်းတာ ထုံးစံပါဘဲ။

ဝယ်သူတဦးက ဆေးမြစ်ဥ တတွဲကို ယူလိုက်တဲ့ အခါမှာ. .
စုံတွဲ တတွဲရပ်နေတဲ့ အတိုင်းပါဘဲ ကိုယ်အင်္ဂါ အပြည့်အစုံနဲ့  အမြစ်တွေနဲ့ မြေကြီးတွေသာ မပေကျံရင် လူတွေထုလုပ်ထားတဲ့ အရုပ်လို့  ထင်စရာပါ။ ဆေးမြစ်က ဘယ်လို ဆေးဘက်ဝင် တယ် ဆိုတာ အသေချာမသိလို့  လင့်တွေ ကူးပြီး တင်ပြလိုက် ပါတယ်။

ယခုတော့ တရုတ်နိုင်ငံတွင် သာမန်ဈေးထက် အဆပေါင်းများစွာ ပိုများသော တန်ဖိုး ဒေါ်လာ ၈၀ကျော် ပေးဝယ်ခဲ့သော ထို ဆေးမြစ်ကို အရပ် ဒေသ အသီးသီးမှ လာရောက် ကြည့်ရှုသူ ပေါများ ကြောင်း သိရသည်။ (စာမှီး မက်ထရိုယူကေ)

5 comments:

  1. Anonymous4:58 PM

    ဘယ်မှာသွားဖတ်ရမှာလဲ ခင်ဗျာ ...ကျွန်တော် လမ်းပျောက်နေတယ် .......

    ReplyDelete
  2. Anonymous6:26 AM

    အဲဒီဆေးမြစ်ကို မပျက်စီးအောင် ဆေးရည်စိမ်ပြီး ကေချာပြထားသင့်တယ်နော်..။

    ReplyDelete
  3. ချစ်လေးမလေးရေ တရုတ်ဆေးမြစ်တွေကို ထုံးစံအရ အရက်စိမ် ဆီစိမ်လေ့ရှိပါတယ်။ ဒါကို နစ်ရှည်ကြာအောင် စိမ်ထားမှာ သေချာ လောက် ပါတယ်။

    ReplyDelete
  4. ထူးဆန်းပါပေ့ ဆရာတွတ်ရယ်..

    ReplyDelete
  5. ဆေးက တကယ်ထူးဆန်းတယ်နော် တကယ့်လူကလေးတွေ ကျနေတာပဲ

    ReplyDelete