David Cooperfield လိုဘဲ Criss Angel က မျက်လှည့်ပညာ ကောင်းတာ တွေ့ ရပါတယ်။ မြန်မာပြည်က သူငယ်ချင်းတွေ က ကြည့်နိုင်မယ်တော့ မထင်ဘူး။ သူ့ မျက်လှည့် ဗီဒီယို အများကြီးထဲက ရှောက်သီးထဲ လီမွန်ထဲ့ လီမွန်ထဲ ကြက်ဥထဲ ကြက်ဥကို အကောင်ဖောက်ပုံ၊ တိုက် အမြင့် တခုပေါ်က နေ နောက် တိုက် အမြင့်ပေါ် ဈာန်နဲ့ သွားပုံ၊ မိန်းခလေး တဦးကို သူ့ ကိုယ်ထဲမှ ဖောက်ထွက်လာစေပုံ၊ ရေကူးကန်ရဲ့ ရေပြင်ပေါ်မှာ ဈာန်နဲ့ လမ်းလျှောက်ပုံကို ဖော်ပြလိုက်ပါတယ်။ (ဒီည ၁၂နာရီမှာ လန့်နိုးလာလို့  သူ့ မျက်လှည့်တွေ ကြည့်နေတာ မနက် ၃နာရီ အထိဘဲ ဒီ၎ခုကိုတော့ သဘောကျလို့ တင်လိုက်ပါတယ်။ သူ့ ဗီဒီယိုတွေ အတော်များပါတယ်။ အားလုံးကြည့်ချင်စိတ်မရှိတော့လို့  ကြည့်သမျှထဲက စိတ်ဝင်စားစရာ ကောင်းတာဘဲ ဝေငှလိုက်ပါတယ်။ အခု ပြန်အိပ်လိုက်ပါအုန်းမယ် ။။။ ခေါ ခလော ခေါ ခေါ ခလော..)
စီဘောက် ကိုသိပ်မကြိုက်လို့မထည့်ထားတာပါ .. အဲ့ဒါကြောင့် ကွန်မန်မှာဘဲရေးလို့ရတာ .. sorri နော် .. ဟုတ်တယ် criss angel မှာ ၂ပိုင်းပြန်ဆက်တာကို ပါထည့်ပြရင်ပိုကောင်းမယ် .. အခုတော့ တမျိုးကြီးဘဲ .. သူပြကွက်တွေကတော့ ပီပြင်ပါတယ် .. ကြိုက်လို့သူ့clipတွေ ကိုdownloadလုပ်ပြီး Cdနဲ့သိမ်းထားတယ် .. သြော် ကလေးက နော်ဝေကပါ .. ဘလော့ကို ရောက်လာလည်လို့ ကျေးဇူးနော် .. ကလေးလဲနောက် အမြဲလာလည်ပါမယ် .. တွေ့ရတာဝမ်းသာပါတယ် :-)
ReplyDelete