Tuesday, March 18, 2008

Poem - ခေါက်ဆွဲသုပ်

(မာမီ့လက်ရာ ခေါက်ဆွဲသုပ်ကို လွမ်းခြင်း တမ်းခြင်းဖြစ်ပါသည်။)

ရင်တွင်းဖြစ် ခံစားချက် စစ်စစ်

သြယ္လ်လ် ၀ါရည္ညက္နဲ ့
မင်းထိုက်တဲ့နန်းဟန်အလှကို
ဖြူသွယ်လျ ဘော်ကြာဆန်နွဲ့ 
ခေါက်ခက်တော် ဆွဲဟန်လုပ်နိုင်ဘု ပလ္လင်ထက်မှာ ပျော်။

မှုံနံသာ ၀ါဝါ၀င်းနဲ့
ရွှေစွန်ရယ် အချိုကဲလို့ 
ပဲပေးတယ် အမှုဟန်ပိုနွဲ့ 
ဖွေးဖွေးဖုံ တင်အောင် မှုန်းပေတော့ စိတ်ကြိုက် နေနော်။

မန်တက်ကာ ကျည်းတန်ပါဘု
ဂေါ်တာဂေါ် သံယောမျှင်တန်းနဲ့
ခွားခက်အောင် ကြွရွစေတော့
ငြုတ်ကိုဘယ် ရှုပ်တယ်ပြောပါနဲ့  စပ်စရာ့ ဆွေတော်။

စိတ်ကြိုက်လေ ယုယအုန်းမှာပါ့
ဆားသွေခင် ဟန်တွေလုပ်နိုင်ဘု
ထားသက်လယ် ချစ်တုံးလေးကိုလ
ငံရည်စွာ ထွေးချင့်ပေးမယ် မမေ့ရက် စေသော်။

ဟင်းလို့ ရယ် ပြောချင်ဘု
ကောင်းလွန်းရယ် မင်းမှုလွန်းတယ်
သွန်ကာရယ် ဖြူခင်မွမ်းကာပါ့
မွှေးလှတဲ့ ဘေးအရံကြဲ ရည်က လိုက်ဖက် ပါသသော်။

အသာဆွဲကာ ငုံလိုက်ချင်ပါ့
မထိန်းနိုင်ကိုက်မိတာ မုန်းပါနဲ့
သွန်ပါလေ ဖြူသွားအောင်ပ
ရင်တွင်းဝယ် လိုက်မမှီဘူးထင်ပါ့ ခေါက်ဆွဲသုပ်နော်။

လာလည်ကြကုန်သော ဘလော့ကာ ဘော်ဒါအပေါင်းတို့ အား ရင်တွင်းဖြစ် အရသာ အပြည့်ရှိသော ခံစားရသော ကြာဆန်အရော ခေါက်ဆွဲသုပ် နဲ့ ဧည့်ခံပါတယ်။
ဂေါ်ဖီ၊ သခွားသီး၊ ကြက်သွန်၊ ပဲမှုန့် ၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ ငံပြာရည်၊ မန်ကျည်းရည်၊ ငြုတ်သီးမှုန့် နှင့် သုပ်ထားသော လက်သုပ်ကို ကြက်သွန်ဖြူ ကိုက်ခါ ငရုပ်ကောင်း ကြက်သွန်ဖြူ ဟင်းခါးနှင့် သုံးဆောင် သွားကြပါ။
ဘော်ဒါကြီး ခင်ဦးမေ စိတ်ကြိုက်ခံစားနိုင်ပါစေ..
ပုံ
ပြုံးပျော်ရွှင်ရေး အေဂျင်ဆီ

14 comments:

  1. ကိုဂျေ ကတော့ ဆရာပဲဗျာ။ လေးစားပါတယ်။ ကဗျာလဲ ကောင်းတယ်။ ခေါက်ဆွဲသုပ်လဲ သိပ်ကောင်း။ နောက်ထပ် ရေးဦးဗျာ။ ဟိဟိ နောက်တခါကျရင် ကောက်ညှင်းပေါင်း ရေးဗျာ။ စားတော်ပဲများများ နှမ်းထောင်းလေးပါ ဖြူးပေးဗျ။ ရေးပေးနော်။ ငှဲငှဲ

    ReplyDelete
  2. အာ မဖြစ်ဘူး ၀လွန်းလို့ ဝိတ်လျော့နေတယ်

    ReplyDelete
  3. ဂျေကတော့ လွှတ်တယ် ... :)

    ReplyDelete
  4. I do not know whether to feel poetic or hungry anymore.

    J seems to get mixed up with heart and stomach.

    Do not challenge us to write poems!

    every one has a poetic mind.

    every one likes food as well

    :)

    ReplyDelete
  5. ကိုဂျေရေကဗျာလဲဖတ်ရင်းခေါက်ဆွဲသုတ်လဲ
    စားသွားပါတယ်။ဟင်းခါးကလဲတယ်ကောင်း
    ကိုး၊ကိုဂျေရ။

    ReplyDelete
  6. ကောင်းပါလေရဲ့ ဗျာ
    ;)

    ReplyDelete
  7. Anonymous8:38 PM

    ဂွတ်ရှယ်... ဂျွတ်တယ်... လွှတ်တယ်... လို့ပဲ ပြောရတော့မယ်။

    ReplyDelete
  8. ကောင်းတယ်ဝေ စားလိုက်တာအီသွားတာပဲနော် ဆက်ရေးနော် အားပေးတယ်သိလား

    ReplyDelete
  9. ကောင်းလိုက်တဲ့ကဗျာပဲ။ အ၀စားသွားတယ် ဂျေရေ။

    ReplyDelete
  10. ခေါက်ဆွဲသုတ်စားမယ်
    ပုံလဲမပြဘူး တကယ်စားမှာဆိုးလို့ထင်တယ်

    ReplyDelete
  11. မြတ်နိုးရေ မာမီသုတ်ပေးတဲ့ ခေါက်ဆွဲသုပ်ကို လွမ်းတယ် ဆိုကထဲက ဘယ်နှယ့်လို့ ကိုယ်တိုင်သုပ်ပြီး ဓါတ်ပုံရိုက် နိုင်မတုန်း။ သူ့ ပြောရင်း နိုချင်ရာပြီ ဗြဲ

    ReplyDelete
  12. Anonymous4:16 PM

    “အသာဆွဲကာ ငုံလိုက်ချင်ပါ့
    မထိန်းနိုင်ကိုက်မိတာ မုန်းပါနဲ့ ” ဆိုပါ့လား
    ကျောင်းဆရာကြီးပါလား ကိုဂျေ ရေ…။အဲ ကြောက်ဆရာကြီးပြောတာ။

    ReplyDelete
  13. ကြာဆန်ရော ခေါက်ဆွဲသုပ်ကို ဖတ်ရှုခံစား သွားရည်များ သိမ်းဆည်းသွားပါတယ်..း)

    ReplyDelete
  14. “အသာဆွဲကာ ငုံလိုက်ချင်ပါ့
    မထိန်းနိုင်ကိုက်မိတာ မုန်းပါနဲ့ ”
    တန်းပြောရင် ရက်စက်ရာ ကျမှာစိုးလို့ ၊
    အသုပ်စားရင်း ကြက်သွန်ဖြူကို ကိုက်တာ ပြောတာပါ။

    ReplyDelete