Monday, March 17, 2008

Poem - ၃ Water Melon


နုနယ်ပျိုနှမ၊
အသွင်ကလှ၊
မျက်ကွယ်ပြုမလွယ် ရင်ဖိုဘွယ်၊

ရှု့ ချင်စဘွယ၊်
ရှက်သွေးကြွယ်သမျှ၊
ငေးမိအစဉ် လှိုက်ဖိုဘွယ်။

အသားနုဝင်း၊
တင်းရင်းချောမွှေ့ ၊
မျက်နှာပြင်လေး နမ်းချင်ဘွယ်။

စိမ်းလဲ့ရွှန်းစို၊
ရွဲမျက်ဝန်းပင့်၊ (စိမ်းဖန့်ဖန့်နှင့်)
ဖြူစင်မျက်နှာ ငေးချင်ဘွယ်။

ဖိတ်ဖိတ်တောက်ဆို၊
နီရဲမြန်းစို၊
ရှက်သွေးကြွယ်လှ နတ်မိငယ်။

တိုးလို့ရှိုက်ဖို၊
နှတ်ခမ်းပါးမှ၊
ချိုမြအသဲထဲ ရင်အေးတယ်။

ဘော်ဒါကြီး khinoomay က (တယ်ဟုတ်ပါလား..ရင်တွင်းဖြစ်ထင်တယ်) နှင့်
ဘော်ဒါကြီး ကိုင ရဲ့ (ကောင်လေးတောင် ခံစားတတ် လာပြီဟ)ဟု မှတ်ချက်ရေးသွားခြင်းကြောင့် အမှန်တကယ် ရင်တွင်းခံစားမိရသော ဖရဲသီးကို ဖွဲ့ ဆိုထားခြင်းဖြစ်ပါသည်။
ပုံ
ပြုံးပျော်ရွှင်ရေး အေဂျင်ဆီ

3 comments:

  1. Anonymous3:44 AM

    ကိုဂျေကြီး ... အသက်ကြီးပြီနော် ... ခံစားချက်တွေ သိပ်မရေးနဲ့ဦး ... အဉ္ဇလီတို့လို ငယ်ငယ်ရွယ်ရွယ် ဆိုရင်လဲ မပြောတော့ပါဘူး :P

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. လူကြီးတွေက ခံစားတဲ့ အချက်ရေး၊ ကလေးတွေက စားပြီးမှ ခံရတဲ့ အချက်ရေး။ ဒန့်  ဒန့်  ဒန့် 

    ReplyDelete