လာလည်ကြသော ဖော်သဟာများကို ကျေးဇူးတင်ပါသည်။ ဆေးလိပ်နှင့်ပတ်သက်ရ်ျ တချို့ က သောက်ကြသည်။ တချို့ ကမုန်းကြသည်၊ တချို့ က ရှောင်ကြသည်တဲ့။
စာရေးသူ၏ ဖခင်(မွေးစားဖခင်) အတယ်မှာ အသက်၁၅နစ်မှစရ်ျ ဆေးလိပ်သောက်ပါသည်။ စာရေးသူ ၏အသက် ၂နစ်၃နစ် မှတ်မိသမျှ အချိန်တွင် အတယ်သည် ဆေးပြင်းလိပ်၊ဆေးပေါလိပ်၊ ဆေးတံ သောက်သည် ကို သတိရမိပါသည်။ စီးကရက်သောက်ရတာ ပေါ့ရွှတ်ရွှတ်ဖြစ်ပြီး ဈေးကြီးသည်ဟုဆိုပါသည်။ အသက် ၅၅နစ် တွင် ဆေးလိပ်ကြောင့် ဖြစ်သော အဆုပ်ရောဂါဖြင့် ဘ၀တပါးဆုံးပါးသည့် အချိန်မှ စရ်ျ စာရေးသူ သည် မြေမနင်းအိမ်ရှေ့ စံဘ၀မှ ဈာန်လျော ခဲ့ရပါသည်။ ဖခင်မရှိသည့်နောက်ပိုင်း လောကကြီးကို အခက်ခဲပေါင်း များစွာနှင့်ကြုံတွေ့ ခဲ့ရပါသည်။
ဖခင်က ဆေးလိပ် သောက်သော်လည်း သားများက ဆေးလိပ်အရက် မသောက်ကြပါ။ အနံ့ ပင် မခံနိုင်ကြပါ။ (တချို့ မှာမူ ဖခင်က မသောက်လျှင် သားများက ဆေးလိပ် အရက်သောက် ခိုးသောက်ကြသည် ဥပမာ ဆွေမျိုးထဲမှ အကိုတဦး ဆိုပါတော့)။
ဆေးလိပ်သောက်လျှင် စစခြင်း ငွေကုန်မည်။ င်္အကျီပုဆိုးပေါက်သည်။ ရင်ကြပ်မည်။ ခံတွင်းချဉ်မည်။ နစ်ကိုတင်းကတ္တရာငွေ့ များ သွားတွင်ချေးထပ် မဲချိတ်စေမည်။ ပါးစပ်နံ့မည်။ ရောဂါရပါမည်။
ဖခင်ကို ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးရှုံးခဲ့ရသော စာရေးသူ ဂျေမှာ ဆေးလိပ်သောက်ခြင်းကို ဆန့် ကျင်လိုပါသည်။ လိပ်ကလေးပိုင်ရှင်မှာ သူကိုယ်တိုင် ပျက်စီးခြင်းကို အားမရဘဲ မွေးထားသော လိပ်ကလေးကိုပါ ဖျက်စီးသည် ကို တွေ့ ရသည်။ တခုထူးဆန်းသည်မှာ ဆေးလိပ်ကို လိပ်၏ပါးစပ်တွင် တပ်ပေးလိုက်သည့်အခါ လိပ်ကလေးက ဆေးလိပ်ကို ၀ါးမစားဘဲ လူတဦးကဲ့သို့ ဆေးလိပ်သောက်သည်ကို စိတ်ထဲ ဆန်းကြယ်သည် ဟု ထင်မိပါသည်။
ထိုလိပ်ကလေး ဆေးလိပ်ပြတ်ပါစေဟုသာ ဆုတောင်းပေးနေမိပါသည်။
တစ်ချို့ကမသိလို့မှားကြတယ်..။ တစ်ချို့ကတော့သိရက်နဲ့ မှားကြတယ်...။ ကျွန်တော်ကတော့ သိသိကြီးနဲ့ကို ယမမင်းရဲ့ ရက်ချိန်းကို စောင့်နေပါတယ်...။ အခုလို ကိုယ်တွေ့ အဖြစ်လေးနဲ့ယှဉ်ပြီးပေးတဲ့ စေတနာကို တန်ဖိုးထားပါတယ် :)
ReplyDeleteအိမ်မက်မှောင် ...ဖြတ်နိုင်ရင်တော့ ကောင်းပါတယ်ဗျာ။
ReplyDeleteMP3eMP4..you are very much welcome. Cheers!
ဆေးလိပ်နဲ့ကျန်းမာရေး သင်ကြိုက်တာရွေး ..ဆေးလိပ်ကသောက်လို့ရလား။။။ ကျန်းမာရေးကသောက်လို့ရလား ဟီးဟီး :-P
ReplyDelete