Saturday, November 8, 2008

Technology - Biofuel Plant ရေနံသူဌေးတို့ တုန်လှုပ်ဖွယ်


မမျှော်လင့်ဘဲ the organism, Gliocladium roseum သစ်ပင် အခေါက်ထဲမှာ ရှိတဲ့ မှို တမျိုးက ထွက်တဲ့ အစေးဟာ ဒီဇယ်ဆီမှာ ပါဝင်တဲ့ ကွန်ပေါင်းတွေအတိုင်း ပါဝင်နေတာ အမေရိကား မှ သိပံပညာရှင်တွေ တွေ့လိုက်ရပါတယ်။ သစ်ပင် မှာ ရှိတဲ့ novel fungi ဆိုတဲ့ မှိုကို တွေ့နိုင်တဲ့ သစ်ပင်တွေဟာ northern Patagonia အမြဲစိမ်းသစ်တောဖြစ်ပြီး အဲဒီသစ်တော ဟာ Argentina နဲ့ Chile နိုင်ငံအကြားမှာ ပေါက်ပါတယ်။

ဒီဇယ်မှိုဟာ အဆိပ်ဖြေတဲ့ သဘာဝစွမ်းအား ကိုကာကွယ်ဖို့ ဓါတ်ငွေ့ထုတ်ပါတယ်။ အဲဒီ ဓါတ်ငွေ့ ကို စမ်းသပ်ရာမှာ ဒီဇယ် ဖန်တီးရာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းများ ဖြစ်နေတာ မမျှော်လင့်ဘဲ တွေ့လိုက်ရပါတယ်

6 comments:

  1. ရေနံသေဋ္ဌေးတင် မက တို့ပါ တုန်လှူပ်သွားတယ် J

    ReplyDelete
  2. အာဂျင်တီးနားနဲ့ ချီလီတော့ ပွပေါက်ပဲ...

    ReplyDelete
  3. Anonymous12:06 AM

    မြန်မာကြက်ဆူလိုတော့ မဖြစ်လောက်ပါဘူး.. တကယ့် အမှန်အကန် ဖြစ်မှာပါနော..

    ReplyDelete
  4. ဟုတ်ကဲ့ ဒီဇယ်မှာ ပါဝင်တဲ့ အခြေခံ ဒြပ်ပေါင်းတွေ ကြောင့် ဆက်စမ်းသပ်နေကြပါတယ်။ အောင်မြင်လာရင် ကမာအနံ့မှာ စိုက်မဲ့ သဘောပါ။ ဆရာ သိချင်ရင် အသေးစိတ်ကို ပို့ပေးပါမယ်။

    ReplyDelete
  5. You must be Technology Maung Maung, Not Love maung maung! :)

    ReplyDelete
  6. ဟုတ်ကဲ့ ဒီဆိုဒ်ဟာ ကျွန်တော့်အတွက် ဘ၀ တသက်တာ အမှတ်တရ ဖြစ်သလို ဖတ်မိသမျှစုဆောင်းထားတဲ့ ထူးဆန်းတာတွေကို ဖတ်တဲ့သူတိုင်း သိစေချင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ် က သုတစွယ်စုံ စသဖြင့် သိပံစာအုပ်တွေ ဖတ်ပြီး ဗဟုသုတ လေ့လာရပါတယ်။ စာအုပ် က ဈေးကြီးတော့ ငှားဖတ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော် ဖတ်မိသမျှ အားလုံးကို ဝေငှခြင်း ဖြစ်ပါတယ်

    ReplyDelete