Sunday, February 8, 2009

Art - အီဂျစ် ရုပ်ထုမြေအိုး


အစုအဆောင်းဝါသနာ ပါသူများ အတွက်ပါ။ ဘီစီ 1550-1069 အတွင်း ကြေးခေတ် ကာလ အနစ် ၃၀၀၀ မှ အီဂျစ် ဘုရင်သုံး မြေအိုး ဖြစ်ပါတယ်။ အဲဒီအိုးကို The terracotta jar ခေါ်ပါတယ်။ အဖုံးကို နတ်ဘုရား the god Imseti ရဲ့ မျက်နာနဲ့ ထုလုပ်ထားပြီး လူ့ အသဲကို ထဲ့သိမ်းရန် အတွက် ပြုလုပ် ထားတာဖြစ်ပါတယ်။ နတ်ဘုရားမ The goddess Isis စောင့်ရှောက် ကာကွယ် ပေးလိမ့် မယ် လို့ ယူဆ ကြပါတယ်။

အဲဒီအိုးကို ပရမစ်ထဲမှာ ထဲ့သွင်းလေ့ ရှိကြပါတယ်။ အင်္ဂလန် ဒေါဆက် မှ ဥယျာဉ်တွင်း၌ အနစ် ၂၀ကျော်မျှ ပစ်ထားရာမှ တနေ့တွင် ပိုင်ရှင်က မြေအိုးကို အသေချာ ကြည့်မိရာ အီဂျစ် နတ်ဘုရားခေါင်း ပါသည့် မြေအိုး အဖုံး ကို သံသယ ဖြစ်၍ မေးမြန်းရာမှ တန်ဖိုးကြီးလွန်းသော ရှေးဟောင်း ပစ္စည်း ဖြစ်ကြောင်း သိရပါသည်။ ပိုင်ရှင်သည် ထိုမြေအိုးကို ရှေးဟောင်း ပစ္စည်း စုဆောင်းခြင်း ၀ါသနာပါသော ဦးလေးထံမှ အမွေအဖြစ် ရရှိခဲ့ပြီး တန်ဖိုး မသိသဖြင့် ဥယျာဉ် အတွင်းတွင် ဖယောင်းတိုင် ထဲ့ရန် ကျောက်တုံး ထဲ့ရန် စသဖြင့် အလှတန်ဆာ တစ်ခု သာ အဖြစ် ထားရှိခဲ့ပါသည်။

ယခုမူ ထို တန်ဖိုးကြီးသော မြေအိုးအား auction at Duke's in Dorchester နေရာ တွင် လေလံတင် ရောင်းချ မည် ဖြစ်ရာ ငွေအကုန်မခံလိုသူများ၊ ကျွန်တော် ကဲ့သို့သော လောဘမကြီးလိုသူများ၊ အိမ်ပစ္စည်း အရှုပ် မခံလိုသူများ အနေဖြင့် window shopping အဖြစ်၎င်း၊ ဗဟုသုတ ရစေခြင်းငှာ၎င်း တင်ပြလိုက်ရပါသည်။

မှတ်ချက်။ ။ ဤပုံနှင့် ဤပို့စ်မှာ အခမဲ့ ဖြစ်ပါသည်။

1 comment:

  1. Interesting post. I live in Dorchester by the way.

    ReplyDelete