Wednesday, May 6, 2009

Technology - helter-skelter နဂါးပတ် လှေခါး

လျှပ်စစ်ဓါတ်လဲ သက်သာမယ်။ လူကြီးတွေလည်း ဆော့နိုင်မယ်။ ဓါတ်လှေခါး စောင့်ရချိန် လည်း သက်သာ စေမဲ့ နဂါးပတ် လှေခါး

helter skelter



အရင် က တီကောင်လှေခါးလို့ ရေးလို့  ဖတ်မဲ့သူတွေ ဆားထိသလို တွန့် ပြီး မဖတ်ကြဘူး။ ဒါနဲ့  နဂါးပတ် လှေခါး အသွင်ပြောင်းရသပ။

ဒီ လှေခါးကို သတင်း တင်စမှာ စိတ်ကြိုက်စီးနိုင်မယ်၊ အချိန်ကုန် သက်သာစေမယ် စသဖြင့် လေပေါ ခဲ့ကြပေမဲ့ ယနေ့ သတင်းစာမှာတော့ ဒီလှေခါးကို မည်သူမှ စီးခွင့်မရှိဘဲ ပိတ်ထားသည်ကို ပရိသတ်ကြီးများက ၀မ်းနည်းစွာ ငေးကြည့်နေကြပါသည်။

အဲဒီ သတင်းစာကတော့ 2/26/09 နေ့ က ကျနော် ဘာသာပြန်ခဲ့တာပါ။ ပြန်ဖတ်ကြည့်ကြပါ။
========================

ကျွန်တော်တို့  ခပ်ငယ်ငယ်တုန်းကပေါ့ဗျာ ရွှေဘုန်းပွင့် ပန်းခြံမှာ မျောက်လောင်းဘ၀ သွားပြောင်းခဲ့တာ အဲ မှားလို့  သွားဆော့ခဲ့ကြတာ မှတ်မိပါသေးတယ်။ ဒန်းစီးမလား လျောစီးမလား တူတူပုန်းမလား အပြေးပြိုင်မလား မျောက်လုပ်တမ်း ကစားမလား (ကုက္ကိုပင်တက်တာ ပြောပါတယ်) ။

တနစ်က ပြန်ရောက်တုန်းက ပန်းခြံဟာ စိတ်မကောင်းဘွယ် ဖြစ်နေတာ တွေ့ ခဲ့ရပါတယ်။

ငယ်ငယ်က မျောက်စပ်ကူးမတ်ကူးဘ၀ ကနေ (မျောက်မဖြစ်ဘဲ) လူကြီးဖြစ်လာပေမဲ့ လူမသိအောင် တိုးတိုး တိတ်တိတ် ခိုးဆော့ ချင်ကြတာပါဘဲ။ ဒါကြောင့် လူကြီးများ အတွက် ဒစ်စ်နေလန်းတို့  ပန်းခြံကစားကွင်းဆိုပြီး လုပ်ပေးထား တယ်။ ဒါကလည်း ၀င်ခ ငွေကုန် ပေးသကိုး။

ဒီအခက်အခဲတွေကို ဖြေရှင်းပေးလိုက်ပါပြီ။ တီကောင် လှေခါး ပါတဲ့ဗျား။ အထပ် ၃ထပ် ပေါ် ကနေ အောက်ဆုံး အထပ်ရောက်ဖို့  ၇စက္ကန့်  ဘဲ ကြာတဲ့ လျောစီးလှေခါး တီကောင်လှေခါးကို ထွင်လိုက်ပါပြီ။ အဲဒီရုံးမှာ ကျနော်အလုပ် လျှောက်လွှာ တင်မလို့  ကြံနေပါတယ်။ နှလုံးရောဂါရှိတဲ့ လူတွေ အစား ကျနော် က ကိုယ်စားလှယ်အဖြစ် လှေကားစီး ပေးမှာပါ။ လျောစီးချင်လို့  မဟုတ်ပါဘူး ။ တကယ်ပါ။ တိတ်တိတ်နေဗျာ လူမသိစေနဲ့  ကျနော် နဲ့  စာဖတ်သူ ဘဲ သိအောင် လက်ကုပ်ပြောလိုက်မယ်...

helter-skelter လို့  ခေါ်တဲ့ လျောလှေခါးကို စတီးနှင့် အကြည်ရောင် ပလပ်စတတ်များနဲ့  တည်ဆောက် ထားပါတယ်။ ၈၇ပေ ရှည်ပြီး ၄၀ပေ အမြင့်ရှိပါတယ်။ ဒီဇိုင်းထွင်သူကတော့Toby Hyam ဖြစ်ပါတယ်။

helter skelter

 Sheffield

ဒီ တီထွင်မှု့  ကတော့ Scarborough Development Group နှင့် Sheffield Council ကောင်ဆယ်တို့  ဖက်စပ် တည်ဆောက်မှု့  ဖြစ်ပါတယ်။

Sheffield

အဆောက်အဦးက 'club area' ခေါ်ပါတယ်။ ရထားဘူတာနဲ့  ဘစ်စ်ကား မှတ်တိုင်ကြား တည်ဆောက်ထားပြီး မီဒီယာ Media, freelancer မှ လူများ အတွက် ရည်ရွယ် တည်ဆောက်ထားပါတယ်။ ကလပ်မှာ တလ ပေါင်၅၀ အသင်းဝင် နိုင်ပါတယ်။ နဂါးပတ် လှေခါးကို စိတ်ကြိုက် ကြာကြာ စီးနိုင်ပါတယ်။

အဲဒီ ကလပ်ကို Creative Space Management ကုမ္မဏီက ကြီးကြပ်ပါတယ်။ နဂါးပတ် လှေခါးမှာ လျှောစီး ချင်ရင် တလ ပေါင်၅၀ ပေးဖို့  မမေ့ပါနဲ့ ။

ပုံ

ဂျေ

တီကောင် ကိုယ်စားလှယ်

4 comments:

  1. အီ. စီးချင်ပါဘူး

    ReplyDelete
  2. အောက်စတော့ မလွတ်စေနဲ့ပေါ့နော့်။ ပလတ်စတစ် အကြည်ရောင်တွေနဲ့ တည်ဆောက်ထားတယ် ဆိုတော့ ထင်သာမြင်သာ ရှိလွန်းတာပေါ့။

    ReplyDelete
  3. ကိုဂျေ..
    နေကောင်းလား..
    ပို့မတင်တာကြာပြီမို့...
    နဂါးပတ်လှေခါး က...
    အန္တရယ်ဖြစ်မှာစိုးလို့နဲ့တူတယ်..
    ပိတ်လိုက်ရတာက..

    ReplyDelete
  4. ဟုတ်ကဲ့ မပေါက်။ သတင်းစာ ဆရာတွေက အသစ်မတင်တော့ ကျနော်လည်း ဘာသာပြန်စရာ မရှိဘူး ငှဲ ငှဲ

    ReplyDelete