Tuesday, March 3, 2009

Animal - Strange Stingless Jellyfish အဆိပ်မျှင်မရှိသော ဂျယ်ရီငါး



Jellyfish ကို မြန်မာ လို ဘယ်လိုခေါ်သလဲ မသိပါ။ သို့ သော် Jellyfish ဆိုရင် အဆိပ်မျှင်တွေကြောင့် အဲဒီငါးနားကို မသွားရင်တောင် ငါးရှိမှန်းမသိလို့ အဆိပ်မျှင် ထိုးခံရပြီး မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ပင်လယ် ကမ်းခြေ ဘက်မှာ အနားယူကြတဲ့သူ တွေဟာ မထင်မှတ်တဲ့ Jellyfish အန္တရယ် ရင်ဆိုင်ရတတ်ပါတယ်။ ကုသနည်းက တော့ ရှလကာရည်ကို သုတ်လိမ်းလျှင် အဆိပ်ဖြေတယ်လို့  ကြားဖူးပါတယ်။

Republic of Palau ဆိုတဲ့ ကျွန်းနိုင်ငံလေးမှာ ရှိတဲ့ Jellyfish ကတော့ အဆိပ်မျှင် လုံးဝ မရှိပါဘူး။ တချိန်တခါက အဲဒီကျွန်း ထဲက ရေကန်နဲ့  ပင်လယ်ဟာ တဆက်တည်း ဖြစ်ခဲ့ပါတယ်။ ကာလကြာလာတဲ့ အခါ သောင်ထွန်းပြီး Jellyfish တွေဟာ ရေကန်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ အဲဒီ Jellyfish တွေကို အဖမ်းအဆီးမရှိတဲ့ အတွက် Jelyfish တွေအနေနဲ့  စိတ်အနှောင့်ယှက် ကင်းလာတယ် ယူဆရပါတယ်။ သူတို့ ရဲ့ အဆိပ်မျှင်တွေ ဟာ အသုံးပြုစရာ မလိုတဲ့ အတွက် တဖြည်းဖြည်းနဲ့ သေးသိမ် ပျောက်ကွယ်သွားပါတယ်။ Jellyfish တွေကို မဖမ်းဆီးရဆိုတဲ့ တင်းကြပ်တဲ့ နိုင်ငံဥပဒေ ထုတ်ထားတဲ့ အတွက်ကြောင့် Jellyfishတွေဟာ ရေကန်ထဲမှာ တိုးပွား လာပါတယ်။

အဆိပ်မျှင် မရှိတဲ့ Jellyfish တွေဟာ ဒီနိုင်ငံ တခုထဲမှာသာ တွေ့ နိုင်တယ်လို့ ဆိုပါတယ်။

တခြား အင်ဒိုနီးရှားနိုင်ငံမှာလည်း အဆိပ်မျှင် မရှိသလောက် နည်း တဲ့ Jellyfish ရှိတယ်လို့  ဆိုပါတယ်။ သို့ သော် အဆိပ်မျှင် ၂ချောင်းလောက်တော့ မြင်ရပါတယ်။ အဆိပ်ရှိမရှိတော့ မသိပါဘူး။

Jellyfishရှိတဲ့ Palau က ရေကန်ဟာ အတော် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

Palau နိုင်ငံကတော့ ပစိဖိတ်ပင်လယ်ထဲက သေးငယ်တဲ့နိုင်ငံလေးဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အရှေ့  ဘက် မိုင်၅၀၀ အကွာ ဂျပန်နိုင်ငံရဲ့ တောင်ပိုင်း မိုင်၂၀၀၀ အကွာမှာ ရှိပါတယ်။နိုင်ငံအကြောင်း အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပြီး Jellyfish ရေကန် အကြောင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

ဲ့ Jellyfish ကို ပြုတ်ပြီး သုတ်စားရင် အလွန်အရသာ ကောင်းပါတယ်။

6 comments:

  1. thanks for keep posting interesting things all the time.

    ReplyDelete
  2. ဒီမှာလဲရှိတယ်...
    ပင်လယ်ကမ်းခြေရှိတဲ့မြို့လေးမှာထင်တယ်
    (ထင်တယ်နော်)
    သုတ်စားလို့ရလား...
    အဟိ...
    ဟိုဟာလေ...
    ဟိုကိစ္စ ဘာလို...ဟိုလိုဖြစ်တာလဲ..
    ကျနော်တောင်မသိလိုက်ဖူး..
    ကိုဂျေ..တော်တော်နောက်တာပဲ...
    ကျနော်..အေးဆေး

    ReplyDelete
  3. စားရဲဘူး

    ReplyDelete
  4. ရ ပေါင် ရုပ်ရှင် ကြည့်ပြီးတော့မှ ပို သဘောပေါက်လာတယ။် မှတ်ချက်ထားခဲ့တာ ဂျေလား. ..ဂျေဆိုရင် သိတ်ဝမ်းသာမိမှာဘဲ။


    http://khinoomay77.blogspot.com/2009/03/seven-punds.html

    ဂျေ said...

    Jelly fish က အဆိပ်ပြင်းတယ်။ သူ့ အဆိပ်မျှင်ထိုးခံရရင် ၁နာရီအတွင်း သေနိုင်တယ်
    March 13, 2009 6:24 AM

    ReplyDelete
  5. ဟုတ်ပါတယ် မခင်ဦးမေ. ကျနော် ကော်မဲန့် ရေးခဲ့တာပါ

    ReplyDelete