Valentina Hasan's "Ken Lee"
Original Mariah Carey's "Without you"
ဘူဂေးရီးယားရဲ့ Idol ပြိုင်ပွဲမှာ Mariah Carey's song "Without you" သီချင်းကို ဘူဂေးရီးယား လေသံနဲ့  "Ken Lee (=Can't Live) " အဖြစ် ပြောင်းလဲ သီဆိုသွားတဲ့ အဆိုတော်ဟာ ဟစ်တက်ခဲ့ပါတယ်။ သူမ ရဲ့ အင်္ဂလိပ် သီချင်းကို ဘူးဂလိစ် အသံထွက်နဲ့ သီဆိုသွားတာကို စာတန်းရေးထိုး ပြသထားပါတယ်။ ဘူးဂလိစ် စာသားတွေ ဟာ ရယ်စရာ တခုလို မြူးစရာ တခုလို ဖြစ်ပြီး လူတကာ ရဲ့ စိတ်ဝင်စားမှု့ ရလာပါတယ်။ ဂီတ စတူရီယို ကုမ္မဏီ EMI ဘူဂေးရီးယား သူဌေးက သူမရဲ့ ကမ္ဘာကျော် အဆိုကျော် ဖြစ်ချင်တဲ့ အိမ်မက် ကို ဖြည့်ဆည်း ပေးတဲ့ အတွက် သူမဟာ Ken Lee အဆိုတော် အဖြစ် နာမည် ကြီးနေပါပြီ...
အစက သူမရဲ့ ဘူးဂလိစ် အသံထွက်တွေဟာ ရယ်ချင်စရာ ကောင်းလှ ပေမဲ့ အဲဒီ လို မပီကလာ ဘူးဂလိစ် က အောင်မြင်မှု့ လမ်းကြောင်းပေါ် ရောက်သွား စေတဲ့ အတွက် သူမအတွက် ဂုဏ်ယူပြီးတင် ပေးပါ တယ်။
English လိုအသံထွက်ရင် Can't Live
Buglish လိုအသံထွက်ရင် Ken Lee
Burglish ဘားဂလိစ် လိုအသံထွက်ရင် ... ဂျင်ကလိ ဖြစ်ပါတယ်။
ဂျင်ကလိအဆိုတော် တဦး ပေါ်ထွက်လာ မဲ့ အချိန်ကို မျှော်လင့်ရင်း...စောင့်စားရင်း
ပုံ
ဂျေ
ဂျင်ကလိ အေဂျင်ဆီ (သို့ မဟုတ်) ပြုံးပျော်ရွှင်ရေး အေဂျင်ဆီ
သူ့အသံက မကောင်းဘဲ
ReplyDeleteဆိုရဲတဲ့ သတ္တိရှိတယ်နော်..
ဒိုင်ထဲက မိန်းမက မယုံကြည်နိုင်သလိုလို..
လက်မခံနိုင်သလိုလို..(မျက်နှာပေးလေးက)
ရီရတယ်..
ဒိုင်က ရီတာ က အင်္ဂလိပ်လို မပီလို့ ရီတာ ပါ။ ဘူးဂရစ် အသံ ဖြစ်လို့ ပါ။ အခု ဒီအဆိုတော်က ပွဲအတော်များများမှာ စတား ဖြစ်နေပါပြီး
ReplyDelete