Friday, October 30, 2009

Health - ဟောက်သံပျောက်ထိုးဆေး


အင်္ဂလန်နိုင်ငံ လစ်ပါပူး Southport and Ormskirk NHS Trust မှ နားနှာခေါင်း အထူးကုဆရာဝန်ကြီးDr Hadi Al-Jassim က ဟောက်သံပျောက်ထိုးဆေးကို တီထွင်လိုက်ပါသည်။ တန်ဖိုး စတာလင် ၃ပေါင် သာရှိပြီး ခွဲစိတ်ရန်မလိုဘဲ ၂မိနစ်ခန့် သာကြာသော ထိုးဆေး ထိုးရုံဖြင့် ဟောက်ခြင်း သက်သာပျောက်စေပါသည်။

ထိုးဆေးတွင် sodium tetradecyl ပါဝင်ပြီး အာခေါင်အမိုးတွင် ဆေးထိုးခြင်း ဖြစ်သည်။ ထိုဆေး သည် အာခေါင်အတွင်းဖက် အသား၏ ပျော့ပြောင်းခြင်းကြောင့် (vibrating)လှုပ်ခါမှု့ မှ ဖြစ်ပေါ်လာသော ဟောက်သံ ကို ရပ်စေရန် အသားကို မာစေခြင်း ဖြစ်ပါသည်။ ဆေးထိုးပြီး တနာရီခန့် အကြာတွင် လူနာသည် ပုံမှန် စားသောက်နိင်ပါသည်။

လူနာပေါင်း ၄၀၀ ကို စမ်းသပ်အောင်မြင် ခဲ့ပါသည်။ ထိုးဆေး ထိုးထားသော လူနာသည် ဟောက်သံကြောင့် နိုးတ၀က် မနိုးတ၀က် အိပ်ခြင်း ပပျောက်သဖြင့် အိပ်ရေးဝကာ လန်းဆန်းနေသည်ကို တွေ့ ရှိရပါသည်။ အိမ်ထောင်သည်များ ၀သူများ အတွက် အလွန်တန်ဖိုး ရှိသော ဆေး ဖြစ်သဖြင့် တန်ဖိုးမဖြတ်နိုင်သော တီထွင်ချက်ဖြစ်ပါသည်။

ယခုအခါတွင် ဆရာဝန်ကြီး သည် အင်္ဂလန်တနိုင်ငံလုံးရှိ ဆေးရုံဝန်ထမ်းများကို ထိုထိုးဆေး နှင့်ပတ်သက်၍ သင်တန်းပို့ ချနေရာ မကြာခင် ကာလတွင် အင်္ဂလန်တနိုင်ငံလုံး ထိုထိုးဆေးကို အသုံးပြုလာနိုင်ပေမည်။

ဘာသာပြန်သူ ဂျေ၏မှတ်ချက်။ ။ ထိုးဆေးကို အကြိမ်မည်မျှ ထိုးရမည်မသိရသေးပါ။

ပြုံးပျော်ရွှင်နိုင်ကြပါစေ

ဂျေ

3 comments:

  1. ၀မ်းသာစရာပဲ။ ရရင်တော့ လိုချင်ပါတယ်။

    ReplyDelete
  2. ဟောက်သံပျောက် ဆေးတဲ့
    ကောင်းထှာ...
    .....
    ကိုဂျေနှစ်သစ်မှာ ပျော်ရွှင်ပါစေ..

    ReplyDelete
  3. ပျောက်နေတယ်နော် ဂျေ

    ReplyDelete