Friday, December 23, 2011

Hello Santa


If you bring presents, bring BATTERY.



























Monday, November 21, 2011

Shock or ဆော့ ?

ဒီလို ဆော့ခဲ့ဘူးသလား ?

Saturday, June 11, 2011

၂နစ်သမီး ပန်းချီဆြာမကြီး



Aelita Andre ချာတိတ်မလေးသည် အသက်၉လ အရွယ်တွင် မိဘ၂ပါး ၏ ပန်းချီဆွဲခန်းတွင် ဆော့ကစား နေလေသည်။ အနုပညာရှင် မိဘ၂ပါးက သူလေးအား ပန်းချီကင်ဘတ်ပေး ဆေးများပေးကာ ဆော့ကစား စေသည်။ ဗီကို ကြည့်လျှင်သိနိုင်ပါသည်။ သို့ သော် ကလေးတဦးအနေဖြင့် ဆော့သည် ဖြစ်စေ ပင်ကိုယ်အနုပညာဇ ပါလာသည် ဖြစ်စေ ချာတိတ်မ၏ လက်ရာ ပန်းချီကားများမှာ ပြပွဲတင်နိုင်အောင် အရည်သွေး ရှိနေလေသည်။ ပန်းချီ မြတ်နိုးသူများ အားပေးသဖြင့် ဟောင်ကောင် ပြပွဲ တခုတွင် ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး ပန်းချီကားများ ရောင်းချခဲ့ရလေသည်။ ထိုလက်ရာများမှာ သူမ အသက် ၂နစ်ခန့် က ရေးဆွဲ (ဆော့ကစား)ခဲ့ခြင်းဖြစ်ပါသည်။

ယခုအခါတွင် သူမ အသက် ၄နစ်ရှိပေပြီ။

အသေးစိတ်မှာhttp://shine.yahoo.com/event/momentsofmotherhood/4-year-old-aelita-andre-gets-her-own-ny-art-show-sells-paintings-for-27k-2494801/


ပုံ

နာမည်ကျော်ပန်းချီဆြာဂျီး (မဖြစ်လိုက်သော)
ဂျေ

ပြန်တွေးမိရင် ငယ်ငယ်က ဂျေ တကောင် နာမည်ကျော်ပန်းချီဆြာ မဖြစ်ခဲ့တာ ရှေးလူကြီး မိဘတွေက မသိနားမလည်လို့ ။

ငွေအလဟသ ကုန်တယ် ထင်လေသော မာတာမိခင်နှင့် ပီတု ဖခင်ကြီး တို့ အား လွမ်းမိပါသေးသည်။ ပီတု ဖခင်ကြီးအား ကူညီရင်း သင်္ဘောဆေးဗူး အဖုံးပိတ် ပေးရာ အတွင်းအားများသွားသဖြင့် အဖုံးကျွံကျပြီး တဂါလံ သင်္ဘောဆေး တဗူးလုံး လွှင့်ပစ်ခဲ့ရခြင်း အတွက် လွမ်းမိပါသေး၏ (ဖခင်များနေ့ အတွက် အမှတ်တရ)

Tuesday, May 17, 2011

Friend

I WILL BE THERE FOR YOU....

Wednesday, May 11, 2011

Octopus concert

Welcome to GHOST concert!

Tuesday, May 3, 2011

QUESTION & ANSWER



EXERCISE

Solve this equation. What is the result of F(x)?
X = Time and Length

Given: BUSH, OBAMA, OSAMA





SOLUTION
---------------
STEP 1. September 11, 2001 Tuesday 8:46 am – 10:28 am

B O
U S
S A
H M
. A

when x = length
F(X) = LENGTH( BUSH, OSAMA)
= 4, 5

ANSWER:
F(X) = F( OSAMA WON )
= The worldwide economic start collapse

Then... I lost the job



STEP 2. F(X) May 1, 2011

When x = length

F(X) = LENGTH( OBAMA, OSAMA)
= DRAW.

O O : Conclusion = DRAW
B S : Conclusion B > S ( B is higher in ascending order)
A A : Conclusion = DRAW
M M : Conclusion = DRAW
A A : Conclusion = DRAW


ANSWER:

F(X) = F( B WON, S DIED )
= American SUCCESSFULLY returns 9/11 horror to OSAMA



ပုံ
ဂျေ
ဒီကပါမောက္ခ
ယူနီဗာစီတီး အော့ဖ် ဘလော့စပေါ့

Wednesday, April 20, 2011

ဂလိမထိုးရ

ဘဲနဲ့ ဗျာ.. ကလေးကို ဂလိထိုးရတယ်လို့ 






ပုံ

ဒီဂျေ
ဥက္ကဌ
တိရိစ္ဆာန်များ မနှိပ်စက် မညှင်းဆဲရေး အဖွဲ့ 

Tuesday, March 22, 2011

Pantless Wushu Master




အမည်။
။ Keenan Stone
အသက် ။ ။ 20
နေရာ ။ ။University of Virginia
ရလာဒ်အမှတ် ။ ။ ၇.၇ (အများဆုံး၁၀မှတ်)
လက်တွေ့ ရလာဒ်။ ။ မြင်သူအပေါင်း ပါးစပ်မပိတ်နိုင်ခြင်း

ပုံ

ဂျေ
ဝူးရှူး ဒိုင်လူဂျီး
ယူနီဗာဆစ်တီး အော့ဖ် ကွန်ပျူတာ မျက်နှာပြင်
ဘလော့စပေါ့နိုင်ငံ

Thursday, March 17, 2011

ဘယ်သူ .... ကြောင်စာ ခိုးစားသလဲ..?



ဟ ...ဘယ်လိုဖြစ်တာလဲ .. ကြောင်စာအထုပ်က ပေါက်နေပါလား။ အင်း .. ငါအပြင်ထွက်နေတုံး တယောက်ယောက်က ကြောင်စာ ခိုးစားတာဘဲ ဖြစ်ရမယ်..

အိတ်က ကြောင်ဖောက်ထားတာနဲ့ လည်း မတူပါဘူး... အိတ်ကို ဖောက်ထားတာက ခပ်ဝိုင်းဝိုင်း အပေါက် ဖြစ်နေတော့ .. သံသယ ဖြစ်စရာ ပါလား ...

သံသယ အမှတ်(၁)... မင်းက အိတ်အခွံနဲ့ အနီးဆုံးဘဲ ... ဟေ့ မာစီ .. မင်း ခိုးစားသလား...


... အမြှီးမလှုပ်.. မျက်လုံး မမှိတ်မသုံ ဖြင့် ပြန်စိုက်ကြည့်သည်...


ငါ့ကို ကြည့်စမ်း ……

...ခပ်တည်တည်ဖြင့် ပြန်ကြည့်သည်..

မင်းလုပ်ခဲ့သလား.. အိတ်အပေါက်ရာက မင်းပါးစပ်နဲ့ တတိုင်းတည်းဘဲ...

မင်းလုပ်သလား..


... ခေါင်းစောင်း၍ မသိသလို နေသည်.. ခပ်တင်းတင်း ဖြင့် ပြန်ကြည့်သည်. ..

မင်းခိုးစားမဲ့ပုံ မပေါ်ဘူး ….

သံသယအမှတ်၂.. ဟိုတကောင်....တံခါးနားက အကောင် .. မင်းလုပ်သလား...

... အမြှီးနှံ့ ပြီး မျက်လုံးလေး မှေးစင်းကာ မကြားသလို လုပ်နေသည်။

ဒယ်န်ဗာ Denver.... မင်းလုပ်သလား

... အမြှီးနှံ့ ပြီး မျက်လုံးကို လုံးဝ မဖွင့်တော့ ဘဲ ခေါင်းလှည့်သွားသည်.. ပြနေသော အိတ်ကို ပင် ပြန်မကြည့်ဘဲ ခေါင်းငုံ့  မျက်စိမှိတ်ထားသည်..

ဒယ်န်ဗာ Denver.... ဒါ မင်းလုပ် ခဲ့တာလား..

... ခေါင်းလေး ငုံသွားသည်...


ဒယ်န်ဗာ Denver........ ငါ့ကို ကြည့်.....


မင်းလုပ်သလား..

... ခေါင်းလေး ငုံသွားသည်... ၀မ်းနည်းနေသလို ငိုနေသလို လို .....

ဘာ ......

ဒယ်န်ဗာ Denver.... မင်းခိုးစားသလား.. ငါ့ကို ကြည့်...


….ခေါင်းမဖော်ပါ.. ခေါင်းငုံ နေရှာသည်.. ကြောက်ရွံ့  နေသည်။

ဟေ့ မေးနေတယ်လေ.. ဒယ်န်ဗာ Denver....ငါ့ကို ကြည့်..

ငါ့ကို ကြည့်လို့ ပြောနေတယ်.....

...... တဖြည်းဖြည်းဖြင့် ခေါင်းမော့ကာ မျက်လုံး မဖွင့်ရဲဘဲ ပြုံးဖြဲဖြဲ ဖြင့် သွားဖြဲပြသည်...

အိုး ဘုရားရေ..... မင်းလုပ်တာပေါ့

...... မျက်လုံး မှေးစင်းကာ ကြည့်ပြီး သွားဖြဲ ပြသည်... အရသာ ကောင်းကြောင်း နှတ်ခမ်းကို လျှာဖြင့် ထပ်လျက်ပြသည်။

မင်း ခိုးစားခဲ့တာဘဲ...

မင်း ကြောင်စာ ခိုးစားတယ်ပေါ့..

တထုပ်လုံး ကုန်အောင် စားသလား..

ငါ့နှယ် မယုံနိုင်လောက်အောင်ဘဲ…

...... မျက်လုံး မှေးစင်းကာ ကြည့်ပြီး သွားဖြဲ ပြသည်...

်မင်း.. ကြောင်စာ ခိုးစားတယ် ... မင်းမရှက်ဘူးလား .. ဒါခွေးစာ မဟုတ်ဘူး...


.. တဖြည်းဖြည်းဖြင့် ပြုံးရာမှ.. ငိုသလို ဖြစ်လာသည်။ မချိသွားဖြဲပြသည်... သူခိုးစားခြင်းအတွက် ၀မ်းနည်း လာသည် သခင်အား ၀မ်းနည်းစွာဖြင့် ကြည့်သည်...

ကောင်းပြီ.. မင်းအပြစ် မင်းသိတယ်နော်...

မင်းဘယ်လို အပြစ်ဒဏ်ခံရမယ် ဆိုတာ သိတယ်နော်... အပြင်မှာ မနေနဲ့ ... သွား …. မင်းခွေးအိမ်ထဲ မင်းဝင်နေတော့...

အမြှီးလေး ကုပ်ကာ ဧည့်ခန်းထဲမှ တဖြည်းဖြည်း ထွက်ပြီး ခွေးအိမ်လေး ရှိရာ အခန်းထဲ ၀င်သွားသည်…


ဟိုတကောင်... မာစီ .. မင်းက ဒယ်န်ဗာလုပ်တာကို ကြည့်နေ တယ်ပေါ့လေ.. ဟုတ်လား .. ဒါဆို မင်းလဲ အတော် ပျော်နေတယ် လို့ ယူဆတယ်..