လောလောဆယ်မှာ လူတွေ ဖြစ်နေကြတာ ပြောရရင် ..
စာရေးသူ ဘယ်အမျိုးအစားမှာပါသလဲဆိုတဲ့ ပြသနာပါ။
စာရေးသူအနေနဲ့  lady or Gentleman ဆိုတာမရှိပါဘူး။
ကိုဂျေ ခေါ်သလို မဂျေခေါ်လည်း ရပါတယ်ဗျာ unisex ဆိုပါတော့
ှသေချာတာက neither gay nor lesbrian အခြောက်မဟုတ်သလို ယောက်ျာရှာ မဟုတ်ပါဘူး
(ဂျီပုံး မဟုတ်သလို နှာဘူးလည်း မဟုတ်ကြောင်း အသိပေးလိုပါသည်)
သက်မဲ့စာလုံးတွေ ဘာသာပြန် ရေးသူဘဲဖြစ်ပါတယ်။ ကိုယ်ဖတ်မိတဲ့ အကြောင်းအရာ ကိုယ်သိတဲ့ အကြောင်းအရာ လေးတွေ ဝေငှပေးချင် တာကြောင့် ယခုဘလော့ ပေါ်လာခြင်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန် အကြောင်းကလွဲပြီး စိတ်ကြည်နူးစရာ ဘဲ ရေးတင်ပါတယ်။ ဒါ့ကြောင့် လာဖတ်သူ မှန်သမျှ စိတ်၏ချမ်းသာခြင်း ဖြစ်စေချင်တာကြောင့် စာရေးသူအနေဖြင့် UNISEX ဆိုတာကို ဘဲ ဖေါ်ပြလိုပါတယ်။
တခုတော့ရှိပါတယ် စီဘောက်မှာ ကိုယ်နဲ့ မအပ်စပ်တာတွေ့ ရင် ဖျက်ရပါမယ်။ အကြောင်းမှာ အားလုံးကို စိတ်ချမ်းသာ စေချင်သလို ကိုယ်ကိုယ်တိုင် စိတ်ချမ်းသာအောင် နေချင်လို့ ပါဘဲ။
အားလုံးပြုံးပျော်နိုင်ပါစေ
(စာဖတ်ပြီးသူအားလုံး ပြူးကျယ်သွားမယ် ထင်ပါတယ်။ ပြူးခဲ့ရင် ပြူးလက်စ နဲ့ နောက် တခေါက် ဘလော့ ကို အစအဆုံး လေ့လာလိုက်ပါ။ ပြူးနေသည့် မျက်လုံး အစုံမှ ထွက်လာသော မျက်ရည်နှင့် ကျယ်နေသော ပါးစပ်မှ ထွက်လာသော အသံများအတွက် တာဝန်မယူပါ) (10/22/2007)
No comments:
Post a Comment