ဒီတခါတော့ လေပေါတဲ့မောင် ပါ... ဒသဂီရိရဲ့ Genes ပါတယ် ထင်တယ်ဗျ
kitten
ဒီကြောင်က တော့ ပါးစပ်တခုထဲက ဘဲ အစာစားပါတယ်။ အော်မြည်တဲ့ အခါမှာတော့ ပါးစပ်၂ခု စလုံးက အသံထွက်ပါတယ်။ Perth, Western Australia မှာ သားဖွားသည် နဲ့ ခည။ နပ်စ်မ က Nurse Louisa Burgess, တိရိစ္ဆာန် ဆရာဝန်က George Huber နဲ အပီအပြင်မွေးတာပါ။ လူမသိ သူမသိ မဟုတ်ပါဘူး။
Mr Men or Quasi Modo လို့ နံမည် ပေးဖို့ ကြံရွယ်ထားသဗျ။ ခင်များတို့ နံမည် လေးနဲ့ မှည့်စေချင်ရင် InMyCommunity.com.au ကို ကလစ်ပြီး စုံစမ်းကြည့်ပါလား ကျနော်ပြောတယ်လို့ မပြောနဲ့
Two-faced kitten
ပုံ
ဂျေ
ဒသဂီရိစုံစမ်းထောက်လှမ်းရေးဌာန
ကွန်ပျူတာရှေ့








ယခုဘလော့ပေါ်တွင်ရှိသော ပုံများသည် သတင်းစာများမှ ဖော်ပြထားခြင်းဖြစ်ပါသည်။ တချို့ မှာ သဘာဝအတိုင်း ခြေများ ခေါင်းများ ခြင်းဖြစ်သော်လည်း တချို့ မှာ သုတေသနနှင့် ခြံများတွင် ပိုမို ကောင်းမွန်သော မျိုးစပ်ရာမှ သဘာဝထက်လွန်ပြီး သန္ဓေသားများ အမွှာများ ပေါင်းစပ်သွားခြင်း ဖြစ်ပါသည်။
စာရေးသူငယ်စဉ်က ဖတ်ခဲ့ရသော သိပ္ပံစာစောင်၊ သုတစွယ်စုံ နှင့် မဂ္ဂဇင်းများတွင် ထူးဆန်းသော အဖြစ်များစွာ အနက်မှ အမေရိကန်သူ မိန်းခလေးမှာ မွေးရာပါ လက်၎ဘက် ပါရှိပါသည်။ လက်၂စုံမှာ အထက်အောက် ဆင့်နေသဖြင့် ကုလားဘုရားတချို့ တွင်ရှိသော ပုံတော်များအတိုင်း ဖြစ်ပါသည်။ သူမ ငယ်စဉ်အခါက အစနောက် ခံရသဖြင့် ငိုကြွေးခဲ့ရသော်လည်း အသက်ရွယ် ရသောအချိန် ဘတ်စကက်ဘော အသင်းတွင် ၀င်ကစားတွင် လက်၎ဘက်ဆုပ်ကိုင်ထားမှု့ ကြောင့် သူမလက်ထဲရှိ ဘောလုံးကို မည်သူမှ ဖြတ်ထုတ်မရ သဖြင့် သူမ၏အသင်း သည် ပြိုင်ဘက်ရှား နိုင်ခဲ့ပါသည်။ ပြိုင်ဘက် အသင်းများက ကန့် ကွက် သော်လည်း ဒိုင်လူကြီးများက လက်ခံသဖြင့် လက်များခြင်း ၏ အကျိုးကျေးဇူးခံစားရကာ နံမည်ကြီး လူချစ်ခင်မှု့ ပေါများ သွားခဲ့လေသည်။ သို့ သော် သူမအကြောင်းကို နက်ပေါ်တွင် ရှာဖွေမရပါသောကြောင့် စာရေးသူ၏ ပုံပြင်လေးကိုသာ ဖတ်ရှုပါလေ ဟု ပြောရပါတော့မည်။
ထူးဆန်းသော တခြားပုံများရှိသော်လည်း သံသယဖြစ်သဖြင့် မဖော်ပြပါ။ စိတ်ဝင်စားပါက http://www.freakingnews.com/Two-Headed-Animals-Pictures--1282-0.asp တွင် ကြည့်နိုင်ပါသည်။ (2/21/08)
4/30/08
တစ်မျိုးတော့တစ်မျိုးပဲ.. ထူးဆန်းတယ်နော်.. :)
ReplyDeleteအားလုံးထဲမှာတော့ ၀က်ခြေများတာ ပိုကောင်းတယ် ၀က်ခြေထောက်စွပ်ပြုတ်အတွက်...
ReplyDeleteThis comment has been removed by the author.
ReplyDeleteinteresting, but
ReplyDeleteထူးပါပေ့ ဆန်းမှဆန်း ထူးဆန်းရယ်တဲ့ထွေလာ...
ReplyDeleteမျှဝေပေးလို့ ကျေးဇူးပါ..
ခုတော့ တိရိစ္ဆာန်လေးတွေကို ချစ်တတ်နေပါပြီဗျာ...