မိန်းခလေး သုံးယောက် တပြိုင်နက်မိခင်ဝမ်းထဲက မွေးဖွားပါတယ်။ ဒါပေမဲ့ သုံးမွှာပူးမဟုတ်ဘူး။
(ဓါတ်ပုံပေါ်တွင် ကလစ်လုပ်ပါက ပုံအကြီးမြင်ရပါမည်။ Photo & Reference - ဒေးလီးမေး)
သူမ၏ ပထမသားအိမ်အကြီးတွင် ၂မွှာပူးကလေး Ruby and Tilly သနွေတည်ပြီး ထိုသားအိမ် ၏ အောက်ဘက်ရှိ ဒုတိယသားအိမ်အသေးလေးတွင် Gracie မိန်းခလေးတဦး ကို တပြိုင်နက်တည်း သနွေတည်လေသည်။ ဆရာဝန်များက ကလေးများ မိခင်ဝမ်းဗိုက်ထဲတွင် ကြပ်တည်းနေသဖြင့် ကလေးတချို့ ကို ဖျက်ချရန် အကြံပေးသော်လည်း သားသမီးများ ကို မသတ်ရက်သော မိခင်စိတ်ဖြင့် သူမကိုယ်တိုင် စိတ်ပင်ပန်းမှု့  နာကျင်မှု့ များကို ကြံ့ကြံ့ခံ ကာ မွေးဖွားခဲ့ပေသည်။
မိန်းခလေး၃ဦးစလုံးမှာ ၂၉ပတ် ၅ရက်ကြာ မိခင်ဝမ်းတွင်းတွင် နေခဲ့ပြီး Bristolမြို့ နယ် Southmead Hospital တွင် မွေးဖွားခဲ့ပေသည်။
Ruby and Tilly မှာ မျိုးအောင်သားဥတခုမှ သနွေ၂ခုကွဲသွားပြီး ခွဲမရအောင် ရုပ်တူသော အမွှာပူး ဖြစ်လေသည်။ ကျန်တဦးမှာ မျိုးအောင် သားဥ တခုဖြစ်သည့်အပြင် သားအိမ်သီးသန့် တွင် တည်သဖြင့် Gracieမှာ အမွှာ၂ဦးနှင့် ရုပ်ချင်းမတူပေ။
အနစ်၁၀၀အတွင်းတွင် အမျိုးသမီး၇၀ခန့် သာ သားအိမ်၂ခုပါရှိပြီး ယခုကဲ့သို့  အမွှာပူးနှင့် တယောက်ကို သားအိမ် ၂ခုစလုံးတွင် တပြိုင်နက်တည်း သနွေတည်ရ်ျ မွေးဖွားခြင်းမှာ အလွန်ထူးခြားလှပေသည်။
No comments:
Post a Comment