မနက် ၇နာရီရောက်သည်နှင့် မိုးအုံလာပါသည်။ စက်လှေပေါ် တက်သည့် အချိန်တွင် မိုးစတင်ရွာပါတော့သည်။ သွားရာ လမ်းတလျောက်တွင် ရေမြုပ်နေသော ဓနိတောများ၊ ကျိုးပြတ်နေသော အုန်းပင် ထန်းပင်များ ပျက်စီးနေသော တဲပျက်များ ရေပေါ်ဘောလောမျောနေသော အိမ်တိုင်များ ပြည့်နှက်နေပါသည်။ ခရီး အတန်ငယ် ရောက်သောအခါ ချောင်းဘေးတွင် ဓနိတောများ များလာသည့်အတူ လူနှင့် တိရိစာန်များ၏ ရုပ်ကြွင်းများ ဓနိတောထဲတွင် ပေါလောပေါ်နေသည်ကို တွေ့ ရပါတော့သည်။ ပုံမှန်အားဖြင့် ရေနစ်သူများသည် ၄ရက်တွင် ရေထဲ မြုပ်သော်၎င်း အသားများ ကြေပျက်သွားသော်၎င်း ဖြစ်သော်လည်း ပင်လယ် ဆားငံရည် ကြောင့် ငါးပိသိပ်သကဲ့သို့ ဖြစ်ကာ လူ့ အသားများသည် အညိုရောင်မှ ဒိန်ခဲ ထောပတ်အ၀ါရောင်ဖျော့အရောင် ပြောင်းသွားကြပါသည်။ ရုပ်ကြွင်းများပုံကို မတင်လိုသော်လည်း မေးလ်ပို့ ပါက ပို့ ပေးပါမည်။ ပြင်စလူအနီး ၀ဲဂလှိုင်ထဲတွင် ရုပ်ကြွင်းများ ရာချီထပ်နေသည်ကို မှတ်တမ်းမတင်လိုက်ရပါ။
ထိုအချိန်တွင် ရာသီဥတု မကောင်းသော်လည်း အတင်းအကြပ် သေနတ်ချိန်ပြီး မော်တော် ပေါ်တက် ခိုင်းပြီး ပြန်လွှတ်ရာတွင် ရာသီဥတု ဆိုးဝါးမှု့ ကြောင့် မော်တော်၎စီးစလုံးမြုပ်ပြီး လူပေါင်း၂၀၀၀ ကျော် သေဆုံးမည်ဟု ရွာခံများက ပြောပြ ကြပါသည်။
ရေမြုပ်သွားသော ၂ထပ်သင်္ဘောကြီးဓါတ်ပုံကို ရိုက်မိနိုင်လိုက်ပါသည်။ သို့ သော် ရိုက်ထားသော ပုံများ ပျက်စီးသွားသောကြောင့် နောက်ပိုင်းရရှိမှ ထပ်မံတင်ပေးပါမည်။
အတိုချုန်းပြောရသော် ဒုက်ခသည်များအတွက် စားစရာ ဆန်၊ မိုးတွင်းရောက်ပြီဖြစ်သဖြင့် အမိုးအကာ၊ ဆေးဝါး အဓိက လိုအပ်ပါသည်။ မိုးရွာသဖြင့် သောက်ရေအတွက် သူတို့ ဖန်တီးနိုင်ပါသည်။ အ၀တ်အထည်များ ဝေငှထားပြီး ဖြစ်သဖြင့် လျှူလိုသော် လျှူနိုင်ကြပါသည်။ အရေးကြီးသော အရာမှာ ဆေးဆန်နှင့်အမိုးအကာများ ဖြစ်ပါသည်။
သို့ ဖြင့် ဇွန် ၄ရက်နေ့ တွင် အလျူတခုထပ်မံပြီးမြောက်ခဲ့ပါသည်။
စာဖတ်သူများ အားလုံးကို အမျှဝေပါသည်။
အမျှ အမျှ အမျှ
ဘိုကလေးမြို့ နယ် မုန်တိုင်းခံခဲ့ရသော ရွာငယ်ကလေးများသို့  ဇွန် ၃-၅ရက် အထိ သွားရောက်လျူဒါန်းခြင်း ပြီးမြောက်ပါသည်။ ဇွန်၅ရက်တွင် အဖွဲ့ သားများ တပူးပေါင်းတည်းမပြန်သဖြင့် ၀မ်းနည်းစွာနှတ်ဆက် လမ်းခွဲခဲ့ ကြပါသည်။
အပိုင်း ၁၊၂၊ ၃ ကို ဓါတ်ပုံများနှင့် ပြန်လည် ဖြည့်စွက်ထားပြီး ဖြစ်ပါသည်။ မြန်မာပြည်မှ ဘလော့ကာများအတွက် မေးလ်ဖြင့် ပို့ ပေးပါမည်။ ထပ်မံ ဖော်ဝဒ်ဖြင့် ဖတ်လိုသူများအားဝေငှပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာသည် မိမိဝမ်းစာထဲမှ အလျူကို ကိုယ်တိုင် ကိုယ်ကြ ပေးချင်လွန်းသဖြင့် ဘာညာလေး၏ ဘိုကလေး သွားမည့် အစီအစဉ် သိရသည့် မိနစ်ပိုင်းအတွင်း အရောက်သွားမည်ဆုံးဖြတ်ပြီး သွားခဲ့ခြင်းဖြစ်ပါသည်။ ဘာညာလေးတို့ ၏ စေတနာ အဖွဲ့ ဝင်များကျေးဇူးကြောင့် အလျူ ဖြစ်မြောက်ခဲ့ရပါသည်။ သူတို့ စေတနာ အဖွဲ့ မှာ အလျူငွေ၊ အလျူပစည်းရသည့် နောက်တနေ့ တွင် ချက်ချင်း သွားရောက်လျူဒါန်းခြင်းဖြစ်ကြောင်း မျက်မြင်သိရှိ ခဲ့ရပါသည်။
ယခုအထိ ရွာသားများ၏ အစာရေစာ ငတ်မွတ်မှု့ ၊ ဆေးဝါးမလုံလောက်မှု့ ၊ အမိုးအကာမရှိမှု့ များ သိနေရသဖြင့် လွန်စွာဝမ်းနည်းရပါသည်။ ဆောင်းဟေမာန် ခေါ် မာ့အနေဖြင့် စာဖတ်သူများအား ရွာသားများ၏ အသက်ကယ် ပေးကြပါရန် မေတ္တာရပ်ခံလိုပါသည်။ ဖြစ်နိုင်ပါက အောက်ပါ ဘလော့ကာများသို့ အလျှူငွေသော်၎င်း ဆေး အစာများ ပို့ ၍၄င်း ရွာသားများအား ကယ်ဆယ်ပေးလိုပါသည်။
ဘာညာ barnyar.demo@gmail.com
ဘာလာဂေါက် zzml33@gmail.com
(သူတို့ ထံမှ ပြန်စာမရပါက အောက်ပါအဖွဲ့ ဝင်များကိုလည်း ဆက်သွယ်လျှူဒါန်းစေလိုပါသည်။
ပင့်ဂိုးလ် cuttiepinkgold@googlemail.com
ဖိုးသူတော် phoethudaw@gmail.com)
ကျေးဇူးတင်စွာဖြင့်
မာ ( ဂျေအဖွဲ့ ဝင် )
No comments:
Post a Comment