အခု ၇နစ်ရှိတဲ့ ကော်နီတဲဘုတ် Connie Talbot နဲ့  ၅နစ်သမီး ယူရန်း with Yoo Ye Eun တို့ တွဲပြီး သီချင်းလေးတပုဒ်ဆိုခဲ့တာ ကြည့်ကြရအောင်. ကော်နီတဲဘုတ်ရဲ့ အကြောင်းကိုအောက်ဘက်မှာ ဆက်ဖတ်ပါ။
ယူကေမှာ Britain got Talentဆိုတဲ့ ပြိုင်ပွဲမှာ ၆နစ်သမီးလေး ကော်နီ တယ်ဘုတ် က ချစ်စဘွယ် ၀င်ပြိုင်ခဲ့ပါတယ် လုံးဝမထင်ထားတဲ့ အေးမြတဲ့ အသံ လေးနဲ့  တကမ္ဘာလုံးက နားထောင်တဲ့ ပရိဿတ်ကို ဆွဲဆောင်သွားတာပါ။ ကံဆိုးချင်တာက သူ့ ထက် အဆများစွာ အသံအောင်လွန်းတဲ့ သူ ပေါပေါ့ပ် ကို ရှုံးသွားပေမဲ့ လူတိုင်းရဲ့ အသဲထဲမှာ အေးမြတဲ့ သံစဉ်လေးတွေ စွဲညှိစေခဲ့ပါတယ်။
သူမကို ဘယ်သူမှ သီချင်းဆိုပုံ မသင်ပေးပါဘူး။ သူ့ အမေက ပေါင်၄၀တန် ကာရာအိုကေ စက်တလုံးဝယ်ပေးပြီး သူ့ ဖာသာ အဆိုလေ့ကျင့်ပါတယ်။ သူသီချင်းစဆိုတာ က ၁နစ်လောက် ကထဲက ပါ။ ၃နစ်သမီးအရွယ်မှာ သူ့ အဖွား (နာနီ) နေမကောင်းတော့ သူက သီချင်းဆိုပြီး ရောဂါတွေ သက်သာအောင် ဖေးမပေးပါတယ်။ သူ့ အဖွားဆုံးတော့ သီချင်းဆိုပြီး နှတ်ဆက်ပေးခဲ့ပါတယ်။
၎နစ်အရွယ်မှာ ရှော့ပင်စင်တာထဲက သီချင်းဆိုပြပွဲမှာ တက်ဆိုချင်တာ ပေးမဆိုလို့ အာဗြဲကြီးနဲ့ ငိုတာ ပြိုင်ပွဲကြီးကြပ်ရေးအဖွဲ့ ကကြားလို့  သူမကို ဆိုခွင့်ပေးရာမှ ဆုရခဲ့ဘူးပါတယ်။
သူမ ရဲ့ အယ်ဘမ် က နိုင်ငံတချို့ မှာ အရောင်းအကောင်းဆုံးအထိ အောင်မြင်ခဲ့ပါတယ်။
No comments:
Post a Comment