Thursday, July 10, 2008

Funny - Ambulance constructed by Bird

မနက် ၅နာရီခွဲ ပြီ... ဟော ဆေးရုံကားလာပြီ....

Weston Super Mare, Somerset တွင် ဆက်ရက်လေး တကောင်မှာ ဆေးရုံ လူနာတင်ကား အသံတု၍ အော်ဟစ်နေရာ ယင်းရှိရာ အနီးနား မှ လူများ အိပ်ရေး ပျက်ကြရပါသည်။ ထိုနေရာ သည် ဆေးရုံနှင့် မဝေးလှ သဖြင့် ငှက်ကလေးမှာ ဆေးရုံတင်ကားအသံကို တု၍ အော်နေလေသည်။

မနက် ၅နာရီခွဲသည်နှင့် အိမ်တအိမ်၏ ခြံတွင်း သစ်ပင်ပေါ် (သို့ မဟုတ်) ပြူတင်းပေါက်တွင် နားပြီး အော်နေရာ ထိုမိသားစုမှာ အိပ်ကောင်းခြင်း မအိပ်ရသည်မှာ ၄လ ကျော်ပြီဖြစ်သည်။ အိမ်ရှင်အမျိုးသားက လေချွန်ရာ ငှက်ကလေး မှာ ပြန်လည် လေချွန်လိုက် လေသည်။ ပထမ ကြားခါစတွင် အသံတူအောင် တုသည်မှာ ချစ်စရာ ကောင်း ထူးဆန်းစရာ ကောင်း ရီစရာ ကောင်း သော်လည်း လနှင့်ချီလာ သောအခါ မိသားစုများ အိပ်ရေးပျက် နားညည်းနေရပေသည်။

ဆေးရုံတင်ကားအချက်ပေးသံ၊ ကားဟွန်းသံ၊ လေချွန်သံ၊ လက်ကိုင်ဖုံးမြည်သံ စသဖြင့် အသံတုနိုင်လေသည်။
ထိုငှက်ကလေး၏ ဆေးရုံတင် လူနာတင်ကားသံ တုသည်ကို နားထောင်လိုပါက အောက်ပါလင့်ကို ကြည့်ပါ


http://www.thesun.co.uk/sol/homepage/news/article1406586.ece




ဗွှီဖြင့် ပြန်ရိုက်ထားသဖြင့် အသံမှာ ပြတ်သားမှု့ မရှိပါ. သို့ သော် ငှက်ကလေး၏ ဆေးရုံကား မောင်းသံ ကားဟွန်းတီးသံများကို ကြယ်လောင်စွာ ကြားရပေမည်။

စာမှီး The Sun, UK

No comments:

Post a Comment