သဘာဝ ဆိုတာ မလွန်ဆန်နိုင်ပါဘူး။ အချိန်က စကားပြောပါလိမ့်မယ် ဆိုတဲ့ အတိုင်း ဘယ်လိုဘဲ ထိန်းကွပ် စောင့်ကြပ်ပေမဲ့ သဘာဝအတိုင်း ဖြစ်ကြရပါတယ်။
ငှက်ပြပွဲမှာ ပြနေတဲ့ ဇီးကွက်တကောင်ဟာ အမြင့်ပေါ်က ပျံလာပြီး ခြေသည်းသဲ နဲ့ ကုပ်ယူလာတဲ့ အကောင်လေး ကို အကောင်လိုက် မြိုချလိုက်တဲ့ အဖြစ်က သဘာဝ မထူးဆန်းတဲ့ အရာပါ။
ကမ္ဘာ့ အကြီးဆုံး ဇီးကွက် Poppy, a four-year-old European Eagle Owl, ဖြစ်ပြီး စောင့်ရှောက်ရေး ဌာန က မျိုးဆက် မပြတ်စေဖို့  ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါတယ်။ ဇီးကွက်ပိုင်ရှင် Allan Gates က ဒီဇီးကွက် ကို ဥ က ပေါက်ကထဲက ခုတ်ထစ် ထားတဲ့ ကြက်သားနဲ့  ကျွေးပြီး လှောင်အိမ်ထဲ မှာ ထဲ့မွေးခဲ့တဲ့ ငှက် ဖြစ်ပါသတဲ့။
ပြပွဲရောက်လို့ သူကို လှောင်အိမ်ထဲ က ထုတ်လိုက်တာနဲ့ ဘဲ။ သူ့ ပိုင်ရှင် ကို အနားကပ်မခံတော့ပါဘူး။ အမြင့်ကို ပျံပြီး ၀ဲနေပါသေးတယ်။ နောက် ရုတ်တရက် တခုခုကို ထိုးသုတ်လိုက်ပါတယ်။
အံ့သြစရာကောင်းတာက သူဖမ်းခဲ့တဲ့ အကောင်လေးဟာ ရှာမှ ရှားတဲ့ weasel တိရိစာန်ဖြစ်ပါတယ်။
သူ့ အတွက်တော့ သူဘယ်လိုဘဲ အသက်မဲ့ အသားတုံးကျွေးခဲ့ ကျွေးခဲ့၊ လှောင်အိမ်ထဲ ဘယ်လိုဘဲ ထဲ့ထားထဲ့ထား၊ ဇီးကွက်တို့ ရဲ့ သဘာဝ အတိုင်း အသက်ရှိ အကောင်ငယ်လေးတွေကို ဖမ်းစားပြခဲ့ပါတယ်။
်ဥရောပ သိန်းဇီးကွက် ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်ပြီး ယုန် နှင့် ဒရယ်ပေါက်များကို ဖမ်းစားတဲ့ အသားစားငှက် ပါဘဲ။
စာမှီး ဒေးလီးမေးလ် ယူကေ
No comments:
Post a Comment