Sunday, August 3, 2008

Funny - Animal ငတက်ပြား ၀င်စားလေရော့လား

ခေါင်မိုးပေါ်ကြည့် .... တကိုယ်လုံး အဖြူရောင်နဲ့ အကောင် ..

ဘာကောင်ထင်လဲ

ဇင်ယော်ထင်မလား။ ဗျိုင်းထင်မလား။ မှားသွားပြီ အကြီးအကျယ် မှားသွားပြီ



ငါ ဟဲ့ ငသိုး တခါ ခုန်လိုက်မယ်
ခေါင်မိုးပေါ် ရောက်ရော့ လဟယ်..


ငတက်ပြားဝင်စား သော သိုးဖြစ်ပါတယ် ခင်များ



အုပ်ကြွတ်ပြား ခင်းထားသော ၂ထပ်အိမ် ခေါင်မိုးပေါ်တွင် ပေါက်နေသော မြက်အပင်လေး ကို စားရန် ခုန်ပျံ တက် ရောက် သွားသော သိုးငယ်လေး ကို ကယ်ဆယ်ဖို့  မီးသတ်သမားများက ကြိုးစား သော်လည်း သကောင့်သား ဒင်းက ပုလိပ် လိုက်ဖမ်း သည် ထင့်။ အိမ်ဘေး က ခေါင်မိုး ပေါ် သို့ ထပ်မံ ခုန်တက် သွား လေသည်။

ထိုအခါ သိုးတက်ပြားမှာ ကျိုးတက်ပြား အဖြစ် မြေပေါ်သို့ ပြားပြားဝပ် ကားလျားဖြစ်အောင် ပြုတ်ကျပြီး ခြေကျိုးသွားလေသည်။

ဘိုလိုပြောရရင် ၀ုဒီးဝုဒ် ပက်ကာ (Woody wood packer)မဟုတ်ပါဘူး ၀ူးလီးဝူး ဂျန်ပါ (woolly wool jumper) ပါခင်များ ။

သိချင်ရင် Harrogate, North Yorks ကို သွားကြည့်.. တခုတော့ကြိုမှာထားမယ် ....... ဦးထုပ်ဆောင်းသွား ... မဟုတ်ရင် ခင်များ တို့ ခေါင်းပေါ် ခုန်တက်သွားမယ်။

ကျနော်ကတော့ ဒီကောင့်ကို အိုလန်ပစ်မှာ သွင်း ပြိုင်ခိုင်းချင်တာဘဲ ဒုတ်မပါ အလွတ် ခုန်ပွဲ မှာ ပထမဆု ရမှာ သေချာတယ်။

စာမှီး ဒေးလီးမေး

2 comments:

  1. ဘယ်မှာသွားကြည့်ရမှာလဲ? Links ပေးဦးလေ။

    ReplyDelete
  2. Harrogate, North Yorks , UK hee hee

    ReplyDelete