ဘာကောင်ထင်လဲ
ဇင်ယော်ထင်မလား။ ဗျိုင်းထင်မလား။ မှားသွားပြီ အကြီးအကျယ် မှားသွားပြီ
ငါ ဟဲ့ ငသိုး တခါ ခုန်လိုက်မယ် ခေါင်မိုးပေါ် ရောက်ရော့ လဟယ်..
ငတက်ပြားဝင်စား သော သိုးဖြစ်ပါတယ် ခင်များ
အုပ်ကြွတ်ပြား ခင်းထားသော ၂ထပ်အိမ် ခေါင်မိုးပေါ်တွင် ပေါက်နေသော မြက်အပင်လေး ကို စားရန် ခုန်ပျံ တက် ရောက် သွားသော သိုးငယ်လေး ကို ကယ်ဆယ်ဖို့  မီးသတ်သမားများက ကြိုးစား သော်လည်း သကောင့်သား ဒင်းက ပုလိပ် လိုက်ဖမ်း သည် ထင့်။ အိမ်ဘေး က ခေါင်မိုး ပေါ် သို့ ထပ်မံ ခုန်တက် သွား လေသည်။ဘိုလိုပြောရရင် ၀ုဒီးဝုဒ် ပက်ကာ (Woody wood packer)မဟုတ်ပါဘူး ၀ူးလီးဝူး ဂျန်ပါ (woolly wool jumper) ပါခင်များ ။
ကျနော်ကတော့ ဒီကောင့်ကို အိုလန်ပစ်မှာ သွင်း ပြိုင်ခိုင်းချင်တာဘဲ ဒုတ်မပါ အလွတ် ခုန်ပွဲ မှာ ပထမဆု ရမှာ သေချာတယ်။
စာမှီး ဒေးလီးမေး
ဘယ်မှာသွားကြည့်ရမှာလဲ? Links ပေးဦးလေ။
ReplyDeleteHarrogate, North Yorks , UK hee hee
ReplyDelete