Paul Ives ဆိုသူသည် အလုပ်မှ အပြန်... အိမ်ခြံတွင်းသို့ ခြေလှမ်းမိ သော အခါ... ဒန့်  ဒန့်  ဒန့် ...
သခင်ကို မငဲ့ညှာဘဲ ဖိနပ်သဲကြိုး သည် တံခါးဝနှင့် နှစ်ပါးသွား အကြည်ဆိုက် နေရာ သူခိုးသည် ၀က်သားကင်ဆိုင် တွင် မော်ဒယ်ဘွိုင်း ကဲ့သို့  တနေကုန် ပဲပေး နေရပါသည်။ သူ ဖောက်ထွင်း လိုသည့် အိမ်၏ အိမ်ကြီးရှင် မှ ညှာတာ သနား ဂရုဏာ မေတ္တာကြောင့် ရောက်ရှိလာသော ပုလိပ်နှင့် ဆေးမှုးတို့ ၏ တန်ခိုးတော် အရှိန်အ၀ါ တို့ကြောင့် ဒင်း၏ ဖိနပ်သဲကြိုး နှင့် တံခါးဝတို့ ချစ်ခြင်းကို အတင်းကာရော ခွင်းလိုက်ပြီး သကာလ.. မြေပြင်ပေါ် ခြေတင် လိုက်နိုင်ပါသည်။
သို့ သော် ....... သူ၏လက်သည် အိမ် ပြူတင်းပေါက် ကို ရိုက်ခွဲခဲ့သော တူတစ်ချောင်း ကို လက်လွတ်မခံ သစ္စာရိ
စွာ စွဲမြဲစွာ ကိုင်ထားရှိမှု့ ကြောင့် ဖောက်ထွင်းမှု့ သက်သေ အဖြစ် ဖမ်းချုပ်နိုင်လိုက်ပါသည်။
ဒါနဲ့  စကားမစပ်ဗျာ နန့် နန့် ထတဲ့ဖိနပ်နဲ့  သဲကြိုးဟာဖြင့် Pearce တံဆိပ်ပါ၊ ကြုံရင် ၀ယ်စီးပြီး ဆပ်ကပ်ပြချင်သူတွေ အတွက်ပါ...
မှီငြမ်း ။ ဒေးလီးမေးလ် ယူကေ
အဓိပါယ်မပေါ်သူများအတွက် စကားပြေရှင်းလင်းချက်မှာ... ဖောက်ထွင်းဝိဇ္ဇာ အိမ်တွင်းခိုးဝင်ရန် ကြိုးစားစဉ် ဖိနပ်သည် အ၀င် တံခါးဝနှင့် ညှိနေသောကြောင့် တနေကုန် အိမ်ရှင် ပြန်အလာ စောင့်ပြီး ပုလိပ်နှင့် ဆေးမှုးတို့  က ကယ်တင်လိုက်ရခြင်းကို ဟာသ နှော၍ ရေးထားခြင်းသာ ဖြစ်ပါကြောင်း..
No comments:
Post a Comment