အဝေးအနီး ကြည့်နိုင်သော ဇီဝ မျက်ကပ်မှန်ကို ၅နစ်အတွင်း အသုံးပြုနိုင်တော့မည်။ နာရီဝက် ကြာ ခွဲစိတ် ကုသ ရပြီး မျက်လုံးတွင် cataracts အတွင်းတိမ် ဖြစ်ပွားလာမည် မဟုတ်ဟု ဗြိတိသျှ သိပ္ပံ ပညာရှင်များက ပြောကြားသည်။
ပါမောက္ခ James Wolffsohn ကပြောကြားသည်မှာ အဝေးအနီး ကြည့်နိုင်သော သဘာဝ ဇီဝ မျက်ကပ်မှန် ထွင်ခြင်းသည် အသက် ၄၅နစ် ကျော်သူများ အတွက်အလွန် ကောင်းမွန်လှပေသည်။
ယင်းမှာ အသက်ကြီးရွယ်မှု့ ကြောင့် ပျက်စီးနေသော ဇီဝ ပစည်းကို အစားထိုးလဲလှယ် ပေးခြင်းသာဖြစ်သည်။ ယင်းနည်းလမ်းမှာ မူလ လက်ရှိအသုံးပြုသော အတွင်းတိမ် ခွဲစိတ် နည်းပညာ ကို အခြေခံပြီး အလွန် သေးငယ်သော ပလပ်စတစ် မှန်ဘီလူးကို မျက်လုံးအိမ် အတွင်း ထဲ့သွင်းခြင်းဖြစ်ပါသည် ။
ခွဲစိတ်နေစဉ်တွင် ပလပ်စတစ်မှန်သည် မာသော်လည်း နောက်ပိုင်းတွင် အနီးအဝေး အကုန်မြင်နိုင်လေသည်။ ပျော့ပျောင်းသော ဇီဝမျက်ကပ်မှန် ကို accommodating intraocular lenses ခေါ်ပြီး ယင်းသည် ယခုအခါ ဈေးကွက် တွင် တွင်ကျယ်လာပါသည်။ လေဆာ ခွဲစိတ်မှု့  နှင့် အလားတူသော်လည်း အနီးအဝေးကို မြင်နိုင်ပေသည်။ လက်ရှိစမ်းသပ်ဆဲကာလရှိ ပလပ်စတစ်မှန်မှာ အနည်းငယ်မာ သဖြင့် ပို ပျော့ပျောင်းသော မှန် ရရှိရန် စမ်းသပ်နေပါသည်။ ထိုမျက်ကပ်မှန်ကို မျက်လုံးအိမ်၏ ဖိညှစ်ဒဏ် ခံနိုင်ပြီး မျက်လုံးကြွက်သားလှုပ်ရှားမှု့  ဖြင့် အနီးအဝေးမြင်ကွင်းကို ပြတ်သားစွာမြင်နိုင်စေသည်။
ထိုမှန်ကို လွယ်ကူစွာ ၃၀မိနစ်အတွင်း ခွဲစိတ်နိုင်ပြီး ပါဝါမှန်ကိုလည်း လိုသလို အလွယ်တကူ လဲလှည်နိုင်ရန် တီထွင်နေပါသည်။
ဘာမင်ကန် တက္ကသိုလ် Aston University မှ Professor-Wolffsohn, an optometrist (မျက်စိ မျက်မှန် ကျွမ်းကျင် ပညာရှင်) ကပြောကြားသည်မှာ - အသက်ငယ်စဉ်တွင် ပြတ်သားသော ပုံရိပ်ကို နှားခေါင်းအနားထိ နီးသော အကွာအထိ ပြတ်သားအောင် ကြည့်ုနိုင်သော်လည်း အသက်ကြီးလာသည့် အခါတွင် အနည်းကွယ် ကွာဝေး သော နေရာ အထိ ထားမှ သာ မြင်ရပေသည်။
အသက် ၄၅နစ်ရောက်လျှင် လက်တကမ်းအကွာထားသော်လည်း မြင်ရန်ခက်လာသဖြင့် မျက်မှန် မတပ်လျှင် မမြင်နိုင်တော့ပေ။
အသက်ငယ်စဉ်တွင် ခွဲစိတ်ပါက အခက်ခဲဖြစ်နိုင်မှု့ နဲပြီး anaesthetics ထုံဆေးပေးမှု့ ကြောင့် ခံစားရသည့် ဝေဒနာ ဖြစ်ပေါ်မှု့ ကို ခံနိုင်ရည်ရှိပေမည်။ လက်ရှိတွင်ပုံမှန် အတွင်းတိမ် ဖြစ်ပေါ်မှု့  ရှိနိုင် သော်လည်း အသက် ၄၅ နစ်ရောက်သောအခါ အတွင်းတိမ် မဖြစ်ပေါ် နိုင်တော့ပေ။
ထို့ ကြောင့် အတွင်းတိမ် တိုးပွားလာသည့်အထိ စောင့်ပြီးမှ ခွဲစိတ်မလား။ ခွဲစိတ်မှု့ မလုပ်ဘဲ နေမလား စဉ်းစားလာရပါသည်။ ပုံမှန်အားဖြင့် အသက်ကြီးလာလျှင် အတွင်းတိမ် ရတတ်ပါတယ်။ ယခုလိုဖီဝမျက်ကပ်မှန် သည် ဈေးကြီးသော်လည်း တခါသာ ကုန်ကျပြီး လက်ရှိဈေးသက်သာတဲ့ မျက်ကပ်မှန် မှာမူ နစ်စဉ် ကုန်ကျ ပြီး ပို ဈေးကြီးသည်ကို ယှဉ်ကြည့်နိုင်ကြောင်း ပြောကြားပါသည်။စာမှီး ဒေးလီးမေးလ်
4 comments:
ဒါဆို အသက်ကြီးမှ လုပ်ရမှာလဲ ဒွတ်ခ
အခုထဲက လုပ်လို့ မရဘူးပေါ့
လုပ်လို့ရရင် သိပ်ကောင်းမှာ ပိုလှချင်လို့
အင်း.... မျက်လုံးထဲထည့်မှာဆိုတော့ ကြောက်တော့ကြောက်စရာကြီး...
မျက်ကပ်မှန်အရောင်နဲ့ဆိုရင်တော့
သိပ်ကြိုက် လှလို့ .....ဟီး...
ဘာပဲဖြစ်ဖြစ် အောက်ကပို့ စ်ထဲက ဓနရှင် ပစည်းတွေ ကို ကြည့်ပြီး မ၀ယ်နိုင်လို့  စိတ်မကောင်းစွာနဲ့ ပဲ သရေကျသွားကြောင်း။။။
kwi kwi
စိတ်ဝင်စားစရာ။ ဒါပေမဲ. ခွဲရမှာတော.ကြောက်တယ။်
interesting. thanks for sharing. i rarely read daily mail.
Post a Comment