အသုံးမလိုသည့် အချိန်တွင် စင်အားလုံးကို စုစည်းထားနိုင်သလို လိုအပ်သည့် အခါမှ ရွှေ့ ကာ ထုတ်သုံးနိုင်ပါသည်။ နောက်နစ် ရောင်းမည့် ဈေးကွက်ဝင် ပုံစံတွင် မှန်နှင့် ပစည်းတင်ရန်စင်များ ပါ ထဲ့သွင်း လိမ့်မည် ဟု ကြားသိရပါသည်။
အလေးချိန် 150 kilos ရှိသဖြင့် ထို ရေချိုးစင်ကို သုံးပါက အိမ်ကို တောင့်တင်းရန် ပြုပြင်ရပေမည်။ ယူကေတွင် အိမ်များမှာ မြန်မာနိုင်ငံက ကဲ့သို့  ဒုဒြယ် ခိုင်ခံအောင် တည်ဆောက်ခြင်းမရှိပါ။ တော်ရုံ တစ်ထပ်အိမ် များတွင် သံချောင်းများ လုံးဝမသုံးဘဲ အုပ်များ စီပြီး တည်ဆောက် သလို ၂ထပ်အိမ်အတွက် မြေကြီးတွင် ၃ပေမျှသာ ရှိသော မြောင်းကို အိမ်နံရံ ထားမည့်နေရာ အောက်တွင်သာ အမြောင်းလိုက် တူးဖောက် တည်ဆောက် ကြပါသည်။ မြန်မာပြည် တွင် တွေ့ ဘူးသော အခန်းအပြည့် မြေမတူးပါ။
တီထွင်သူ မှာ ဒီဇိုင်းဆု ပိုင်ရှင် ၏သားဖြစ်ပြီး ဖခင်ကဲ့သို့  တီထွင်ကြံဆမှု့ အလွန်တော်ပါသည်။ သူ့ ၏ဖခင်မှာ သေးငယ်သော အိမ်ဒီဇိုင်း စတင် တီထွင်ခဲ့သူ ဖြစ်ပါသည်။
Wesheme မှာပါတယ် ဆိုတာ သိပြီးသားဖြစ်မှာပါ။။
ReplyDeleteဟုတ်ကဲ့ နည်းပညာအနည်းငယ်ဆန်းရင် ကိုအန်ဒီက တင်ပေးတတ်ပါတယ်။အမြဲ လာအားပေးတာ ကျေးဇူးတင် ပါတယ်။
ReplyDelete