Monday, September 29, 2008

Animal - Hard Duck ဘဲသက်ပြင်း


Houdini
သေကံမရောက် သက်မပျောက်ဆိုတဲ့ စကားလေးအတိုင်းပါ။ Rare Breeds Farm လယ်မြေ ၊ Totnesမြို့  Devonတိုင်းနယ် မှာ ဇင်ယော်တစ်ကောင်က ဘဲဥကို ပါးစပ်ထဲငုံပြီး အမြင့်ပေ ၃၀က နေ သယ်လာရင်း မငုံနိုင်တော့လို့  ပါးစပ်ထဲကနေ ဥ ပြုတ်ကျသွားပါတယ်။ လယ်သမား Farmer Barrie Tolley, အသက် 57နစ် က ဘဲဥကို ဇင်ယော် ငုံသွားကထဲက ဓါတ်ပုံရိုက်နေတဲ့အတွက် အဖြစ်အပျက် အားလုံးသိလိုက်တာပါ။ ဘဲဥပြုတ်ကျပေမဲ့ အခွံက မာတော့ အက်ရုံ အက်သွားပါတယ်။ ဥထဲက မပေါက်သေးတဲ့ ဘဲကလေး အတွက် လယ်သမားက စိတ်မကောင်း ဖြစ်ပြီး ဘုရားအာရုံပြုပြီး ဆုတောင်း ပေးလိုက်ပါသတဲ့။ အဲဒီအခါမှာ ကြည့်နေရင်း အက်ကွဲကြောင်းကလေးက လှုပ်ရှားလာတာ တွေ့ တာနဲ့  စိတ်ရှည်ရှည် စောင့် ဓါတ်ပုံရိုက်ပါသတဲ့။ ၅နာရီကြာတဲ့ အထိ အက်ကွဲ ကြောင်း ဟာ တဖြည်းဖြည်း ပို ကွဲပြီး ဘဲ ကလေး ထွက်လာပါသတဲ့။

ဘဲသက်ပြင်းကလေး အတွက် ဂုဏ်ပြုလိုက်ကြပါစို့ ...


Houdini



Devon seagull


Houdini


3 comments:

  1. အဲဒီဘဲလေးကို ဥကပေါက်ပြီးတော့ လယ်သမားကြီးပဲ မွေးထားတာလား။ . ဘဲပုံလေး cute ဖြစ်လို့ ဆွဲသွားတယ်။
    :D , visited! :P
    kwi kwi

    ReplyDelete
  2. လယ်သမားရဲ့ လယ်မြေထဲမှာ ဖြစ်ပွားပုံထောက်တော့ သူပိုင်တဲ့ ဘဲဖြစ်လောက်ပါတယ်။ ဥအက်ကြောင်းကနေ ၅နာရီကြာ ခွဲထွက်လာတဲ့ ဘဲလေး အသက်ပြင်းတာ ကို ဖေါ်ပြလိုခြင်းဖြစ်ပါတယ်။ ဟုတ်ကဲ့ သုံးပါ ကျနော် ကိုယ်တိုင် လည်း ယူကေ အွန်လိုင်း သတင်းစာထဲက ယူပြီး ဘာသာပြန်တာပါ

    ReplyDelete
  3. မယုံရင် ပုံပြင် မှတ် လို.ပြောရမလိုဖြစ်နေပြီး။

    ReplyDelete