လွန်ခဲ့တဲ့ ၅လ က အင်္ဂလန်အနုပညာရှင်ရွေးပွဲကို ဂရုမစိုက်မိပါဘူး။ အခုမှ သတင်းစာထဲမှာ ပြိုင်ပွဲဝင် ရဲ့ အောင်မြင်မှု့ ကို ရေးပြလို့ ဘာကြောင့်များ ဒီလောက်အောင်မြင်ပါသလဲ လို့ ပြန်ကြည့်မှ...
ခွေးကလေးကို သင်ပေးတဲ့ အမျိုးသမီးရဲ့ အစွမ်းနဲ့  ခွေးကလေးရဲ့ မြူးစရာ အကကို ကြည့်မိပါတယ်။
အံသြစရာ ရယ်ချင်စရာ အလွန်တော်တဲ့ ခွေးကလေးရဲ့ အကဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက် အောင်မြင် လိုက်ပါတယ်။
စစချင်းကြည့်ရင် ခွေးကလေး ရဲ့ အက ကို သာ သတိထားကြမှာပါ။ ဒါပေမဲ့ သင်ပေးတဲ့ Kate Nicholson ဟာခွေးကလေး Gin ကို ထိန်းကျောင်းမှု့ က အဓိက ဖြစ်ပါတယ်။
ဒီဘ၀ရောက်လာဖို့ ဟာ မလွယ်ပါဘူး။ တိရိစ္ဆာန် ဆရာဝန် မိဘနဲ့  အမ တို့ ကြားမှာ ကြီးပြင်းလာတဲ့ ကိတ်ဟာ ခွေးကလေး နဲ့  နားလည်စွာနဲ့  သံယောဇဉ်တွယ်တာ လာပါတယ်။ ကိတ်ကျောင်းက ပြန်လာရင် ဂျင်ကို အက တမျိုးသင်ပါတယ်။ ခွေးကလေးနဲ့  အနေများတဲ့ အတွက် ကိတ်ကို ပတ်ဝန်းကျင်က လှောင်ပြောင်ခဲ့ကြပါတယ်။ ကိတ်က မမှု့ ဘဲ ကျောင်းကပွဲတွေ မှာပါ ကပြဖျော်ဖြေပါတယ်။ ထပ်ပြီး အလှောင်ခံရပါတယ်။ မြို့ နယ်တွေမှာ ကပြပါတယ်။ ပို အလှောင်ခံရပါတယ်။ နောက်ဆုံး နိုင်ငံတီဗွီ အစီအစဉ်မှာ ၀င်ပြပါတယ်။ အဲဒီအခါမှာ တနိုင်ငံလုံးရဲ့ ချစ်ခင်မှု့ ကို ရရှိလာပါတယ်။
ယခင်ကဆိုရင် ခွေးကလေးနဲ့ သွားရင် တက်ဆီ လုံးဝ ငှားမရပါဘူး။ ဟော်တယ်တွေမှာလည်း အ၀င်မခံဘဲ အတား ခံရပါတယ်။ အခု ဆိုရင် တက်ဆီသမားက ခွေးအတင်မခံဘူး ပြောရင် ဂျင်ကို မှတ်မိတာနဲ့  လာပါ ၀င်ပါ ဖြစ်သလို ဟော်တယ်တွေမှာလည်း ဂျင်ကို တကယ့် နံမည်ကြီးတဦးအဖြစ် ကြိုဆိုကြပါတယ်။
ကိတ် အနေနဲ့  ခွေးကလေးကို သင်ပြပေးတဲ့ အခါမှာ လွယ်လွယ်နဲ့  တတ်မြောက်တာ မဟုတ်ပါဘူး။ အတော်အခက်ခဲပေါင်းများစွာနဲ့  စိတ်ရှည်ရှည် သင်ကြားပေးခဲ့ရပါတယ်။ အခုသူအောင်မြင်လာတဲ့ အခါမှာ ခွေးလေးများနဲ့ ကတဲ့ လူအုပ်စုဟာ ကိတ်ကို မနာလို ဖြစ်မှု့ များလည်း ကြုံရပါတယ်။ ယခုဆိုရင် ကိတ်အနေနဲ့  ခွေးကို သင်ကြားပြသပေးနည်းစာအုပ်၊ ခွေးများ သင်ကြားပေးရန် သင်တန်း အပြင် ဂျင်နဲ့ တွဲပြီး တီဗွီအစီအစဉ် တွေမှာပါ ၀င်ရောက် ဖျော်ဖြေနေရပါတယ်။
ဘာဘဲဖြစ်ဖြစ် ကိတ်နဲ့ ဂျင်အတွက် လူတကာ လှောင်ပြောင်မှု့ ဘ၀က လွတ်ပြီး ခွေးလေးတွေ တိရိစ္ဆာန်လေး ပိုင်ရှင်တွေကို နေရာ တကာ လက်ခံ ချီးကျူးခံရတဲ့ ဘ၀ ရောက်လာတာ ၀မ်းသာ ကြည်နူးစရာပါ။
စာအုပ်ဝယ်ဖတ်ချင်ရင်တော့
Kate And Gin by Kate Nicholas is published by HarperCollins on 6 October at £12.99. To order a copy (p&p free), Tel: 44 - 845 155 0720.
ဖတ်သွားကြည်.သွားတယ်။ J..အံသြမိပါတယ်။ အက ကို ရော။ သင်ပြ သူ ကို ကော။ အခု လို တခန်း တနား တင်ပြ တာ ကို ရော ။ ဒိုင် တွေ ကို ကော.ေ သချာ လာအားပေးတတ် ပိရီသတ် ကို ကော…..။
ReplyDeletehttp://yuyamyatnoe.blogspot.com/
ReplyDeleteshe put yur blog as her list. glad for you.
glad to you
ReplyDeleteမမြတ်နိုးကိုလည်း လင့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
ReplyDeletekwi လည်းအဲဒီအစီအစဉ်ကို အရင်လက ကြည့်ဖူးပါတယ် ။ခွေးလေးကိုလည်း သဘောကျတယ်။ တခြားပညာရှင်တွေကိုလည်း သဘောကျတယ် ။ အကုန်နည်းပါးပဲ။ အမေရိကားမှာလည်း အဲလို အစီအစဉ်လုပ်ပါတယ်။ အားရင်အဲဒါလည်း တင်နိုင်ရင် တင်ပေးပါ။ ကြည့်ချင်လိုပါ။ ပို့စ်အတင်ကြဲလှချည်လား။ မျာများတင်ပါ။ အားပေးနေပါတယ်. ဒီရက်ပိုင်းအလုပ်များနေလို့ မလာဖြစ်တာခွင့်လွှတ်ပါ။
ReplyDeletekwi kwi
ကျနော် ဆီဗုံးဖြုတ်တာက နှတ်ဆက်သံတွေကို အမြဲ သိမ်းထားချင်လို့ ပါ။
ReplyDeleteပို့ စ်အတင်ကြဲတာက သတင်းကောင်းမရလို့ ပါ။ ရေးထားတာတွေ ရှိပါတယ် ရက်ခြားပြီး ပေါ်အောင် လုပ်ထားပါတယ်။
x-factor တိုင်းမတင်ပါဘူး။ ရယ်စရာကောင်းမှ ဗဟုသုတရမှ ထူးခြားမှ တင်တာ ဖြစ်တဲ့ အတွက် တော်ရုံ ကို ဘာသာမပြန်ဖြစ်ပါဘူး
လာရောက် အားပေးတဲ့ ဘော်တကာ အပေါင်းကို ကျေးဇူးတင်သဗျာ