Saturday, June 11, 2011

၂နစ်သမီး ပန်းချီဆြာမကြီး



Aelita Andre ချာတိတ်မလေးသည် အသက်၉လ အရွယ်တွင် မိဘ၂ပါး ၏ ပန်းချီဆွဲခန်းတွင် ဆော့ကစား နေလေသည်။ အနုပညာရှင် မိဘ၂ပါးက သူလေးအား ပန်းချီကင်ဘတ်ပေး ဆေးများပေးကာ ဆော့ကစား စေသည်။ ဗီကို ကြည့်လျှင်သိနိုင်ပါသည်။ သို့ သော် ကလေးတဦးအနေဖြင့် ဆော့သည် ဖြစ်စေ ပင်ကိုယ်အနုပညာဇ ပါလာသည် ဖြစ်စေ ချာတိတ်မ၏ လက်ရာ ပန်းချီကားများမှာ ပြပွဲတင်နိုင်အောင် အရည်သွေး ရှိနေလေသည်။ ပန်းချီ မြတ်နိုးသူများ အားပေးသဖြင့် ဟောင်ကောင် ပြပွဲ တခုတွင် ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး ပန်းချီကားများ ရောင်းချခဲ့ရလေသည်။ ထိုလက်ရာများမှာ သူမ အသက် ၂နစ်ခန့် က ရေးဆွဲ (ဆော့ကစား)ခဲ့ခြင်းဖြစ်ပါသည်။

ယခုအခါတွင် သူမ အသက် ၄နစ်ရှိပေပြီ။

အသေးစိတ်မှာhttp://shine.yahoo.com/event/momentsofmotherhood/4-year-old-aelita-andre-gets-her-own-ny-art-show-sells-paintings-for-27k-2494801/


ပုံ

နာမည်ကျော်ပန်းချီဆြာဂျီး (မဖြစ်လိုက်သော)
ဂျေ

ပြန်တွေးမိရင် ငယ်ငယ်က ဂျေ တကောင် နာမည်ကျော်ပန်းချီဆြာ မဖြစ်ခဲ့တာ ရှေးလူကြီး မိဘတွေက မသိနားမလည်လို့ ။

ငွေအလဟသ ကုန်တယ် ထင်လေသော မာတာမိခင်နှင့် ပီတု ဖခင်ကြီး တို့ အား လွမ်းမိပါသေးသည်။ ပီတု ဖခင်ကြီးအား ကူညီရင်း သင်္ဘောဆေးဗူး အဖုံးပိတ် ပေးရာ အတွင်းအားများသွားသဖြင့် အဖုံးကျွံကျပြီး တဂါလံ သင်္ဘောဆေး တဗူးလုံး လွှင့်ပစ်ခဲ့ရခြင်း အတွက် လွမ်းမိပါသေး၏ (ဖခင်များနေ့ အတွက် အမှတ်တရ)

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */