Sunday, March 30, 2008

Answer - ကြောက်တင်ဗုံး - ၁ Famous

အင်္ဂလန်မင်းသားလေး ဟယ်ရီက ဦးထုပ်ကို ၃ခါ (၁လကြား) ဆောင်းမိသောကြောင့် သတင်းစာများက အတင်းပြောကြခြင်းဖြစ်ပါသည်။

ထို့ ကြောင့် င်္အကျီများများ မထပ်အောင် ၀ယ်ဝတ်ရခြင်းကြောင့် ဆိုင်ရှင်များက သတင်းထောက်များအား လဒ်ထိုးလေသလားဟု ထင်မိပါသည်။

ဖတ်ကြည့်ချင်သေးလား....

Poem - For you - 3 This time....

ယုယမြတ်နိုးရဲ့ ဒီအချိန်ဆို ဆိုတဲ့ကဗျာလေးကို ဗားရှင်းပြောင်းထားပါတယ် မူရင်းကတော့ ဒီမှာပါ

မျှော်မိလေတယ် တွေးမိတယ်
လွမ်းချင်ပါဘူး ရင်ထဲမယ်
တမ်းတမိတယ် သတိရတယ်။

သီကျူးသံတေး ဥသြငယ်
လေပြေညှင်းနဲ့  အလှထူးတယ်
ဂိမ္မာန်နွေဦး လွမ်းလှတယ်။

ဝင်းဝါ၀င့်ကြွား ငုဝါရယ်
ပင်ယံထက်မှာ လှသွေးကြွယ်
နွေအလှကို တန်ဆာဆင်တယ်။

စွင့်စွင့်ငါးနဲ့ နီရဲတယ်
စိန်ပန်းဝေတဲ့ ဒီလမ်းမယ်
လောကတခွင်မယ် လှသွင်ခြယ်။

တနစ်တခါသာ ပွင့်ပါတယ်
မွှေးရနံ့ ကြိုင်လို့ ထုံသင်းတယ်
ဝါရွှေပိတောက်ရယ် ဆံတင့်တယ်။

ကြိုဆိုပါတယ် နှစ်ကူးမယ်
တာရေဖျန်းလို့  ဧမြတယ်
သင်္ကြန်မှာကွယ် ပျော်စရာကွယ်။

ကိုယ့်မျက်ခြယ်တွက် ထွေးဖို့ ကွယ်
စိတ်ကူးထဲက အလှရယ်
ကိုယ်လေ အတွေးမှာ လွှင့်မျောတယ်...

ကိုယ်လေ တယောက်ထဲ အဖော်ကွဲ....
ဒီအချိန်မှာ ကိုယ်တယောက်ထဲ....

မွေးမြေနဲ့ ဝေး လွမ်းဆကဲ....
တမ်းတလွမ်းဆဲ တာသင်္ကြန်ဘဲ......

ဖတ်ကြည့်ချင်သေးလား....

Saturday, March 29, 2008

ကြောက်တင်ဗုံး ယနေ့  သတင်း

ဘလော့ကာ မောင်နှမများသို့ 


ဘလော့ကာ လောကမှာ ခေတ္တခဏ ခွဲခွာချိန်တွင် တချို့ သော နေရာများတွင် ပို့ စ်များရေးသားဖြစ်ပါက ကြိုတင်အသိပေးပါမည်။


ကျေးဇူးတင်စွာဖြင့်

ဂျေ
၃၀ မတ်လ ၂၀၀၈ ၆နာရီ၄၆မိနစ် ဂရင်းနစ်စံတော်ချိန်သုံည


ယနေ့ ဗျာ သတင်းစာထဲဖတ်ကြည့်မှ နံမည်ကြီးဖြစ်ဖို့ အတော် ကြိုးစားခဲ့ရသလို နံမည်ကြီးလာလို့ တွေ့ ရတဲ့ အခက်အခဲတွေလည်း တပုံကြီးဖတ်ရပါတယ်။

နံမည်ကြီးလာရင် နံမည်တက်နေရင် သူရဲ့ နောက်ကြောင်းတွေကို လိုက်စုံစမ်းတယ်။ သတင်းပေးရင် ငွေဘယ်လောက် ပေးမယ်ဆိုပြီးဝယ်တယ်။ သတင်းထဲထဲ့ပြီး သတင်းစာရောင်းတာပေါ့၊ သူ့ ရဲ့ အတွယ်အတာတွေ သမိုင်းရာဇ၀င်တွေပါလိုက်စုံစမ်းတယ်။ ရေသောက် အီးပေါက်တာတောင် သတင်းဖြစ်ရတော့ ကျန်တာ ထဲ့မပြောပါနဲ့တော့။

အခုလဲ နံမည်ကြီးတွေ င်္အကျီဝတ်တာ တထည်ကို တခါဘဲ ၀တ်ရမလိုဖြစ်နေပြီ။ သူငယ်ချင်းင်္အကျီဝတ်ရင် သို့ မဟုတ် သူ့ သူငယ်ချင်းကို င်္အကျီငှားရင်လည်း သူငယ်ချင်းဓါတ်ပုံနဲ့  သူ့ ဓါတ်ပုံတွဲပြီး သတင်းတပုဒ် ထွက်လာတယ်။ သူ့ င်္အကျီသူဝတ်တာတောင် ဘယ်နစ်က ဘယ်နေရာမှာဝတ်တယ်။ ဘယ်လက ၀တ်ထားတယ်။ ဒီအတိုင်းသာဆို င်္အကျီတထည်ဝတ်ပြီးမီးရှို့ ပစ်ရမဲ့ အတိုင်းဘဲ။ မလွယ်ကြော သတင်းထောက်တွေ.. အတော် မေတ္တာပို့ ဖို့ သင့်တဲ့ လူတွေဗျ။ ဒါ့ကြောင့်လည်း သတင်းထောက်တွေနဲ့ ရောပြီး လူသတ်သမားအန္တရယ်ကြောက်လို့  သက်တော်စောင့်တွေ ငှားနေရတာကိုး။ နံမည်ကြီးရင် ငွေကြီးကြီးဝင်သလို ငွေကြီးကြီးထွက်တယ်ဗျိုး။

အားရှားပါး ... င်္အကျီတထည်ကို မစုတ်မချင်းဝတ်တဲ့ ဂျေတို့ တော့ ဒီနေရာမှာ ဂေါက် ဖြစ်သွားတာဘဲ ဒါ့ကြောင့် နံမည်ကြီး ဘလော့ဂါစာရင်းထဲမ၀င်ဘူး။ တော်ပါသေးရဲ့ ... .... ... ဟူး .... ....

ဖတ်ကြည့်ချင်သေးလား....

Friday, March 21, 2008

Notice : ခြေစွမ်းပြမည်။

စာရေးသူအတွက် ဘလော့ကာလောကကို ခေတ္တခဏ ခွဲခွာဖို့ လိုအပ်လာပါပြီ။ စီပုံးကိုလည်း ဖြုတ်လိုက်ပါတယ်။ စာရေးဆက်သွယ် လိုပါက joyful4all2008@gmail.com ကို ဆက်သွယ် စေလိုပါတယ်။

လာရောက်အားပေးကြသော ဘလောကာ မောင်နှမ များကို အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။ အဆင်ပြေတဲ့ တနေ့ ပြန်လာခဲ့ပါမယ်။ ခုများတော့ ခြေစွမ်းပြတယ်လို့ ပြောရမယ်ထင်ပါတယ်။ နှတ်ဆက်နိုင်လောက်တဲ့ အကြောင်းမဟုတ်လို့  နှတ်မဆက်ပါရစေနဲ့ ။

တနေ့ နေ့ မှာ.... ပြန်လာခဲ့မည်... အကျွန်ုပ်၏ လက်စွမ်းပြပြီးပြီ ဖြစ်သဖြင့် ခြေစွမ်းပြ ခြင်း ဖြစ်ပါကြောင်း

ပုံ
ဂျေ
ပြုံးပျော်ရွှင်ရေး အေဂျင်ဆီ
မြှားနတ်မောင် အေဂျင်ဆီ
လိပ်တက် ယုန်တက် လီမီတက် ကားရှိုးရွန်း
၂၁ မတ်လ ၂၀၀၈ ၁၃နာရီ၄၃မိနစ် ဂရင်းနစ် စံတော်ချိန် သုံည

မှတ်ချက်။ ။စာကြေခြင်း(စာအုပ်ပေါ်မှောက်အိပ်ခြင်း) စာပိခြင်း(စာအုပ်ပေါ်ဖိထားခြင်း) ဦးဏှောက်စားခြင်း(စာအုပ်က မျက်နာပေါ်တွင် နှိပ်စက်နေခြင်း)

ဖတ်ကြည့်ချင်သေးလား....

Thursday, March 20, 2008

Poem- ကိုချီရွှန် အတွက် ညီချော့တေး


အာဗြဲငိုတဲ့ ညီငယ်ရာ
ဘာဖြစ်လို့  လဲကွာ
မေမေရိုက်လို့ ပြည့်ဖောင်းစေး
တင်ဖု၂ဖု ဆင်လောက်လေး။

မငိုပါနဲ့  ချီရွန်ရာ
စားလိုက်စမ်းပါကွာ
နှမ်းထောင်းဖြူးကာ ပဲတင်ပေး
ကောက်ညှင်းပေါင်းက မွှေးပါသလေး။

အဟဲ စိတ်မရှိပါနဲ့ ကိုချီရွန်ရာ အလုပ်မသွားခင် ဂမန်းဂတမ်းရေးရလို့ ပါ။ နောက်တော့ လိမ်းဖို့  ဆေးရှာပြီးပေးပါမယ်။ အဒုတော့ မပြေးခင် အကြွေးတင်တာ ရှင်းခဲ့ပါတယ်။ အကြွေးကြေပြီနော်.. ပြေးပြီဗျ...တနေ့နေ့တော့ ပြန်လာခဲ့ပါမည်။

ChIr0N said...
ကိုဂျေ ကတော့ ဆရာပဲဗျာ။ လေးစားပါတယ်။ ကဗျာလဲ ကောင်းတယ်။ ခေါက်ဆွဲသုပ်လဲ သိပ်ကောင်း။ နောက်ထပ် ရေးဦးဗျာ။ ဟိဟိ နောက်တခါကျရင် ကောက်ညှင်းပေါင်း ရေးဗျာ။ စားတော်ပဲများများ နှမ်းထောင်းလေးပါ ဖြူးပေးဗျ။ ရေးပေးနော်။ ငှဲငှဲ

ChIr0N
ကိုဂျေ ကောက်ညင်းပေါင်းပါဆိုဗျာ။ အဲဒါ မရေးမချင်း လာအော်မယ်ဗျ။ ဟီးဟီး

ဖတ်ကြည့်ချင်သေးလား....

Tuesday, March 18, 2008

Poem - ခေါက်ဆွဲသုပ်

(မာမီ့လက်ရာ ခေါက်ဆွဲသုပ်ကို လွမ်းခြင်း တမ်းခြင်းဖြစ်ပါသည်။)

ရင်တွင်းဖြစ် ခံစားချက် စစ်စစ်

သြယ္လ်လ် ၀ါရည္ညက္နဲ ့
မင်းထိုက်တဲ့နန်းဟန်အလှကို
ဖြူသွယ်လျ ဘော်ကြာဆန်နွဲ့ 
ခေါက်ခက်တော် ဆွဲဟန်လုပ်နိုင်ဘု ပလ္လင်ထက်မှာ ပျော်။

မှုံနံသာ ၀ါဝါ၀င်းနဲ့
ရွှေစွန်ရယ် အချိုကဲလို့ 
ပဲပေးတယ် အမှုဟန်ပိုနွဲ့ 
ဖွေးဖွေးဖုံ တင်အောင် မှုန်းပေတော့ စိတ်ကြိုက် နေနော်။

မန်တက်ကာ ကျည်းတန်ပါဘု
ဂေါ်တာဂေါ် သံယောမျှင်တန်းနဲ့
ခွားခက်အောင် ကြွရွစေတော့
ငြုတ်ကိုဘယ် ရှုပ်တယ်ပြောပါနဲ့  စပ်စရာ့ ဆွေတော်။

စိတ်ကြိုက်လေ ယုယအုန်းမှာပါ့
ဆားသွေခင် ဟန်တွေလုပ်နိုင်ဘု
ထားသက်လယ် ချစ်တုံးလေးကိုလ
ငံရည်စွာ ထွေးချင့်ပေးမယ် မမေ့ရက် စေသော်။

ဟင်းလို့ ရယ် ပြောချင်ဘု
ကောင်းလွန်းရယ် မင်းမှုလွန်းတယ်
သွန်ကာရယ် ဖြူခင်မွမ်းကာပါ့
မွှေးလှတဲ့ ဘေးအရံကြဲ ရည်က လိုက်ဖက် ပါသသော်။

အသာဆွဲကာ ငုံလိုက်ချင်ပါ့
မထိန်းနိုင်ကိုက်မိတာ မုန်းပါနဲ့
သွန်ပါလေ ဖြူသွားအောင်ပ
ရင်တွင်းဝယ် လိုက်မမှီဘူးထင်ပါ့ ခေါက်ဆွဲသုပ်နော်။

လာလည်ကြကုန်သော ဘလော့ကာ ဘော်ဒါအပေါင်းတို့ အား ရင်တွင်းဖြစ် အရသာ အပြည့်ရှိသော ခံစားရသော ကြာဆန်အရော ခေါက်ဆွဲသုပ် နဲ့ ဧည့်ခံပါတယ်။
ဂေါ်ဖီ၊ သခွားသီး၊ ကြက်သွန်၊ ပဲမှုန့် ၊ ပုစွန်ခြောက်မှုန့်၊ ဆား၊ ငံပြာရည်၊ မန်ကျည်းရည်၊ ငြုတ်သီးမှုန့် နှင့် သုပ်ထားသော လက်သုပ်ကို ကြက်သွန်ဖြူ ကိုက်ခါ ငရုပ်ကောင်း ကြက်သွန်ဖြူ ဟင်းခါးနှင့် သုံးဆောင် သွားကြပါ။
ဘော်ဒါကြီး ခင်ဦးမေ စိတ်ကြိုက်ခံစားနိုင်ပါစေ..
ပုံ
ပြုံးပျော်ရွှင်ရေး အေဂျင်ဆီ

ဖတ်ကြည့်ချင်သေးလား....

Monday, March 17, 2008

Poem - ၃ Water Melon


နုနယ်ပျိုနှမ၊
အသွင်ကလှ၊
မျက်ကွယ်ပြုမလွယ် ရင်ဖိုဘွယ်၊

ရှု့ ချင်စဘွယ၊်
ရှက်သွေးကြွယ်သမျှ၊
ငေးမိအစဉ် လှိုက်ဖိုဘွယ်။

အသားနုဝင်း၊
တင်းရင်းချောမွှေ့ ၊
မျက်နှာပြင်လေး နမ်းချင်ဘွယ်။

စိမ်းလဲ့ရွှန်းစို၊
ရွဲမျက်ဝန်းပင့်၊ (စိမ်းဖန့်ဖန့်နှင့်)
ဖြူစင်မျက်နှာ ငေးချင်ဘွယ်။

ဖိတ်ဖိတ်တောက်ဆို၊
နီရဲမြန်းစို၊
ရှက်သွေးကြွယ်လှ နတ်မိငယ်။

တိုးလို့ရှိုက်ဖို၊
နှတ်ခမ်းပါးမှ၊
ချိုမြအသဲထဲ ရင်အေးတယ်။

ဘော်ဒါကြီး khinoomay က (တယ်ဟုတ်ပါလား..ရင်တွင်းဖြစ်ထင်တယ်) နှင့်
ဘော်ဒါကြီး ကိုင ရဲ့ (ကောင်လေးတောင် ခံစားတတ် လာပြီဟ)ဟု မှတ်ချက်ရေးသွားခြင်းကြောင့် အမှန်တကယ် ရင်တွင်းခံစားမိရသော ဖရဲသီးကို ဖွဲ့ ဆိုထားခြင်းဖြစ်ပါသည်။
ပုံ
ပြုံးပျော်ရွှင်ရေး အေဂျင်ဆီ

ဖတ်ကြည့်ချင်သေးလား....

Sunday, March 16, 2008

Poem - ချစ်သူသို့ - 2 စာစု


မျှော်ကြည့်မိတယ် ချစ်သူဆီသို့ ၊
မရေရာတမ်းတ မှန်းဆလမ်းမယ်၊
လှမ်းကြွလေမလား ရင်ထိတ်စွာရယ်၊၊
မျှော်တာ ကြာပေါ့ ချစ်သူရေ။

နားစွင့်မိတယ် ချစ်သူဆီသို့ ၊
လေဝှေ့ သံကြား ရွက်ကြွေကြားမှ၊
ခြိုးဖြောက်သံချို ခြေလုံသံမှား၊
လှမ်းကြည့် နွမ်းမိ ချစ်သူရေ။

ချစ်သူလေးတွက် ရည်ရွယ်ပါတဲ့၊
နုရွချိုမြိန် အနမ်းပန်းထယ်၊
မပျက်ပြယ်သား သဲနန်းထဲမယ်၊
မင်းသာ တယောက်ထဲ ချစ်သူရေ၊

ထွေးပိုက်ထားတယ် ချစ်ရသူကို၊
လွတ်သွားမှာစိုး ဝေးမှာစိုးလို့ ၊
တင်းကြပ်ပွေ့ ထား အငွေ့ လေးလား၊
အတွေးထဲပျောက်ကွယ် ချစ်သူရေ။

ထားခဲ့ပါနဲ့  တွဲလက်ဖြုတ်နဲ့ ၊
တောင်းပန်လေငြား သူစိမ်းကားတယ်၊
ပစ်မတင်ရက် ခွင့်လွှတ်ပါတယ်၊
မချစ်တတ်သူ ချစ်သူရေ။

မင်းဆုံးဖြတ်တွက် ဖြည့်ဆည်းပေးထား၊
နှတ်သံတိတ်လို့  မမြင်စေသား၊
မင်းအရှေ့ နေရင် (ကိုယ်)အနောက်လှမ်းမယ်၊
ပျော်ရွှင်ပါစေ ချစ်သူရေ။

မင်းတွက်အချစ်နဲ့  ဘ၀ပျက်ခဲ့ ၊
အောင်လံလဲပြို စုန်းစုန်းမြုပ်လဲ၊
မသိလိုသူ ရှောင်သွေဖယ်သူ၊
(မင်းဘ၀လေး)ဧမြပါစေ ချစ်သူရေ။

နှတ်ချိုသံလား ကြင်နာလားလို့ ၊
ယုယပိုမိ ကိုယ့်အပစ်ချည့်၊
အချစ်ဗလာ မေတ္တာနတ္ထိ၊
ကြင်နာကင်းသူ ချစ်သူရေ။

ယုံမှားမိသူ ကံဆိုးသူမို့ ၊
ရေဆုံး မိုးမြေ ဘ၀ကွယ်စေ၊
အဝေးဆုံးမှာ နေပါရစေ၊
ကမ္ဘာတဘက်ခြမ်း က ချစ်သူရေ။

ဖတ်ကြည့်ချင်သေးလား....

Saturday, March 15, 2008

True - ဘာ့ကြောင့် ရိုင်းစိုင်းတာပါလိမ့်

ဘလော့ရေးတယ် ဆိုတာ သူငယ်ချင်းလိုချင်လို့ ၊ ဗဟုသုတရှာချင်လို့ ၊ ကိုယ့်ဗဟုသုတ မျှဝေချင်လို့ ၊ အကူညီပေး သလို တောင်းခံချင်လို့ နဲ့ စိတ်၏ ထွက်ပေါက်ရာ အတွက် ရေးခြင်းဖြစ်ပါတယ်။

ဘလော့ရေးခါမှ စိတ်အနှောင့်ယှက် ဖြစ်ရ၊ ရိုင်းစိုင်းတဲ့အပြောခံရပြီး စိတ်မချမ်းမသာ ဖြစ်ရပါတယ်။

အရင် ဘလော့ကာတွေ စိတ်ဆင်းရဲတယ် ဆိုတာ ဖတ်ရကထဲက ဘလော့ထဲမှာ အတိအကျ ရေးထားပါတယ်။ နိင်ငံရေး မလုပ်၊ စိတ်ဆင်းရဲစရာ တခုမှမတင်၊ ဖတ်သူအများပျော်ရွှင်ဖို့ ၊ ဗဟုသုတ ဖလှယ် အကူညီပေးရေး အတွက်လို့ ရေးပြီး အခြေအမြစ်မရှိသူ များ မှတ်ချက်ရေးလျှင် ဖျက်ပစ်ပါတယ်။

ဘလော့ကာတဦးက လာ နောက်ပြောင်ပြီး နှတ်ဆက်လို့ သူ့ ဆီ အလည်သွား နောက်ပြောင်တာ အဆန်းမဟုတ် ပါဘူး။ သို့ သော် အမှား လေးများ တွေ့ ရှိရတဲ့အတွက် စာလုံးပေါင်းအမှားပြင်ရန် အကြံပေး ခဲ့ပါတယ်။ ထိုဘလော့ကာ က အပြောင်အပြက် သဘော နဲ့ အမှတ်တမဲ့ မှားတာ ဖြစ်ကြောင်း ပြောတဲ့အတွက် အမှား ပြင်ဖို့ ရေးမိတာ တောင် စိတ်မကောင်းဖြစ်ရပါတယ်။ ထို့ အတွက် ကြောင့် လူတိုင်းအမှား ဖြစ်နိုင်ကြောင်း ဖတ်မိသမျှ အမှား လေး များကို ပြောပြပြီး ပြင်ဖို့ အကြံပေး လိုက်ပါတယ်။


အခုချိန်ထိ စာရေးသူ စိတ်သန့် ပါတယ်။ ဒီဘလော့ကာမှာ အမှားလေး ပြင်စေလိုတဲ့ စိတ်စေတနာ သန့် သန့် နဲ့ ပါ။

အမှားပြင်ထားလေမလား ဆိုပြီး နောက် တခေါက်သွားကြည့်တော့မှ လား လား ကိုယ့်ကို ကလော်တုတ် ထားတဲ့ မိန်းခလေး တဦး ကြောင့် အတော် စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ အမှားပြင် စေချင်တဲ့ စေတနာ ကို ယောင်ချာချာလူ လို့ ပြောရ လောက်အောင် စာရေးသူ က ဘွဲ့ ၃ခု မကရထားတဲ့ ပညာတတ်တဦးပါ။ ဘလော့မှာ စာရေး နိုင်တဲ့သူ ဟာ ယောင်ချာချာ ဖြစ်ပါ့မလား။ သူ ကိုလည်း တခါမှ ရိုင်းစိုင်းစွာ မဆက်ဆံဘူးပါ။ ယခုအခါတွင်လည်း သူမ ဘလော့ မဟုတ် သလို သူမနှင့်လည်း ပြောဆိုခြင်းမဟုတ်ပါ။

ဘာ့ကြောင့်များ သူမနှင့် မသက်ဆိုင်ဘဲ ယခုကဲ့သို့ ဝင်ရောက် ရိုင်းပြ နေပါသလဲ မောက်မာ နေပါသလဲ ဆိုတာ မစဉ်းစားတတ်တော့ပါ။

ဒါကတော့ လက်တွေ့ တွေ့ ကြုံခဲ့ရတဲ့ ရိုင်းစိုင်းမှု့ ပါ။ ဘလော့ကာများ အားလုံး (သူ ၏အမှားကို တောင်းပန်ခြင်း မရှိသော) ထိုမိန်းခလေး ထံမှ မဆီမဆိုင် ၀င်ရိုင်းစိုင်းမှုမှ ကင်းဝေးကြပါစေလို့ ဆုတောင်း မေတ္တာပို့ သ လိုက် ပါတယ်။

ထိုဘလော့ကာကိုလည်း အပြီးအပိုင်နှတ်ဆက်ခဲ့ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

Friday, March 14, 2008

True - Poem တမ်းခြင်း

ကျနော် ၄တန်းမှာ သတင်းစာစဖတ်ပါတယ်၊ အကို ဆရာဝန် တဦးက တိုက်တွန်းလို့ ဂျာနယ်၊မဂ္ဂဇင်းတွေ စာမျက်နှာတိုင်း၊ စာတလုံး မကျန် ဖတ်ပါတယ်။ ၄တန်းကျောင်းပိတ် တော့ တိုင်းရင်းမေအဟောင်းထဲမှာ ကလောင်သစ် ကဗျာနှင့်အယ်ဒီတာ့အဖြေ ကိုဖတ်ရပါတယ်။ အယ်ဒီတာက ကာရန်ရှိတဲ့ ကဗျာကိုသာရွေးပြီး၊ ကာရန်မရှိတဲ့ ကဗျာကိုပယ်ပါတယ်။ ကဗျာဆိုတာ ကာရန်မရှိရင် ကဗျာ မတွင်ပါဘူးဟု ရေးပြီး ပစ်ပစ်နှစ်နှစ်ဝေဖန်ထားပါတယ်၊ ဘယ်စာအုပ်မဆို ကာရန်အပြည့်နဲ့ ကဗျာသာ ဖော်ပြပါတယ်။ ဂျေက အဲဒီအဆိုကို ရင်ထဲစွဲနေပါတယ်။ မြန်မာဖတ်စာ မှာသင်ကြားခဲ့ရတဲ့ ဦးပုည ဦးဇော်ဂျီ ဦးမင်းသုဝဏ် ဦးတင်မိုးတို့ ရေးခဲ့တာ ကာရန်နဲ့  နုနုရွရွကဗျာ လေးတွေပါ၊ ရွှေစွန်ညို ၀ါဆိုဝါခေါင် ကဗျာလေးတွေဟာ တသက်မမေ့နိုင်တဲ့ ၄တန်းမြန်မာစာဖတ်စာအုပ်ထဲက ကဗျာလေးတွေပါ။ ဘော်ဒါတွေ ဖတ်စာအုပ်ပိတ်ပြီး အော်ဟစ်ရွတ်ဆိုခဲ့တာ ပြန်စဉ်းစားရင် မနေ့ တနေ့ ကလိုခံစားရပါတယ်။ အခု ဘယ်နေရာကြည့်ကြည့် ကာရန်ကဗျာကို တွေ့ ဖို့ ခဲယဉ်းပါတယ်။ ခေတ်ပြောင်းတယ် ပြောမလား ခေတ်နှောင်းတယ် ဆိုမလား အရိုးစွဲနေတဲ့ ကာရန်ရှိတဲ့ ကဗျာ ကိုသာ စွဲစွဲမြဲမြဲ ဖတ်မိ ရေးမိ ဖွဲ့ မိပါတယ်။

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးတွေလင်းပါတဲ့ မနှင်းတို့ အိမ်


ဝါဆိုဝါခေါင် ရေတွေကြီးလို့ 
သပြေသီးမှည့် ကောက်စို့ကွယ်
တို့လည်းလိုက်မယ် ချန်မထားနဲ့
အုန်းလက်နွားလေး ထားခဲ့မယ် သွားမယ် သွားမယ်

ရွှေစွန်ညို ဘာကိုလိုလို့  ၀ဲပါတယ်
မထွေးလို လို့  ၀ဲပါတယ်။
မထွေးမပါ တို့ ချည်းသာ
ပါပါရဲ့သား နောက်ကထား။
မထွေးအသားခါးလှတယ်
ချောင်းငယ်ရေနဲ့ ဆေးပါမယ်
ချောင်းငယ်ရေချမ်း နွေမှာခမ်း။
မြစ်ငယ်ရေနဲ့ ဆေးပါမယ်
မြစ်ငယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်
ပင်လယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေ ဘယ်မခမ်း မထွေးအမိဖမ်း ဖမ်း ဖမ်း။


ဘယ်သွားနေလဲ မောင်ရေခဲ
ကန်တော်ကြီးကို ကားနဲ့ဆို၊
ဘာတွေစားလဲ မောင်ရေခဲ
ခေါက်ဆွဲဆန်ပြုတ် ကြက်သားသုပ်။
ဘယ်ချိန်ပြန်လဲ မောင်ရေခဲ
ညဉ့်နက် သန်းခေါင် မနေပေါင်။

ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို ရောက်လို့ဆို။
ဘာနဲ့ သွားလဲ မရွှေဖဲ
လှည်းယာဉ်ကြော့ကြော့ တမော့မော့။
ဘာတွေစားလဲမရွှေဖဲ
ကြာဆံလက်သုတ် မုန့်ဖက်ထုပ်။
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။

ပြန်စဉ်းစားရင်း မောင်ရေခဲ မရွှေဖဲတောင် ကဗျာ အပြည့်မမှတ်မိတော့ဘူး၊ မှားရင်ပြင်ပေးကြပါ၊ ကျေးဇူးတင်လျက်

ဖတ်ကြည့်ချင်သေးလား....

Thursday, March 13, 2008

Magic - Criss Angel

David Cooperfield လိုဘဲ Criss Angel က မျက်လှည့်ပညာ ကောင်းတာ တွေ့ ရပါတယ်။ မြန်မာပြည်က သူငယ်ချင်းတွေ က ကြည့်နိုင်မယ်တော့ မထင်ဘူး။ သူ့ မျက်လှည့် ဗီဒီယို အများကြီးထဲက ရှောက်သီးထဲ လီမွန်ထဲ့ လီမွန်ထဲ ကြက်ဥထဲ ကြက်ဥကို အကောင်ဖောက်ပုံ၊ တိုက် အမြင့် တခုပေါ်က နေ နောက် တိုက် အမြင့်ပေါ် ဈာန်နဲ့ သွားပုံ၊ မိန်းခလေး တဦးကို သူ့ ကိုယ်ထဲမှ ဖောက်ထွက်လာစေပုံ၊ ရေကူးကန်ရဲ့ ရေပြင်ပေါ်မှာ ဈာန်နဲ့ လမ်းလျှောက်ပုံကို ဖော်ပြလိုက်ပါတယ်။ (ဒီည ၁၂နာရီမှာ လန့်နိုးလာလို့  သူ့ မျက်လှည့်တွေ ကြည့်နေတာ မနက် ၃နာရီ အထိဘဲ ဒီ၎ခုကိုတော့ သဘောကျလို့ တင်လိုက်ပါတယ်။ သူ့ ဗီဒီယိုတွေ အတော်များပါတယ်။ အားလုံးကြည့်ချင်စိတ်မရှိတော့လို့  ကြည့်သမျှထဲက စိတ်ဝင်စားစရာ ကောင်းတာဘဲ ဝေငှလိုက်ပါတယ်။ အခု ပြန်အိပ်လိုက်ပါအုန်းမယ် ။။။ ခေါ ခလော ခေါ ခေါ ခလော..)









ဖတ်ကြည့်ချင်သေးလား....

Video - Best Magician of the world

ဒေးဗဒ်ကော်ပါဖီးရဲ့ မျက်လှည့်ပညာ ကို တွေ့ ဘူးကြမှာပေါ့။ အခု လက်တွေ့ ကျကျ အတော်ဆုံး မျက်လှည့်ပညာရှင်တဦး အကြောင်း အီးမေးလ်ထဲ ရောက်လာလို့  ဝေမျှလိုက်ပါတယ်။ ပြုံးပျော်ရွှင်နိုင်ကြပါစေ....


ဖတ်ကြည့်ချင်သေးလား....

Tuesday, March 11, 2008

Poem - For you.....

ညီမငယ်တဦးက ဂျေက ကဗျာ မခံစားတတ်ဘူးလို့ ပြောတယ်၊ ထင်ကြစရာဘဲလေ။ အချိန်အခါသင့် အခွင့်သင့်ရင် ကဗျာ ခံစားတတ်ပါတယ်။ လောလောဆယ် ဖီလင်မလာတဲ့ အတွက် ကိုယ်ပိုင် ကဗျာရေးချင်စိတ် မရှိပါဘူး။

သို့ သော် ဘလော့ကာခရီးထွက်တုန်း ဖတ်ရတဲ့ ကဗျာတွေ ကို Version ပြောင်းပေးခဲ့ပါတယ်။ အခုထိ ဘလော့ကာ ၃ဦးအတွက် ရေးပေးခဲ့ဘူးပါတယ်။ မူရင်းရေးထားတဲ့ ကဗျာကို ဖတ်ပြီး Version ပုံစံပြင်ရေးတာ မိုလို့ နဂိုကဗျာရဲ့ စိတ်ကူးလေးတွေကို စာသားပြောင်းရေးတဲ့အတွက် လက်တန်းပြင်နိုင်ခဲ့ပါတယ်။ ကဗျာအဖွင့်တွေ ကိုယ်ထည်တွေ စဉ်းစားစရာမလိုတဲ့ အတွက် ရေးသားချိန် ၁၅မိနစ်- ၂၅မိနစ်သာ ကြာပါတယ်။ ရေးချင်စိတ်ရှိနေသဖြင့် ထိုသို့ မြန်ခြင်းဖြစ်သလို ကဗျာမှာ လည်း အလွန်ရသ မမြောက်တာ ကိုယ်တိုင် စိတ်တိုင်းကျ မဖြစ်တာ ၀န်ခံပါတယ်။ သို့ သော် ထပ်ပြီး ခေါင်းခြောက်မခံချင်တော့သဖြင့် ဒီအတိုင်းထားလိုက်ပါတယ်။


ကိုချစ်ဦးဆိုဒ်မှာ ရေးထားတဲ့ ဖူးစာကဗျာလေးကို Version ပြောင်းထားခြင်း

" ဖူးစာ "

အွန်လိုင်းကို အရင်းခံ
ရင်းနီးခဲ့ ဘလော့မှယ်

သစ္စာဆို တိုးလို့ ဖန်တယ်
ဒီဇင်ဘာ ရင်တွင်းမှာကွယ် နွေးတဲ့ ချစ်ဘဲ....

ဖွင့်လိုက်တိုင်း ကွန်ပျူတာ
ရင်ခုန်ရ မော်နီတာမှာ
ဧမြတဲ့ မျက်နှာနုငယ်
မောင့်ရင်မှာ တုန်လှုပ်ပါတယ် ချစ်ငွေ့ က သဲ....

လက်ချိုးလို့ မျှော်မိတယ်
တူနှစ်ကိုယ် နီးဖို့ ရယ်ကို
ကြိုးစားတဲ့ ဒီချိန်မယ်
စကန့် သံ ရှည်ကြာရက်တယ်
(မောင့်ရဲ့ရင်ထဲ) လွမ်းဆက်ဝေဆဲ...

မိနစ်ကို နာရီစား
ရက်ကိုတဲ့ လကမြိုတယ်
မဟာစံသူ ညှိ့ငင်အားမယ် ရူးမိ မောင် ဘဲ....


ကိုတောသားဆိုဒ်မှာ ရေးထားတဲ့ ကဗျာလေးကို Version ပြောင်းထားခြင်း

"တိတ်တခိုး"

လေအသွဲ့ မှာ ယိမ်းနွဲ့ လို့ 
တိမ်းလိုက်တဲ့ သူ့ ဟန်ရယ်
မွေးရနံ့ တွေ သင်းပျံလို့ 
လန်းဆန်းလှတယ်။

မခို့ တရို့  သူ့ ဟန်ရယ်
နမ်းလုမိ ကိုယ့်မှာကွယ်
ထွေးထားတယ် မောင့်အိမ်မက်မယ်
အသဲထဲ ငြိစွဲ ။

ရှက်ပြုံးတုံ့  ခေါင်းငုံ့ စွာ
တုန့်ပြန်တဲ့ လှယမင်းရယ်
တိုးလို့ တာ ချစ်မိပါတယ်
ပျော်မ၀ ရင်ထဲ။

လှမ်းလိုက်မယ် တပွေ့ ပိုက်ရယ် လို့ 
ကြိုလိုက်မယ် ချစ်သဲရယ်
မမှီပါ အမြင့်ပန်းကိုလှ
အားငယ်စွာ ငေးမှိုင်ဆွေးတယ်
ရင်ထဲနာဆဲ။

ကိုဆင်ခရို ရေးထားတဲ့ ကဗျာလေးကို Version ပြောင်းထားခြင်း

"ဆင်ခရိုတံဆိပ် ကိုယ်ရံတော် ဓါတ်ဘူးလေး"

ချစ်သူသက်နှင်း လှယမင်း…
မိုးဖိနပ်ကိုနင်း တိုင်းခန်းလှည့်ရင်
ထပ်ခြပ်မကွာ နောက်တော်ပါး မှ
ကာကွယ်ပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ဝေဟင်ခရီး ဓါးမိုးဆီးရင်
သဲသက်ကို နှင်း
လမ်းရှင်းပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ခုနှစ်ပြည်ထောင်မင်း စစ်ခင်းခဲ့ရင်
နှတ်ဖွင့် မလို မျက်ရွဲပင့်ထို
တွန်းလှန်ဖြိုမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ဘ၀အိမ်မက် လှစေဖို့ တွက်
ထီးတော်ကိုမိုး ပန်းတော်တိုး လို့ 
မျက်လုံးပြူးကျယ် ဘီလူးဖြစ်လဲ(အဲ မှားသွားလို့ )
ညစောင့် ဒရ၀မ် (မှားပြန်ပြီ)
စောင့်ကြပ်ပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
မင်းတွက်ဆိုရင် ဘ၀ ဖြန့် ခင်း
သွေးသားကိုရင်း သဲသက်နှင်းရ်ျ
ပေးဆက်ပေးမယ် ယုံပါကွယ်။

ချစ်သူသက်နှင်း လှယမင်း…
ပင်ပန်းနွမ်းနယ် နားယူချင်ရင်
ကိုယ့်ဧရိပ်မယ် နားလှဲ့ ထိပ်ထား
တဖ၀ါး မခွာကိုယ်ပါ ယုံပါကွယ်။

အခုလောလောဆယ်တော့ ဘာမှ လုပ်ချင်စိတ် ရေးချင်စိတ်မရှိလို့  ပို့ အဟောင်းဘဲ တင်လိုက်ပါတယ်

ဖတ်ကြည့်ချင်သေးလား....

Monday, March 10, 2008

Technology - Latest News Fuel

ဓါတ်ဆီဈေး မတရား ထိုးတက်မှု့ ကြောင့် အင်္ဂလန်နိုင်ငံသည် ရေနွေးငွေ့ အင်ဂျင်ခေတ်ဖြစ်သော ကျောက်မီးသွေး ရာစုနစ်သို့ ပြန်လည် ဆုတ်ခွာမည်ဟု ကြားသိရပါသည်။ မီးသွေးမှ မလိုအပ်သော မီးခိုးများ ရေနွေးငွေ့ မှ ရေငွေ့ များ ကိုတတ်နိုင်သမျှ မပြန့်လွှင့်ရန် သို့မဟုတ် မီးခိုး၊ရေနွေးငွေ့ များမထွက်ရန် နောက်ဆုံးပေါ် ခေတ်မှီနည်းများ ကြံဆနေကြောင်း။ ထို့ အပြင် အင်္ဂလန်နိုင်ငံရှိ လျှပ်စစ်ဓါတ်ရုံးများ မတရား အမြတ်ပေါ်မှု့ ကြောင့် ဓါတ်ကားများအတွက် တီထွင်မှု ရပ်ဆိုင်းဘွယ်ရှိကြောင်း အေဂျင်ဆီမှ မှန်းဆလိုက်ပါကြောင်း၊ (ထင်ရပါကြောင်း) အာရပ်နိုင်ငံ၊ အာဖရိကနိုင်ငံ၊ မြန်နာနိုင်ငံ(မမာနိုင်တော့ဘူး) တို့ မှ ဓါတ်ဆီဈေးနှုန်းများ ကို လစ်လျှူရှုရန် ကြိုးစားနေပါကြောင်း (ထင်ရပါကြောင်း)
ပုံ
လိပ်တက်ယုန်တက်လီမီတက် ကားအေဂျင်ဆီ

ဖတ်ကြည့်ချင်သေးလား....

Food - Diamond Biscuit

အင်္ဂလန်နိုင်ငံရှိ အသက်၄၉နစ်အရွယ် Mrs Stead ဆိုသူသည် သူမမွေးနေ့ နံနက်တွင် လ္ဘက်ရည်သောက် မုန့် စားနေစဉ်တွင် ဘီစကစ်ထဲမှ အရာတခုကို ကိုက်မိရာ ထွေးထုတ်ကြည့်လိုက်သော အခါ စိန်လုံးတလုံး ထွက်ကျလာသည်ကို တွေ့ ရသည်။
DiamondBiscuit2

DiamondBiscuit
အမှန်တော့ ဒီအဖြစ်အပျက်က မကောင်းပါဘူး။
ထိုအကြောင်းအရာအတွက် မုန့် ထုတ်လုပ်သည့် ကုမ္မဏီမှ တောင်းပန်စကားပြောကြားခဲ့သည်။ မည်သည့် ကျောက်အမျိုးအစားနှင့် အစားအသောက်တွင် မသန့် ရှင်းသည့် အရာ ပါလာသည့်အတွက် တောင်းပန်ပါကြောင်းသိရပါသည်။

ဖတ်ကြည့်ချင်သေးလား....

Sunday, March 9, 2008

Technology - Car - AirCar လေကား

ဒီတခါ သူ့ အလှည့်ကျလာ တာကတော့ လေကား


aircar2
airCarထုံးစံအတိုင်း အသေးစိတ်သိလိုသူများ မေးလ်လိပ်စာပေးမေးပါက သတင်းကို ပို့  ပေးပါမည်။

ပုံ
လီမီတက် ကားရှိုးရွန်း
(လိပ်တက် ယုန်တက် ကြောင်တက်)

ဖတ်ကြည့်ချင်သေးလား....

Friday, March 7, 2008

True Story - Meditation တရားထိုင်ခြင်း

တရားထိုင်ပါက ရောဂါ အတော်များများ သက်သာ ပျောက်ကင်းစေတယ် ဆိုတာ လူအများ လက်တွေ့  အကျိုးခံစား သိနေ ကြပါတယ်။ ဒါ့ကြောင့်လည်း ခရစ်ယာန် ဘာသာဝင်တချို့  တရားထိုင် နေကြ ပါတယ်။ လက်တွေ့  အကျိုးကျေးဇူး တခု ပြောရရင်ဖြင့်...

ဆောက်လုပ်ရေး အလုပ်သမား တဦးဟာ လုပ်ငန်းခွင်မှာ ကျင်းထဲရောက်နေစဉ် အရှင်လတ်လတ် မြေမြုပ်သလို မြေဖုံးအုပ်သွားခဲ့ပါတယ်။ ၅မိနစ်အတွင်းမှာ လေမလုံလောက်မှု့ ကြောင့် သေဆုံးနိုင်သော်လည်း မြေကြီးအတွင်းထဲမှာ တရားမှတ်ပြီး ခန္ဓာကိုယ် သွေးလေ လှုပ်ရှားမှု့ ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အသက်ကယ်သူများအနေဖြင့် သူ့ အား မြေကြီးထဲမှ တူးဖော်ကယ်ယူရန် ၂နာရီခန့် ကြာမြင့်ပါတယ်။ တရားမှတ်ခြင်းအကျိုးကြောင့် လေမရှိသော မြေကြီးထဲတွင် ၂နာရီအထိ အသက်ရှင် နေသည်ကို တွေ့ ရပါမယ်။
အသေးစိတ်သိလိုပါက subject - Meditation ဟုရေးပြီး စာရေးဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Technology - ပင်လယ်ရေလွှာပေါ်က အိမ်ဂေဟာ

ပင်လယ်ရေပြင်ပေါ်က ပေါင် ၄သန်း တန်တဲ့ အိမ်..


floatHouse2
floatHouse
floatHouse4
floatHouse3
floatHouse5

Notice: Please request me for detail information. Subject - floathouse

joyful4all2008@gmail.com

ဖတ်ကြည့်ချင်သေးလား....

Health - Scientist will cure TB in 5 yrs

သတင်းကောင်းတခုကတော့ သိပ္ပံပညာရှင်များက တီဘီရောဂါ အမြစ်ဖြတ်နိုင်မဲ့ နည်းပညာ (ဆေးပညာ) ကို ၅နစ်အတွင်း အကောင်ထည် ဖော်နိုင်မည် ဟု ကြားသိရပါသည်။

အသေးစိတ်သိလိုသူများ မှတ်ချက်တွင် email address, Name, blog name(optional), subject-health TB ဟု ပေးပို့ ပါက သတင်း အသေးစိတ်ကို ပေးပို့ ပေးပါမည်။
ကျေးဇူးတင်ပါသည်

ဖတ်ကြည့်ချင်သေးလား....

Wednesday, March 5, 2008

Technology - Car Show room ကားရှိုးရွန်း

ဟီးဟီး ဘလော့ကာတွေက အထင်ကြီးနေတာ။ ကားတွေ ကားတွေ အသစ်တွေချည့်ဘဲ။ အင်္ဂလန်က လူတွေ တောင် မစီးဘူးကြ သေးဘူး။ ဒီဇိုင်းအသစ်တွေ ထွင်တာ စမ်းသပ်အောင်မြင်ရင် သတင်းစာထဲ ထဲ့ကြော်ငြာ တာကို မ လာ သို လာ ပြီး ဒီကားရှိုးရွန်း မှာ တင်ပြထားတာ။ ဈေးကွက်တောင် မရောက်သေးဘူး။ အသေးစိတ် အကြောင်းစုံ သိချင်ရင် မေးလ်ပို့ ပြီးမေး ပြောပြမယ်..
(အဟီ်း အနော်လည်းမ၀ယ်နိုင်လို့ ကြော်ငြာ ပွဲချား လုပ်နေတာ)
ကားများ ထပ်ဝင်လာ နိုင်သည်။ လာငမ်းနိုင်သည်။ အခုလဲ ကားရှိုးရွန်း လုပ်နေတာ ဇီးသီး(Series) က ဆက်အုန်းမှာ ... ဆက်ရ်ျမျှော်ပါ...

ပုံ
နောက်ဆုံးပေါ် လိပ်တက် ယုန်တက် မော်ဒယ်တက် ကားရှိုးရွန်း

ဖတ်ကြည့်ချင်သေးလား....

Technology - Electric Car ဓါတ်ကား 2

အာရပ်နိုင်ငံ အာဖရိကနိုင်ငံနဲ့  မြန်မာနိုင်ငံက ထောင်ကြွလွန်းသော ဓါတ်ဆီဈေးအတွက် အံတုရန် ဓါတ်ကား

Car_elect2_1

Car_elect2_2
အသေးစိတ်သိလိုသူများ စာရေးဆက်သွယ် ပြီး မေးမြန်းနိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Tuesday, March 4, 2008

Technology - ရေကား

ခွက်စုတ်လေးနဲ့  ပက်တာ လောက်တော့ ........ ရေ တာ ပေါ့ .... ရေ တာပေါ့

lifecar2

lifeCar

ဗြဟ္မာမင်း သိကြားမင်းတို့  ထိုင်တဲ့ ကျောက်ဖျာ လည်း ဓါတ်ဆီဈေးက မိုးပေါ် တက် ဆောင့်ထိုး နေလို့  ကွဲအက်နေပြီ။ အခုလာပြီ တန်ခူးမှာ သိကြားမင်း အတွက် စီးတော်ယာဉ် သင်္ကြန်ကား.... ရေနဲ့  မောင်းလို့ ရတဲ့ ကား ရေကား လာပြီ..

အသေးစိတ်သိလိုသူ များ joyful4all2008@gmail.com, Subject: Water Car ဟု မေးလ်ပို့  တောင်းခံ နိုင်ပါသည်။ မည်သူမည်ဝါ ဆိုသည် ဘလော့ကာအမည် ကို ဖော်ပြပါက သတင်း အသေးစိတ် ကို မေးလ်ဖြင့် ပို့  ပေးပါမည်။

ဖတ်ကြည့်ချင်သေးလား....

Monday, March 3, 2008

Food Prawn vegy

ပုစွန်ခွက်ကြော်

ချိုနွယ်ဦးက မုန့် ကျွေးရမယ် ဆိုတော့ မတင်ဖြစ်တဲ့ ပို့  လေး တင်ဖြစ် သွားပါတယ်။

ကျန်းမာရေးအတွက် အစားမရှောင် ခင် နောက်ဆုံးနေ့ အနေနဲ့  ပုစွန်ခွက်ကြော် ကြော်စားခဲ့ သေးတယ်။ ကိုအဲန်ဒီဆီက နည်းလေးဖတ်ပြီး ၀ယ်ထားတဲ့ ပဲပင်ပေါက်နဲ့ ပုစွန်ဆိတ်လေးကြော်ဖို့ စဉ်းစားတယ်။ သူငယ်ချင်းကို မတွေ့ ရတာ ကြာတော့ ဖိတ်ထားတာနဲ့  စားစရာ အဆန်းလေး ကျွေးဖြစ် သွားတယ်။

ပထမကိုအဲန်ဒီရဲ့ နည်းအတိုင်း အမှုန့် ဖျော်တာဘဲ အရည်ကျဲတော့ ကြော်လိုက်တဲ့ အခါ အဆင်မပြေဘူး။ ဒါနဲ့  ပစ်သွားအောင် ရောရင်းနဲ့  စားကောင်း သွားတာဘဲ။

၁. တန်ပူရာ မှုန့်  (ကြော်ပြီးခါစတွင် ပွကာ ကြွပ်ကြွသော်လည်း အေးလျှင် ပျော့သွားသည်။)
၂. ကောက်ညှင်းမှုန့်  (ကြော်ရာတွင် ပွစေသည်။)
၃. ဆန်မှုန့်  (အကြော်အေးလျှင် မာစေသဖြင့် စားကောင်းသည်။ မပွပါက ဂျပ်ခဲဖြစ်နိုင်သဖြင့် တခြားအမှုန့် ရောသင့်သည်)
၎. ပဲမှုန့် (အကြော် ချိုစေသော်လည်း အကြော်မကျွပ်ကြွပါ။)
၅. ဆား
၆. အချိုမှုန့်  (မကြိုက်လျှင် မထဲ့ပါနှင့် ပဲမှုန့် က ချိုစေပါသည်။)

၁၊၂၊၃၊၄ အားလုံးကို ဆတူရောပါသည်။ ကောက်ညှင်းမှုန့် ကိုအားလုံးထက် တ၀က်သာထဲ့ပါသည်။ မုန့် နစ်ရည်မှာ့ ပစ်ပစ်ဖြစ်သင့်သည်။ သို့ မှသာ ပဲပင်ပေါက်နှင့် ရောနယ်ရာတွင် မုန့် နစ်များ ပဲပင်ပေါက်တွင် ကပ်နိုင်ပါသည်။ ဆီထဲ ထဲ့သောအခါ ပစ်သဖြင့် မုန့်နစ်သားများ အောက်ဘက်သို့  ကျမသွားသဖြင့် စားကောင်းသလို အကြော်လှ ပါသည်။

ပုဂံပြားထဲတွင် ပဲပင်ပေါက် လက်တဆုပ်ထဲ့၊ မုန့် နစ်ရည် ၄ဇွန်းထဲ့ နယ်ကာ ဆီအိုးထဲတွင် ပြားပြား ၀ိုင်းဝိုင်းလေး ဖြစ်အောင် ဖြန့် ထဲ့ပါသည်။ မုန့် နစ် ပျစ်သဖြင့် လက်ဖြင့် လိုသလို ပုံဖော်နိုင်ပါသည်။ ပြီးလျှင် ပုစွန်ကို မုန့် နစ်ရည်ထဲ ထဲ့ကာ ပဲပင်ပေါက် အပေါ်တွင် တင်လိုက်ပါသည်။

မုန့် နစ်သည် ပုလင်းထဲမှ ငရုတ်ဆီလို ပစ်ပစ်ခဲခဲ ဖြစ်သင့်သည်။ ပဲပင်ပေါက်တွင်ကပ်နေသလို လိုသလို ပုံဖော်နိုင်သည်။ ပုစွန်ကို မုန့်နစ်တွင်နစ်ပြီး ပဲပင်ပေါက်ပေါ်တင်ရာတွင် လည်း မုန့်သားကပ်သဖြင့် ကြွပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Saturday, March 1, 2008

General - Mother's day

အမေများနေ့ လို့ ခေါ်တဲ့ မတ်လ ၂ရက် ကို ရောက်ပြီ။


ပြောရရင် မာမီတို့ နေ့  အမေတို့ နေ့  လို့ ပြောရမှာဘဲ စာရေးသူက ကြီးတော်ဘကြီး က ပြန်မွေးစားထားတော့ မိဘ၄ပါးရှိနေတော့ မိခင်တွေအကြောင်းပြောရမယ်ဆိုရင် ကိုယ့်ကိုမွေးတဲ့ အမေထက် မွေးစားအမေ အကြောင်း ဘဲ ရှိပါတယ်။

စာရေးသူက ကိုယ်ဖြစ်ခဲ့တဲ့ အကြောင်း ကို ပြန်သတိရလို့ ပြောရရင်ဖြင့်
အမေ့လက်ထဲမှာ...
အူဝဲလို့ အော်ငိုတဲ့ တလဆေးရုံးဆင်းပြီဆိုကထဲက (မွေးတဲ့အမေ)မာမီက (သူ့ အမအိမ်)အမေ့အိမ်က နေတယ်။ နောက်ဆုံးအိမ် ပြန်တော့ အူဝဲကို အမလက်ထဲထားခဲ့ရတာ သနားစရာတော့ကောင်းသား။ မထားလို့ လဲ မဖြစ်။ ကလေးနဲ့ အမေက အသက်လုနေရတော့ အမကိုရောင်းစားခဲ့ရတယ် ဆန်တပြည် ငွေတမတ်နဲ့ ။ အရင် သီလရှင်ကြီးဆီရောင်းတာလဲ မရတော့။ အပြီးအပိုင်ရောင်းခဲ့ရပါရော။ ၂ဦးစလုံးအသက်ရှင်ဖို့  က ပိုအရေးကြီးတာကိုး။

ကလေး ကိုချီပြီး အတယ်က ရွာရိုးတလျောက် သားသည်အမေတွေဆီ ကလေးနို့ တိုက်ပေးဖို့  တအိမ်ဝင် တအိမ်ထွက် အလည်ထွက်ရတယ် ပြောရရင် အိမ်နီးချင်းတွေကို တောင် အမေခေါ်နိုင်တယ်။ တချက်စို့ ဘူး သူ့ ကျေးဇူးပေဘဲ။ စာရေးသူမှာ မိခင်တွေ ပေါမှပေါ (အခုစာရေးမှ သတိထားမိတာ ပြောတာ။)

ကလေးငိုလို့ ချော့သိပ်ရင် မေမေ့သီချင်းက ဘယ်တော့မှ မရိုးနိုင်တဲ့ သီချင်း တိန် တိန် တိန် .. တိန် တိန် တိန်... နဲ့  အိပ်လို့ ကောင်းမှကောင်း၊ ကြောက်ရင် မေ့မေ့ ရင်ခွင်ထဲ ခေါင်းဖွက်ထားတယ်။ ငိုလို့ မေမေက ချီပြီး တိတ်တိတ်မငိုနဲ့ နော် လို့ ပြောရင် မျက်ရည်တွေ မေ့မေ့ ပုခုံးပေါ်သုတ်လိုက်တယ်။ (ကျလာတဲ့ နှပ်တွေရော အဟင်း... ၂ခါ၃ခါသုတ်လိုက်တော့ မျက်ရည်ရော နှပ်တွေရော မျက်နှာမှာ အပြည့်ဖြစ်မယ် လို့ အခုမှ စာရေးရင်း တွေးမိတယ် ငါ့နယ်နှော်)

ထိုင်နေရင်း မျက်နာသစ်ပြီးသား။ င်္အကျီလဲပြီးသား။ ပေါင်ပေါင် အဖွေးသား။ ပါးစပ်ဟရုံနဲ့ ဗိုက်ပြည့်ပြီးသားဘဲ။ အမေ့ခွံ့ သမျှ မြိုချတယ်။ သူများခွံ့ ရင် ဘာရမလဲ ဖူး ဆိုပြီး ခွံ့ တဲ့သူမျက်နှာတော့ အဖွေးသားဘဲ ဒန့် ဒန့် ဒန့် 

မနက်မိုးလင်းရင် မျက်လုံးအရင်မဖွင့်သေးဘဲ ဘေးကို လက်နဲ့ စမ်းရတယ်။ အမေ့မတွေ့ ရင် အာပြဲကြီးနဲ့  အမေရေ... လို့ အော်ပြီ အမေ မလာမချင်းမရပ်ဘူး။ ပဲပြုတ်သည်တောင် လန့် သွားရမယ် ငှဲငှဲ

အမေက ဂျေ့ လက်ကို ကိုင်ရင် ဖွဖွလေးကိုင်တာ။ ဘယ်တော့မှ မရိုက်ဘူးဘူး အဲတသက်နဲ့ တကိုယ် အမေရိုက်တာ တချက်ဘဲ ရှိတယ်။ ရေမိုးချိုးပြီး ရုရှားပြန် နွဲ့ နွဲ့ စမ်းလာမယ်ဆိုတာ အောက်ဆင်းဆော့လို့ ချော်လဲ နဖူး ၂ဖုထွက်တော့ အမေစိတ်တိုတာ။ သစ်သားခွေးခြေလေးပေါ်ထိုင်ရင်း ၀ါးခြမ်းပြားလေးနဲ့ ခြေသလုံး တုတ်တုတ်လေးကို တချက်.... နာပါဘူး။ အမေ့ကြောက်လို့ ငိုတောင် မငိုရဲဘူး။

ငယ်ငယ်ထဲက တိုက်ကွမ်ဒိုချန်ပီယံ။ စောင်ဆိုရင် ခနခန အကန်ခံရတယ်။ အမေဆို ညည ၁၀ခါမက ဘူး စောင်ထထ ခြုံပေးရတာ။ ခုမှ သနားမိတယ်။

အမေထဲ့ပေးတဲ့ နေ့ စဉ်ထမင်းဘူးကို ကြည့်ပြီး (တက္ကသိုလ်က)သူငယ်ချင်းတွေ က ပြောတယ် ဘုရားဆွမ်းတော်တင်တာ ကျနေတာဘဲတဲ့။ ငါးဆို နွင်ပြီးသား။ ကြက်သားအရိုးမမြင်ဘူးဘူး။ ဒန့် ဒလွန်ဆိုတာ အကြည်ရောင်အဖတ် ရှည်လမျှောလေး (အသားနွာပြီးသား)။ လိမ္မော်သီး ဆိုရင် လိမ္မော်ရောင် အရည်ဖုလေးတွေဘဲ တွေ့ ဘူးတာ။ လိမ္မော်သီးအမြှေးပါး မစားတတ်တာ ခုထိဘဲ။

ကဲ ဒီအထိဘဲ ရေးချင်တယ် ထပ်ရေးရင် စိတ်မကောင်းစရာတွေ ပါလာမှာစိုးလို့ 

မာမီအကြောင်းဆက်မယ် ... အမေက ငါ့ကလေးကို ၀အောင်ကျွေးနော် ဂရုစိုက်နော် လို့  အိမ်ပေါ်ကနေ ကားထဲ ၀င်တဲ့ထိ တဖွဖွ မှာတယ်။ မာမီက အမကလေးကို ကျမမွေးတာ မပူပါနဲ့ 
ဂရုစိုက်ပါမယ် ဆိုပြီး အာမဘန္ဒေ ခံပြီးခေါ်လာရတယ် ။ တနေကုန် အမတွေ အကိုတွေနဲ့ ဆော့ပြီး ညအိပ်ရင် မေမေ့လို အနားမှာ ဖက်သိပ်မဲ့သူမရှိတော့ ၀မ်းနဲလိုက်တာ။ မေ့မေ့ရင်ခွင်ကိုလွမ်းတယ်။ ဗြဲ အမေ့အိမ် ကျန်ပို့ပေး.... တညလုံးဘဲ ဒါနဲ့  ဒယ်ဒီက အငိုမတိတ်ဘူးလား စာအုပ်ကြီးနဲ့ ကိုင်ပေါက်မယ် ပြောတော့။ စာအုပ်ကြီးဆိုတာ ဘယ်လိုသတ္တ၀ါပါလိမ့်။ ဆက်ငိုလည်း ပုခုံးပေါ်တင်ချော့မဲ့ အမေလဲ မရှိ။ ညဘက် တယောက်ထဲအိပ်ရမှာ။ ၀မ်းနဲ ကြောက်ကြောက်နဲ့  ကြိတ်ငိုရတယ်။ အမေနဲ့ တိုင်ပြောမယ်လို့  ခဲထားတယ်။

မာမီက သူ့ အမစကားနားထောင်ပါတယ် ကျွေးပြီးတိုင်း ဗိုက်လှန်ပြရတယ်။ ဗိုက်ကလေး ပူတင်းမှ စိတ်အေးတယ်။ မကောင်းဘူး အမေဆို မစမ်းဘဲနဲ့ သိတယ်။ သူမသိရှာဘူး။ ဗိုက်အစမ်းခံရတာ နာတယ်။ အမေနဲ့ တိုင်ပြောမယ် ဟင်း

အမေမသိအောင် မာမီက ဟင်းတွေ အတင်းကျွေးတယ်။ မစားဘူးဆို မစားဘူး ပါးစပ်အတင်းစေ့ထားတယ်။ မာမီက နှားခေါင်းပိတ်တော့ ပါးစပ်ဟလာတာနဲ့ အတင်းခွံ့ တယ်။ ဘာရမလဲ လျှာနဲ့ အတင်းတွန်းထုတ်တာပေါ့။ မာမီသွေးပါတယ်လေ ခေါင်းမာတာ.. လျှာနဲ့ အတင်းတွန်းထုတ်တော့ အစာရဲ့အရသာကို လျှာ က စမ်းမိရော။ ဒါနဲ့ အသာလေး မြိုချလိုက်တယ်။ မာမီကတော့ ကြွားတယ် အမကလေး ပုန်းရည်ကြီးနဲ့ စားတယ် ဆိုတော့ အမေ ရင်ဖိရော။

အဲ မကြိုက်လို့ ရှိရင် အတင်းခွံ့ တဲ့ မာမီ့လက်ကို ကိုက်လိုက်ရော အတင်းကျွေးတယ်လို့  အမေနဲ့ တိုင်ပြောမယ်

မမတို့ ကျောင်းကပြန်လာရင် စားစရာတွေ ပါပါလာတယ်။ မှတ်မိတယ် ပေတံလေး။ မမက ချိုးပြီး ပါးစပ်ထဲခွံ့ ပေးတယ်။ သကြားချောင်းကို ပေတံလို လုပ်ထားတာ။ ဒါနဲ့ နောက်တခု ကောက်ဝါးလိုက်တယ် မာမာကြီး။ သူတို့ က ခဲဖျက်ပုံစံ သကြားချောင်းမလုပ်တာ ဆိုးတာဘဲ။ မမလတ်က ကျွေးတော့ သူမသိအောင် မှားဝါးလဲ အမေနဲ့ မတိုင်ပြောဘူး။

မမကြီးကတော့ ဂျေကို ၀လို့ ခနခန လက်မောင်းဆွဲလိမ်တယ် ကိုက်တယ်။ သူ့ ဆိုသိပ်မုန်းတာဘဲ။ လက်မှာ နီရဲပြီး လိမ်ထားတဲ့ အရာကြီးသွေးချေဥတာ ၂ရက်တောင်။ တခါ သူကိုက်တာ သွေးတောင်ထွက်တယ်။ အမေနဲ့ တိုင်ပြောမယ်။

မမလေးကတော့ ဂျေအချစ်တုံးမမ သူဘဲ သီချင်းဆိုသိပ်တယ် ထမင်းခွံ့ တယ်။ အိပ်မယ်ဆိုရင် ချစ်သောမောင်မောင် ဆိုတဲ့ ချိုပြုံးသီချင်း မှ ဂျေက အိပ်တယ်။ ၀င်းဦးရဲ့ သီချင်းတွေကို မအိပ်တဲ့ အချိန် သူ့ ပေါင်ပေါ်ထိုင်ရင် နားထောင်တယ်။ သနားပါတယ် ဂျေက ၀တော့ သူခမျာ အကြာကြီး ချီမထားနိုင်ဘူး

မမငယ်ကျတော့ ဂျေနဲ့ အရွယ်တူတယ် သူ က ပိန်ပိန်သေးသေးလေး။ ဟီးဟီး သူ့ ပေါ်တက်ထိုင်လိုက်ရင် သူခမျှာ တအီးအီးနဲ့ အော်နေရတယ်။ ဟောဒီမှာ မာမီရေ ကျနော်အပေါ်ဂျေ တက်ဖိနေတယ် လို့ အော်ရော အမတွေ က ဂျေကို ပွေ့ ချီသွားမှ သူ့ ခမျှာ အအော်ရပ်ပြီး လှုပ်ရှားနိုင်တာ။ သူ က ခနခန အိပ်ယာပေါ်မှောက်အိပ်တတ်တယ်။ သူ အိပ်ပြီဆိုတာနဲ့  ဂျေက ချစ်လို့ အမကိုယ်ကို မွေ့ ယာသဘောထားပေးပြီး အိပ်ပေးတဲ့ ဟာကို။ ဂျေကို မ ပြီး ပွေ့ ချီရတာ မလွယ်ဘူး။ ဂျေ့ ခြေထောက်က ပင့်ကူသိုင်းကွက်နဲ့ 

အမေများနေ့ မှာ မွေးမေ ကျွေးမေ နဲ့  တခါစို့ဘူးအိမ်နီးချင်းအမေများနဲ့  အမေလို ပြုစုခဲ့သော အမများကို ဂုဏ်ပြုပြီး ဒီစာကိုရေးလိုက်ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */