Friday, March 14, 2008

True - Poem တမ်းခြင်း

ကျနော် ၄တန်းမှာ သတင်းစာစဖတ်ပါတယ်၊ အကို ဆရာဝန် တဦးက တိုက်တွန်းလို့ ဂျာနယ်၊မဂ္ဂဇင်းတွေ စာမျက်နှာတိုင်း၊ စာတလုံး မကျန် ဖတ်ပါတယ်။ ၄တန်းကျောင်းပိတ် တော့ တိုင်းရင်းမေအဟောင်းထဲမှာ ကလောင်သစ် ကဗျာနှင့်အယ်ဒီတာ့အဖြေ ကိုဖတ်ရပါတယ်။ အယ်ဒီတာက ကာရန်ရှိတဲ့ ကဗျာကိုသာရွေးပြီး၊ ကာရန်မရှိတဲ့ ကဗျာကိုပယ်ပါတယ်။ ကဗျာဆိုတာ ကာရန်မရှိရင် ကဗျာ မတွင်ပါဘူးဟု ရေးပြီး ပစ်ပစ်နှစ်နှစ်ဝေဖန်ထားပါတယ်၊ ဘယ်စာအုပ်မဆို ကာရန်အပြည့်နဲ့ ကဗျာသာ ဖော်ပြပါတယ်။ ဂျေက အဲဒီအဆိုကို ရင်ထဲစွဲနေပါတယ်။ မြန်မာဖတ်စာ မှာသင်ကြားခဲ့ရတဲ့ ဦးပုည ဦးဇော်ဂျီ ဦးမင်းသုဝဏ် ဦးတင်မိုးတို့ ရေးခဲ့တာ ကာရန်နဲ့  နုနုရွရွကဗျာ လေးတွေပါ၊ ရွှေစွန်ညို ၀ါဆိုဝါခေါင် ကဗျာလေးတွေဟာ တသက်မမေ့နိုင်တဲ့ ၄တန်းမြန်မာစာဖတ်စာအုပ်ထဲက ကဗျာလေးတွေပါ။ ဘော်ဒါတွေ ဖတ်စာအုပ်ပိတ်ပြီး အော်ဟစ်ရွတ်ဆိုခဲ့တာ ပြန်စဉ်းစားရင် မနေ့ တနေ့ ကလိုခံစားရပါတယ်။ အခု ဘယ်နေရာကြည့်ကြည့် ကာရန်ကဗျာကို တွေ့ ဖို့ ခဲယဉ်းပါတယ်။ ခေတ်ပြောင်းတယ် ပြောမလား ခေတ်နှောင်းတယ် ဆိုမလား အရိုးစွဲနေတဲ့ ကာရန်ရှိတဲ့ ကဗျာ ကိုသာ စွဲစွဲမြဲမြဲ ဖတ်မိ ရေးမိ ဖွဲ့ မိပါတယ်။

ဟိုဘက်ကမ်းက မီးထိန်ထိန်
ဒီဘက်ကမ်းက မီးထိန်ထိန်
ဆီမီးတွေလင်းပါတဲ့ မနှင်းတို့ အိမ်


ဝါဆိုဝါခေါင် ရေတွေကြီးလို့ 
သပြေသီးမှည့် ကောက်စို့ကွယ်
တို့လည်းလိုက်မယ် ချန်မထားနဲ့
အုန်းလက်နွားလေး ထားခဲ့မယ် သွားမယ် သွားမယ်

ရွှေစွန်ညို ဘာကိုလိုလို့  ၀ဲပါတယ်
မထွေးလို လို့  ၀ဲပါတယ်။
မထွေးမပါ တို့ ချည်းသာ
ပါပါရဲ့သား နောက်ကထား။
မထွေးအသားခါးလှတယ်
ချောင်းငယ်ရေနဲ့ ဆေးပါမယ်
ချောင်းငယ်ရေချမ်း နွေမှာခမ်း။
မြစ်ငယ်ရေနဲ့ ဆေးပါမယ်
မြစ်ငယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေနဲ့ ဆေးပါ့မယ်
ပင်လယ်ရေချမ်း နွေမှာခမ်း
ပင်လယ်ရေ ဘယ်မခမ်း မထွေးအမိဖမ်း ဖမ်း ဖမ်း။


ဘယ်သွားနေလဲ မောင်ရေခဲ
ကန်တော်ကြီးကို ကားနဲ့ဆို၊
ဘာတွေစားလဲ မောင်ရေခဲ
ခေါက်ဆွဲဆန်ပြုတ် ကြက်သားသုပ်။
ဘယ်ချိန်ပြန်လဲ မောင်ရေခဲ
ညဉ့်နက် သန်းခေါင် မနေပေါင်။

ဘယ်သွားနေလဲ မရွှေဖဲ
ဘုရားပွဲကို ရောက်လို့ဆို။
ဘာနဲ့ သွားလဲ မရွှေဖဲ
လှည်းယာဉ်ကြော့ကြော့ တမော့မော့။
ဘာတွေစားလဲမရွှေဖဲ
ကြာဆံလက်သုတ် မုန့်ဖက်ထုပ်။
ဘာဆုပန်လဲ မရွှေဖဲ
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။

ပြန်စဉ်းစားရင်း မောင်ရေခဲ မရွှေဖဲတောင် ကဗျာ အပြည့်မမှတ်မိတော့ဘူး၊ မှားရင်ပြင်ပေးကြပါ၊ ကျေးဇူးတင်လျက်

4 comments:

Khin said...

I like these poems very much

Emily said...

သိပ်ကို ကောင်းတဲ့ ကဗျာတွေပါ ကိုဂျေ။ အခုခေတ်မှာ ကဗျာဆိုတာ ကာရန်ပါမှ ပြည့်စုံမယ်လို့ ပြောလို့ မရတော့ပေမဲ့ ကာရန် နဘေပါလာရင် အရသာပိုပြီး ပြည့်စုံပါတယ်။ ကျွန်တော်လဲ ကာရန်ကို ချစ်တဲ့သူ တယောက်ပါ။ ဒီပို့စ်လေးအတွက် ကျေးဇူးပါ။

ထွန်း said...

ကဗျာကို ပြောင်းလဲသူတွေအတွက်က ကိုချီရွန် ပြောတာ မှန်ပေမဲ့ ခေတ်နှောင်းတယ်ဘဲ ဆိုဆို ကျနော်က ကာရန်နဲ့ကဗျာကိုသာ ရေးဖတ်ဖွဲ့ ပါတယ်။

ထွန်း said...

ဘလော့ရေးတယ်ဆိုတာ ကိုယ်လုပ်ချင်တာလုပ် တွေးချင်ရာတွေး ရေးချင်ရာရေးလို့ ရ တဲ့ ကိုယ်ပိုင်လွတ်လပ်မှု့ အပြည့်အ၀ရှိတဲ့ နေရာလေး ပါ။ ဘယ်သူကမှ ကန့်ကွက်လို့  မရသလို ဘာလုပ်ပါလို့ လည်း တိုက်တွန်းလို့  မရဘူးလေ။ ကာရန်နဲ့ ရေးချင်ရေး ကာရန်မဲ့ ရေးချင်ရေး။ ဖတ်ချင်ဖတ်မယ်။ မဖတ်ချင်ကျော် သွားမယ်။ ဒါမှ ဘလော့အရသာ ပေါ်တာပေါ့။ ကျနော်ဆိုလွတ်လပ်မှု့  ပျော်ရွှင်မှု့ ကို လိုလားတော့ ကျနော့်ဆိုဒ်မှာ စိတ်ချမ်းသာစရာဘဲ တင်ပါတယ်

 
/* EOT ----------------------------------------- */