Monday, December 31, 2007

Food - Vegetable rice ဒယ်အပေါက်ချက်နည်း ထောပတ်ထမင်း


တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကိုယ်ရောင် ကိုယ်ဝါ တောက်ပ ရစေ သတည်း


စာရေးသူ အလွန်အမင်း အံ့သြသွားပါသည်။ မှင်စာတစေက စာရေးသူ၏ မချက်ရသေးသော ဒန်ပေါက်လာစား သွားကြောင်း သတင်းပေးသွားသည်။ ထို့ ကြောင့် ဂဗြာဂယာ ချက်ရပေတော့မည်။

ကျန်နေတဲ့ အရိုးတွေကို အရည်သောက်ချက်၊ ဒိန်ချဉ်နဲ့ မဆလာနဲ့ နှပ်ထားတာကို ဒန်ပေါက် ကြက်သားချက်၊ အင်း ဒန်ပေါက် စားသွားတဲ့ သူ ဦး သွားတာမို့  ဒန်ပေါက် မချက်တော့ဘဲ ဒယ် အပေါက်ကိုဘဲ ချက်တော့မယ်။

ဒယ်အိုးထဲ ထုံးစံအတိုင်း ဂီးလို့ ခေါ်တဲ့ ထောပတ်ထဲ့တယ် သစ်ဂျပိုးခေါက်နဲ့  ပျဉ်းတော်သိမ်ထဲ့တယ် ကြက်သွန်ဖြူနီ မုန်ညင်းစေ့ခေါ်တဲ့ အမဲစေ့လေးတွေကို ကြော်တယ် မညှော်ခင် နနွင်းထဲ့ ချပြီး ရေဆေးထားတဲ့ ဆန်ထဲ ထဲ့တယ်။ ဆားနဲနဲ သကြားနဲနဲ ထဲ့ ထမင်းချက်တယ်။
အချိုးကတော့
ဆန် ၁ဗူး (မည်သည့် ခွက်မဆို)
ရေ ၁ဗူး (မာမာ စားလိုလျှင်) ၁.၅ဗူး(ဗမာအကြိုက် ပျော့ပျောင်းညင်သာသော ထမင်းစားလိုလျှင်)
သစ်ဂျပိုးခေါက် ၁လက်မ အရွယ် ၂တောင့် (ကြိုက်ရင် ပိုထဲ့ပါ)
ပျဉ်းတော်သိမ် အရွက် ၁၀ရွက် (ကျနော်က ကြိုက်တော့ ပိုထဲ့တယ် မွှေးတယ်)
ကြက်သွန်ဖြူ အမွှာ ၄မွှာ။ ကြက်သွန်နီ ၁ ဥ (အနံလောက်ဘဲလိုတော့ လျော့ထဲ့လဲရတယ်)
ဆား တီးဇွန်း သေး တ၀က် (ဆားလျော့စားကြပါ ကြီးတော်တို့ ဘကြီးတို့  အသက်ကြီးရင် နားလည် လာလိမ့်မယ်)
သကြား တီးဇွန်း ၁.၅ ဇွန်း
မုန်ညင်းစေ့ တီးဇွန်း ၃ဇွန်း (ထမင်းထဲမှာ မဲမဲလေးတွေနဲ့ လှတော့ ပိုလဲ ရတယ်)
ထောပတ် တီးဇွန်း ၁၀ဇွန်း (ထောပတ်ထမင်းမို လို့  ပိုထဲ့ဗျာ ၀မှာကြောက်ရင် လျော့ထဲ့)
နနွင်း တီး၁ဇွန်း (အရောင်လှအောင် လျော့ထဲ့လဲရတယ် ပိုထဲ့လဲရတယ်)
ချက်ရင်း ကြက်သွန်ဖြူနီ နီပြီး မုန်ညင်းစေ့တွေ ထစ်ထစ်ထစ်နဲ့  ပေါက်လာရင် ရေဆေးပြီး စစ်ထားတဲ့ ထမင်းထဲထဲ့။ ရေလိုသလိုထဲ့ ချက်ဗျာ။

Garden pea လို့ ခေါ်တဲ့ ပဲစိမ်း လုံးကို ထမင်းမကျက်တကျက်မှာ ထဲ့မွှေ။ ထမင်းကျက်ပြီးမှ ပြုတ်ထားတဲ့ ပဲနဲ့ ရောရင် ရတယ် ဆန်လုံးတော့ ကြေတယ်ဗျ။ ကျနော်ကျတော့ အချိန်လွန်မှ ကြည့်မိတာကြောင့် နောက်မှ ရောရလို့  ထမင်း ကြေလဲ ၀ါးရသက်သာတယ်ဆိုပြီး နောက်မှ ရောတယ်။

နှပ်ထားတဲ့ ကြက်သားတွေကို သကြားနဲနဲ မဆလာ ထပ်ကဲပြီး အိုဗင်ထဲမှာ ထဲ့ ဖုတ်ဗျာ။

အရည်သောက်ကတော့ အလွယ်ဆုံးဆို ရင် ရေနွေးဆူဆူထဲ ကြက်သွန်ဖြူ အပြားရိုက်ပစ်ထဲ့ အချိုလိုချင်ရင် ကြက်သွန်နီ များများထဲ့ ထုံးစံအတိုင်း အချိုမုန့် ကဲချင်ကဲ ဗျ။ ကြက်ရိုးထဲ့။ ငရုတ်ကောင်းနဲ့  ကုလားစာ မလိုက်ဘူး။ ကျုပ်ကတော့ ချဉ်ရည်ချက်မှာ မို့ လို့  ခရမ်းချဉ်သီးတွေ နဲနဲ ရော်ချင်တာတွေ စိတ်ပစ်ထဲ့တယ် ငရုတ်သီး နှပ်ထားတာ တဇွန်းပစ်ထဲ့တယ် ဆား သကြားထဲ့ချင်ထဲ့ ကုလားဟင်းက ငါးငံပြာရည် မသုံးဘူး ။ အဲ မချဉ်ရင်တော့ သံပုရာသီးထဲ့ပေးတော့ ပြီးပြီ ကျုပ်စားတော့မယ် နောက်မှ ဒတ်ပုံရိုက် ပြီးတင်မယ် ဒါ ဘဲ
တာ့တာ

ဖတ်ကြည့်ချင်သေးလား....

True story - Happy Birthday

မွေးနေ့ လာလည်သူအပေါင်းအားလုံး ၂၀၀၈ နစ်သစ်မှာ ...

မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ.














နစ်သစ်နဲ့  မွေးနေ့ ကို လာလည်ကြတဲ့ ချစ်စရာ့ ဘလော့ကာမောင်နှမတွေ အတွက်

ကိုယ့်အတွက်တော့ အရင့်အရင်ကလို မချက်နိုင်တော့ ရယ်ဒီမိတ် ချက်ပြီးသားတွေ ၀ယ်ပြီး ဖိတ်ထားတဲ့ ဘလော့ကာ မောင်နှမတွေကိုဘဲ ကျွေးတော့မယ်

အဆင်သင့်စားနိုင်တဲ့ အစာတွေဆိုတော့ နဲနဲဘဲ နွေးဖို့ ဘဲ လိုပါတယ် ကဲ စမယ် ရယ်ဒီ. . . .








ကိုယ့်မွေးနေ့ မှာ ကြာဆံကြော်မယ်၊ ကြက်သားသုပ်၊ နနွင်းထမင်း(ကုလားစာ)၊ ဘဲသားကော်ပြန့် 

(ဆရာစိုးထက် အတွက် ဂျပန်စာ) ဆော်လမွန်ငါး အစိမ်း ပါးပါးလှီးပြီး သံပုရာ၊ငံပြာရည်၊ဆား၊ပျားရည်စိမ် ဟင်း၊ ဆရာကိုစိုးထက်မိသားစုအတွက် အထူးစပါယ်ရှယ် ပေါ့ (အဲဒါ ငါးအစိမ်းပါ ကျောက်ကျောကျနေတာဘဲ စားကောင်းတယ် ရှလကာရည်၊ပဲငံပြာရည်၊ ပျားရည် နဲ့ ဆား ထဲ့စိမ်ထားတာ)



အင်္ဂလိပ် ၀က်အူချောင်းကြော်၊ ညီမလေး ညလေးအတွက် ပုစွန်သုပ်(ရယ်ဒီမိတ် ပလပ်စတစ်ခွက်)၊ အနောက်နိုင်ငံက စားတဲ့ ကြက်သားခါးပတ် (chicken kebab)၊ နောက်ထပ်လာမှာက ၀က်သားလုံးကြော်ပါ။

စားနေတုန်း သောက်ဖို့ က အချိုရည်ဖျော်ရည်တွေ ကတော့ လိမော်ရည်၊ ဘလူးဘယ်ရီခေါ်တယ် အပြာရောင်သစ်သီးဖျော်ရည် (BLUEBERRY JUICE)၊

သလဲသီးဖျော်ရည်၊ မန်ကျဉ်းသီးဖျော်ရည်၊ အမဲရောင်သစ်သီးကျွဲရိုင်း (BLACK BERRY ENERGY DRINK)၊ ပက်စီနဲ့  ..
အထူးစပါယ်ရှယ် ကောင်းကင်ကို၊ သင့်ကာ၊သုံည၊ကိုင(သွင်မောင်)၊ တေအုပ်စု(တေဇာတေ၊၀င်း၊ဘလင့်)၊ ကလူသစ်၊ အောင်အုပ်စု(အောင်ပင်လယ်၊ အောင်မျိုးဟန်၊ အောင်သူ၊ ငြိမ်းချမ်းအောင်)ကိုသင်္ကြန်၊ ကိုသူရိန်၊ ကိုရထား၊ကိုဇင်၊ ကိုရန်၊ ကိုအင်(အင်ဇလီ)၊ ကိုဘ၀၊ နဲ့  မူးချင်သူများအတွက် ကို မိတ်အင်ဒီတင်ကော့ညက်တခွက် (ကော့ကော့လေးလာပြီး ညက်ညောညင်သာစွာ ပြန်ရအောင်)၊ ဘီယာ၊ ဆိုက်ဒါ၊ ရှန်ပိန် တို့ ဖြစ်ကြပါတယ်။

အချိုတဲဖို့  က သစ်သီးတွေ နဲ့  ဂျပန် ဆန်မရွေး၊ သစ်သီးနာကထိုင်၊ ငါးမုန့် ကြော်၊ ဂျက်ဖာကိတ်ခေါ်တဲ့ ချောကလက်တင်ထားတဲ့ ဘီစကစ်ကိတ်၊ ရယ်ဒီမိတ်အုန်းသီးသစ်သီးကြော်၊ ဘယ်ဂျီယန် ချောကလက်၊
ဘယ်ဂျီယန် ချောကလက်မှုန့် လုံး (စားကောင်းတယ် ချောကလက်အမှုန့် တွေကို ပြန်ပြီးအလုံးလုံးထားတာ truffle)၊ ချောကလက်ကွပ်ကီး(နာကထိုင်)





ဖတ်ကြည့်ချင်သေးလား....

Sunday, December 30, 2007

General - Today what I eat. for gurus

ကဲ ယနေ့ အကျွန်ုပ် ဘာစားသလဲ ရော့ဗျာ


ကြည့်နေကြတယ်ဗျို့ 


ကိုသူရိန် ကိုဘလင့် ကိုသင်္ကြန် ကိုဈာန်


စာရေးသူ တယောက် ပါးစပ်ကြီးဟ ပြီး...
....


ဝါးတော့မလို့  အားလုံးက ကြောက်ပြီး မျက်လုံးပြူးကြည့်နေကြတယ် တွေ့ လား



ခေါက်ဆွဲသုပ်ရယ် စကန်ပီခေါ်တဲ့ ပုစွန်လုံးကြော် ရယ် ရွှေခေါင်းပြောင်ကြော်ရယ် ရေငတ်လို့  မြို့ ထဲ ဒိုးပြီ တာ့တာ

ဖတ်ကြည့်ချင်သေးလား....

Friday, December 28, 2007

True story - Happiest Time


တက်ရဲ တက်ကြည့်

အပျော်ဆုံး အချိန်လား သိပ်ရှိတာပေါ့ အများကြီးထဲက တခုပြောပြမယ် အဲဒါ ကိုရင်ဝတ်တဲ့ အချိန်ပေါ့

ကိုရင်ဝတ်တုန်းက မင်းသားလိုဝတ်ရလို့ သိပ်ပျော်တာဘဲ။ သူများတွေရဲ့ ဂုတ်ပေါ်တက်နေရလို့ တယ်မြင့်တဲ့ ငါပါကလား လို့ ဟီးဟီး

အလျှုမှာ လူတကာက ၀ိုင်းကြည့်တော့ ငှဲငှဲ မျက်နာပေးလေးနဲ့  ငြိမ်ငြိမ်လေးနေပြရတယ် ကြည့်ကြ ကြည့်ကြ မင်းသားနော်.. ပြောင်ပြောင်လက်လက်နဲ့  ပါးကွက်အ၀ိုင်းသားနဲ့  မင်းသား ကြည့် .. ကြည့်..

အလျှုလဲပြီးရော ဘုန်းကြီးကျောင်းမှာ ဆံချရတယ်။ ဆံပင်နှမျောလို့  ကြိတ်ငိုရတယ် ပြီးတော့ ဘုန်းတော်ကြီး ရဲ့ သင်တုန်းဓါးက မထက်တော့နာတယ် ထက်တဲ့ ဓါးပြောင်းပြန်တော့ ခေါင်းရှတယ် တော်တော်ခက်တဲ့ဘဘုန်းကြီး ။

ဘုန်းကြီးကျောင်းမှာ အသက်အငယ်ဆုံး ကိုရင်တွေ ပြီးတော့ ကျောင်းအမ မိသားစုဖြစ်နေတော့ ဘဘုန်းကြီးက မငေါက်ရက်ဘူး။ ဒါကြောင့် သိတတ်လိမ်ာစွာနဲ့  ညီအကို နှစ်ယောက် မျောက်လွဲကျော်ဖြစ်တယ်။ သင်္ကန်းလေး လည်ပင်းသိုင်း သစ်ပင်ပေါ်က ခုန်ချပြီး ဆူပါမင်းလုပ်ရတာအမော၊ သင်္ကန်းလဲ ဒီဇိုင်းမဲ့ကြေးနီရောင်ကနေ ဒီဇိုင်းမျိုးစုံဆေးဆိုးပန်းရိုက်ဘဲ တခါတလေ စိတဇပန်းချီဆရာတောင် အရှုံးပေးရတဲ့ ရောင်စုံဒီဇိုင်း သင်္ကန်းဖြစ်သွားတယ်။ တယ်တော်တဲ့ ကိုရင်လို့ ထင်ကြမှာဘဲ...

ညဘက်ရောက်တော့ ကိုရင်လေးတွေ ဆာမှာစိုးလို့ ဆိုပြီး ဒကာမကြီးကပ်ထားတဲ့ ဖျော်ရည်တွေ တခွက်ပြီးတခွက် တဗူးပြီးတဗူး တပုလင်းပြီးတပုလင်း သောက်လိုက် ဆော့လိုက် ပေါက်လိုက်နဲ့  နောက်ဆုံး ဘဘုန်းကြီးက ကိုရင်တွေ အိမ်ပြန်ကြွတော့ ဆိုပြီး ပညာစုံဘွဲ့  ပေးပြီး ကန်ထုတ် လိုက်တယ်။ အိမ်ရောက်တော့ ကိုရင်တွေ ကို မဆူကောင်းဘူးဆိုပြီး အခွင့်အာဏာအပြည့်နဲ့  ရှိသမျှ စားပွဲတွေ ကုလားထိုင်တွေ တခုပြီး တခု ခုန်ပြန်ကျော်လွှားပြီး ဘက်မင်းကိုရင်၊ စပိုင်ဒါ ကိုရင်၊ ပင့်ကူကိုရင်၊ ဆူပါမင်းကိုရင်၊ ရမ်ဘိုကိုရင်၊ တာဇံကိုရင် တမျိုးပြီးတမျိုး နည်းကုန်ဘဲမကုန်နိုင်ဘူး။ ၀ိနည်းလိုက်နာတာ ပြောပါတယ်....

တဖြည်းဖြည်းနဲ့  တပတ်ကနေ တလပြည့်တော့ အိမ်က ကြီးတော်ကြီးတွေ အဒေါ်တွေ အဖွားတွေ အမေအဖေက ကိုရင်တို့ ကို မကတော့ချင်တော့ဘဲ ခေါင်းခေါက်ချင် လာလို့  ကိုရင်ထွက်ခိုင်းတယ်။ တကယ်ခက်တဲ့ ဒကာတွေဒကာမတွေဘဲ။ ကြည့်စမ်း သာသနာ့ဘောင်မှာ သားတော်၂ပါးပျော်မွှေ့ တယ်ဆိုပြီး ပီတိမဖြစ်ချင်ကြဘူး။

လူဝတ်လဲဖို့ ပြောတိုင်း မျက်ရည်လက်နက်နဲ့  ခြိမ်းခြောက်ရတာ နောက်ထပ် ၂ပတ်ထပ်စွန်းလာတယ်။ နောက်ဆုံး လူဝတ်လဲရင် ဆူပါမင်းင်္အကျီ ၀ယ်ပေးမယ်ပြောတာနဲ့  မျက်ရည်စမ်းစမ်းနဲ့  မထွက်လို့ လဲမဖြစ် ကျောင်းက တက်ရတော့မယ်။

ကိုရင်ဝတ်ချိန်မှာ ဆူပါမင်း ဘက်မင်း စပိုင်ဒါလုပ်တုန်းက ချော်ကျပြုတ်ကျပေါက်ပြဲတဲ့ ဒူးခေါင်း လုံးဝမနာခဲ့တာ ကိုရင်ထွက်လဲပြီးရော ဘုတော့နာတော့ဘဲ တကဒဲ ကြီးတော်တွေ အဖွားတွေ သူတို့  ကုသိုလ်ရအောင် သောက်ပေးရတဲ့ အအေးဖိုးတွေ တောင် မနှမျှောဘူး ခုတော့ ... ကြိမ်လုံးနဲ့  ...

ကိုရင်ဘ၀ မှာလောက်ပျော်တာ မရှိဘူးထင်ပါရဲ့။ (ရီးစားမရခင်..)

ဘယ်သူတွေ တက်သလဲတော့မသိဘူး ကိုပီကေနဲ့  ကိုရန်အောင်က တက်တယ်ပြောတာနဲ့  တက်ခဲ့တဲ့ သစ်ပင် ကျခဲ့တဲ့ မြေကြီးနဲ့  ပေါက်ခဲ့တဲ့ ဒူးတွေ အကြောင်း (တူတော်မောင် မျောက်လောင်းလေး၂ယောက်အကြောင်း ကောက်နုတ်ချက်မှ) ရေးပြတာပါ။

တက်သမျှ လူများအားလုံးကို ဒီပို့ စ်ဖြင့် ကျေနပ်ပါလို့ ပြောပါရစေ.

တက်ချင်ရာတက် ရေးချင်ရာရေးမယ် ရေးချင်မှလဲရေးမည် အဘယ့်ကြောင့်ဆိုသော် စိတ်၏လွတ်လပ်မှုကို လိုချင်သောကြောင့် အနှောင်အဖွဲ့ ဖြင့် တုပ်နှောင်ခံရမှု မလိုချင်သောကြောင့်ဖြစ်ပါသဖြင့် စိတ်ဆိုးပါက အနူးအညွှတ်တောင်းပန်ပါသည်။ စာရေးသူ၏ စိတ်အလိုဆန်ဒအရသာ လုပ်ချင်ပါသည်။ ခွင့်လွှတ်ပါ။

ဖတ်ကြည့်ချင်သေးလား....

Friday, December 21, 2007

Food - Cognac

ကဲ ရော့ ပေါင် ၁သိန်း၅ထောင်တန်ဖိုးရှိတဲ့ ကော့ညက်င် Cognac အရက်တပုလင်း



ပြင်သစ်နိုင်ငံမှ The Beaute de Siecle အရက်ကုမဏီသည် ကုမဏ်ီသူဌေး ဟင်နက်စီ ပတ်ထရီအခ်ျ (ကေးလီယမ် ဟင်နက်စီ Killian Hennessy ) ၏ အနစ်၁၀၀မြောက်မွေးနေ့ နစ်ပတ်လည်အတွက် (အရက် တခွက်လျှင် ပေါင်၅ထောင် ပေးရသော အရက်ကို) အထူးစပါယ်ရှယ် ပြုလုပ်ထားသော သေတာ တွင်းထဲ့သွင်းရ်ျ ရောင်းချပါသည်။ Killian Hennessyသည် ကုမဏီ စတင် တည်ထောင် သော သူဌေးမျိုးဆက် မှ ၆ဆက်မြောက် သူဌေးဖြစ်ပါသည်။

အရက်သည် နစ်ပေါင်း ၅၀-၁၀၀နစ် သက်တမ်းရှိသဖြင့် ထိုတန်ဖိုးကြီးလှသော အရက်ကို လှပသော ခရစ်တယ်ပုလင်း တွင်ထဲ့သွင်းထားပါသည်။ ပုလင်းတွင် ၄ကာရက်ရှိ စိန်ထဲ့သွင်းထားပါသည်။ မှန်စီအလျူမီနီယမ်ချ သတူ သစ်သားသေတာ တွင် ကထီပါသား အောက်ခံအခင်းဖြင့် ထည့်သွင်းရောင်းချပါသည် ရောင်းဈေးမှာ ပေါင် ၁၀၅၀၀၀ ဖြစ်ပါသည်။

တပုလင်းကို တန်းစီထားကြပါရန် ဟင်နက်စီ ပတ်ထရီအခ်ျအား မွေးနေ့ အဖြစ်ပေးပြီး နောက်တပုလင်းကို အဲလစ်စဘက် တေလာ ၏ လူမှုဖူလုံရေးတွင် လေလံတင် ရောင်းချရန် လျူဒါန်းထားပြီး ဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, December 19, 2007

Food - Merry X-mas


English Christmas Dinner

And

Me


ကဲ ဘလော့ကာမောင်နှမတွေကို အင်္ဂလိပ် ခရစ်စမတ် နေ့လည်စာနဲ့ ပတ်သက်ပြီး ဗဟုသုတရအောင် တင်ပြမယ်

ပြီးခဲ့တဲ့ ၃ပတ်က အလုပ်ကကျွေးတဲ့ အင်္ဂလိပ် ခရစ်စမတ် နေ့လည်စာကို ကင်မရာမပါလို့  ရိုက်မပြနိုင်လို့  တခြားဆိုဒ်တွေထဲက ကူးပြလိုက်တယ်နော်

၁. အဓိက က ကြက်ဆင်သားဘဲ တာကီလို့ခေါ်တယ် ကြက်အကြီးစားဘဲပေါ့ အတွင်းကလီစာတွေထုတ်ပြီး သစ်စေ့တွေနဲ့ ရောထားတဲ့ ၀က်သားစင်းကော သူတို့အခေါ်က ၀က်အူချောင်းအသား ကိုထည့်ပြီး ကင်ထားတဲ့ အသားလွှာ နဲ့  ၀က်ပေါင်ခြောက်ကျွတ်ကျွတ်လေးကင်ထားတာ



၂. ဂေါ်ဖီထုပ်ပြုတ် ဂေါ်ဖီထုပ်ပေါက်စလေး တွေ စပရောက်လို့ ခေါ်တယ် (မကြိုက်ပါဘူး ခါးတယ်) ပိန်းကြက်ဥအရွယ်ရှိတယ် သေးလေ လှလေပေါ့ ကြီးတာမသုံးကြဘူး ဂေါ်လီလုံးအရွယ်ဆိုပိုကောင်းတယ်





၃. မုန်လာဥနီ ပြုတ်
၎. အာလူး ပြုတ် သို့ မဟုတ် အာလူးချောင်းကြော်
၅. ပူတင်းလို့ခေါ်တဲ့ ဂျုံ ကို ပုရုပ်ဆီဗူးပုံစံကြွပ်ကြွပ် ဖုတ်ထားတဲ့ ဂျုံမုန့် 
၆. ပန်းဂေါ်ဖီ (အစိမ်းရောင်) ပြုတ်




၇.မုန်လာဖြူ (သူတို့ မှာ မုန်လာဖြူ ၂မျိုးရှိတယ် ရန်ကုန်က မုန်လာဖြူကို သိပ်မသုံးကြဘူး။ ဒီကပေါက်တာက မုန်လာနီပုံစံဘဲ ၀ါညစ်ညစ်နဲ့  ပါစနစ်လို့ ခေါ်တယ် ) မီးကင်တာ သို့ မဟုတ် ပြုတ်ထားတာ





၈. ကြက်ဆင်နဲ့ တွဲစားတဲ့ ခလင်ဗယ်ရီဆော့ (cremberry sauce) အသီးက အနီရောင် အရေကြည်ကြည်လိုမျိုး အစိမ်းစားကြည့်တာ ချဉ်စုပ်စုပ်နဲ့  သူတို့ ကအရည်ရွဲရွဲပုံစံယိုထိုးစားကြတယ်။
၉. ဂျုံမုန့် ကို ရေနွေးဆူဆူထဲမှာ ခပ်ညိုညိုအရောင်ဖြစ်အောင် အရောင်တင်ထားတဲ့ ကော်ရည်


ကဲကြည့်ကြရအောင်

ပထမ starter ဆိုပြီး အသီး သို့မဟုတ် ပုစွန်၊သခွားသီးနဲ့ မရောနီး ရောထားတဲ့ တပုဂံ ။ အရက် ၊ ဖျော်ရည်တခွက်
ဒုတိယ ပုဂံပြားထဲမှာ ကြက်ဆင်သားကို လက်မ၀က်လောက် လှီးထားတာ ၂ပြားထဲ့(၃ပြားထက်မပိုဘူး)၊ ဂေါ်ဖီပြုတ်၊ မုန်လာနီပြုတ်၊ မုန်လာဖြူကင်(ပြုတ်)၊ အာလူးပြုတ်(ကြော်)၊ အာလူးပြုတ် (ခြေထားတဲ့အပျစ်)၊ ပဲစိမ်းလုံးပြုတ်၊ ဂျုံပူတင်း လာချလိမ့်မယ်။ အဲဒီမှာ ချဉ်ချိုအရသာ အနီရောင် ခရင်ဗယ်ရီဆော့ထဲ့ပြီး ကြက်ဆင်သားနဲ့ စားတယ် ဂျုံကော်ရည်ကို ဆမ်းပေးတယ်

နောက်ဆုံး ခရစ်စမတ် ကွတ်ကီး၊ အသီးမုန့် (mince pie)၊ ခရစ်စမတ် ပူတင်း ကို ကလင်နဲ့ စားတယ်။

ခရစ်စမတ် ကိတ်တို့  ပိုင်တို့  ပူတင်းတို့ အားလုံး စပျစ်သီးအရောင်စုံထဲ့ ဖုတ်တာချည့်ဘဲ အရက်ပါနဲနဲ ထဲ့ချက်ကြတယ် စပျစ်သီးက ချက်လိုက်ရင် အရသာ ပြောင်းပြီး အမြင်ကပ် ချင်စရာ ကောင်း လောက်တယ်။ နို့ ကလင် နဲ့  စားကြတယ်။ ခုတော့ ကပ်စတပ်လို့ ခေါ်တဲ့ အချိုကလင်နဲ့ ဘဲ ရောပြီး စားလိုက်တယ်။

စားလို့ လဲပြီးရော ဘေးမှာ ချထားတဲ့ ခရက်ကာ cracker သကြားလုံးပုံစံအကြီး ကို ဘေးနားကလူနဲ့  တယောက် တဖက် ဆွဲပြီး ဖောက်ရတာ ပျော်စရာဘဲ ၊ ကိုယ်ထည်ထဲမှာ ဘာရှိသလဲ အလုယက် ကြည့်ရတယ် အီဖေကိုယ်က ခေါင်းဖီးတဲ့ ဘီး မဲပေါက် သတဲ့ကွယ် ပြီးတော့ ခရစ်စမတ် ဦးထုပ်လေ... ကိုယ်က ရွှေရောင် ခရစ်စမတ် ဦးထုပ် ရတယ်။
(နောက်တယောက်က တော့ ဥာဏ်စမ်း ကလစ်လေး၊ နောက် တယောက်က စာရွက်တွဲတဲ့ ကလစ် ပလစ်စတစ် ပန်းရောင်နဲ့  ကလစ်အယ်စတုံကြီး ၄လက်မ လောက်ရှိတယ်၊ နောက်တယောက်က အံစာတုံး... )

အတင်းအုပ်ရရင်.........
ကြက်ဆင်သားကို မဆလာတို့  အရွက်တို့ နဲ့ ကင်တော့ နဲနဲ အနံ့မွေးပါရဲ့ ဘာမှ အရသာမရှိဘူး ၈ျုံကော်ရည်နဲ့  ယိုကယ်ပေလို့ မနဲ မြိုချရတယ်။ တကထဲ ဂေါ်ဖီပြုတ်က ခါးတယ် အာလူးကလည်း ဘာမှ အရသာမရှိ မုန်လာဖြူ ကင်ကတော့ချိုသလားမမေးနဲ့  ပဲစိမ်းနဲ့ မုန်လာနီပြုတ်က ဆားကယ်ပေလို့  နောက်ဆုံး ဖျော်ရည်နဲ့ မြိုချရတယ် ပြီးတော့ ပြုံးပြုံးလေးနဲ့  ပြောလိုက်တယ် သိပ်ကောင်းတာဘဲ လို့  ဟီး (မနဲမြိုချရတဲ့ မျက်နာရှုံ တွ မြင်ပြီး မှ ပြုံးပြတာ ဂလောက်ဆိုရင် သိလောက်ရောပေါ့) (ဆယ်လမွန်) ဆော်လမွန် အပြုံးလို့  ခေါ်တယ်

နောက်ထပ်ပြောရအုန်းမယ် နေ့ လည်စာဆို ရင် lunch ညစာဆိုရင် dinner ခုတော့ ဘယ်နယ်နေ့ လည် ကြီးကျွေးပြီး Traditional English Christmas Dinner တဲ့လေ ပြောပြောချင်ဘူး


ဟင်း .....မောပါ့ ........

အော်ကလီဆန်ပြီး အော့ကြောလန် ပြန်လာခဲ့ရတဲ့ အီဖေကိုယ် ....ရေသောကလိုက်အုန်းမယ်

ဖတ်ကြည့်ချင်သေးလား....

Tuesday, December 18, 2007

Advertisment

ပထမဆုံးနဲ့ first time သူများပို့ ကို ကြော်ငြာပေးတာပါ... ကြော်ငြာချင်ရင် လာပြောပါ ဟတ်ဟတ်

ဓါတ်ပုံချစ်ဦး
ပို့ စ်မှ ခွင့်လွှတ်လိုက်ပါတဲ့ ....






.သူ့ ရင်ထဲက ပေါက်ကွဲသံကတော့ ...
သူ့ ကဗျောင်ကို လက်သံပြင်းပြင်းနဲ့  ဗြင်းထားပါသည်
နဲနဲ ကွန့် မယ်ဟေ့... ကိုချစ်ဦး


" ဖူးစာ "

အွန်လိုင်းကို အရင်းခံ
ရင်းနီးခဲ့ ဘလော့မှယ်
သစ္စာဆို တိုးလို့ ဖန်တယ်
ဒီဇင်ဘာ ရင်တွင်းမှာကွယ် နွေးတဲ့ ချစ်ဘဲ....

ဖွင့်လိုက်တိုင်း ကွန်ပျူတာ
ရင်ခုန်ရ မော်နီတာမှာ
ဧမြတဲ့ မျက်နှာနုငယ်
မောင့်ရင်မှာ တုန်လှုပ်ပါတယ် ချစ်ငွေ့ က သဲ....

လက်ချိုးလို့ မျှော်မိတယ်
တူနှစ်ကိုယ် နီးဖို့ ရယ်ကို
ကြိုးစားတဲ့ ဒီချိန်မယ်
စကန့် သံ ရှည်ကြာရက်တယ်
(မောင့်ရဲ့ရင်ထဲ) လွမ်းဆက်ဝေဆဲ...

မိနစ်ကို နာရီစား
ရက်ကိုတဲ့ လကမြိုတယ်
မဟာစံသူ ညှိ့ငင်အားမယ် ရူးမိ မောင် ဘဲ....

ကဲကဲ အလကားကြော်ငြာပေးပြီးပြီ
ဒါဘဲ ဒါဘဲ
https://www.blogger.com/comment.g?blogID=4123733780379845711&postID=1764733871049338660

http://photochitoo.blogspot.com/2007/12/blog-post_5359.html

ဖတ်ကြည့်ချင်သေးလား....

Wednesday, December 12, 2007

Health - New Spiece

တိရိစာန် အသစ်တမျိုး လုံခြုံရေးကင်မရာတွင် တွေ့ ရှိရခြင်း ကြွက်ကိုယ်ထည် ၊ ၀က်နားခေါင်း နှင့် ယုန်နားရွက်





ဂိုဘီသဲကန်တာရ တွင် တိရိစာန်အထူးအဆန်းတကောင် ကို လုံခြုံရေးကင်မရာမှ ရိုက်ကူးမိခြင်း

တိုက်ရိုက်ကြည့်လိုပါက mms://a972.v266748.c26674.g.vm.akamaistream.net/5/972/26674/475d0df0/1a1a1a9b086f9d0162cb37b01d7ee75381e45381f66190066fd338a7d60838689fce3297fa2a61/jerboa101207.wmv တွင် ကြည့်နိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Tuesday, December 11, 2007

News - Voice from email

အီးမေးလ်ထဲက အသံများ (Ref: daily news paper)



















ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */