Sunday, August 31, 2008

Crime - မင်းဘယ်ပြေးမလဲ

ဖိလစ်ပိုင်နိုင်ငံတွင် ဆန်ဂိုဒေါင်မှ ဆန်အိတ်၎အိတ်ကို အလိုမတူဘဲ ခိုးယူထွက်ပြေးသူများသည် ဒင်းတို့ ခိုးယူသွားသော ဆန်အိတ်၏ ပြောကြားချက်ကြောင့် အဖမ်းခံလိုက်ရပါသည်။

၎င်းတို့ သည် အချက်ပေးဝါယာကြိုးနှင့် လုံခြုံရေးအချက်ပြများကို အောင်မြင်စွာ ဖြတ်တောက်ကာ ဆန်အိတ်များ ခိုးသွားနိုင်သော်လည်း ဆန်အိတ်တအိတ်သည် ခြံစည်းရိုးနှင့်ညှိပြီး ပေါက်ကာ ဆန်စေ့များ ထွက်ကျ နေသည်ကို သတိမထားမိကြချေ။

ထိုဆန်အိတ်၏ ပြောကြားချက် ဆန်စေ့လမ်းကြောင်း အတိုင်း ခြေရာခံ ရာမှ ငတက်ပြားကြီး ၄ဦး ကို ဖမ်းဆီး မိလိုက် လေသည်။

မှတ်ချက်။ ။ သူခိုးများသည် မြေပြင်တွင် ခြေတင်ကာ ပုခုံးထက်တွင် ဆန်အိတ်များ ထမ်းပြေးခြင်းကြောင့် လမ်းတလျောက် ဆန်စေ့လမ်းကြောင်း မှတဆင့် ခြေရာခံ ဖမ်းမိခံရလေသည်။ ကားဖြင့် ခိုးထုတ်လျှင် ဆန်အိတ်ပျောက်သည်ကို ခြေရာ ခံနိုင်မည်ဟု မထင်မိပါ။ သို့ သော် ရာဇ၀တ်ဘေး ပြေးမလွတ် မဟုတ်ပါလား။

ဖတ်ကြည့်ချင်သေးလား....

Friday, August 29, 2008

Foods - Cerebrity နံမည်ကြီးချင်သလား cereal နံက်စာဖြစ်ချင်သလား


နံမည်ကြီးချင်ရင် ကြီး ..... မကြီးရင် ... နံနက်စာဖြစ်စေ..

celebrity လား .... cereals လား ..........ဒါမှမဟုတ် နံမည်ကြီး နံက်စာ celebrity cereals လား .

Ryan Alexiev ဆိုသူ ပန်းချီ ပညာရှင်သည် နံမည်ကျော် ပုံတူ ပန်းချီများ ကို နံနက်စာ Cereals အရောင်စုံ များဖြင့် ပုံတူဖန်တီးခဲ့ပြီး ဆန်ဖရန်စစ္စ ပြပွဲ တွင် ပြသခဲ့ပါသည်။ ပုံတူ ပန်းချီများ ကြည့်၍ ဗိုက်ဆာကြပါကုန်..

အသင်ရော နံမည်ကြီး Cerebrity ဖြစ်လိုလျှင် (သို့) နံနက်စာ ဖြစ်ချင်ရင် အကျွန်ုပ် ဂျေထံ ဆက်သွယ်၍ စာရင်းပေးသွင်း နိုင်ပါ၏။

ပုံ
ဂျေ (နံနက်စာ_နံမည်ကြီး_အေဂျင်ဆီ)
Cereals Cerebrity AgencY

အဓိပါယ်မပေါက်သူများအတွက် ဘာသာပြန် ရရင်ဖြင့် ပန်းချီအနုပညာရှင် တဦးဟာ ပုံတူပန်းချီကားကို ရောင်စုံမုန့် ကြွပ်လေးများနဲ့ စီကာ ကပ်ခါ ပုံဖော်ထားတာပါ။ အရောင်သွေးစုံတဲ့ မနက်စာ Cerealsများ သိန်းနဲ့ ချီပြီး ရုပ်ကြွပုံ ပေါ်အောင် ဖန်တီးရတာ အလွန်သဘောကျလွန်းလို့ ပါ။ အရောင်ရွေးဖို့ စိတ်ရှည်ရတယ်။ လိုချင်တဲ့ ရုပ်ပုံပေါ်ဖို့ အထား အသို ပြင်ရတာ အလွန်လက်ဝင်တဲ့ အနုပညာဖြစ်လို့  သဘောကျလွန်းလို့ တင်လိုက်ခြင်းဖြစ်ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 27, 2008

Animal - (Cat အတောင်ပံနဲ့ ကြောင်) နိုင်ဂျံကား လာချင်သူများ အတွက် ..

အခု ဓါတ်ဆီဈေးတက်တာနဲ့  မော်တော်ကား၊ လေယာဉ်ပျံမလိုဘဲ ခရီးထွက်နိုင်တော့မယ်။

ဝေဟင်ခရီးကို လေယာဉ်မစီးဘဲ ... ဒိုးမယ်... လိုက်ကြမလား။

တကယ်ပါ။

မယုံရင်ကြည့်

တရုပ်ပြည်မှာ အတောင်ပံတပ်ပေးတဲ့ နည်းပညာတွေ တိုးတက် နေပါတယ်။ ဟိုတလောက လည်း အတောင်ပံပါတဲ့ ကောင်မလေး တယောက်အကြောင်း ရေးသားခဲ့ပြီးပြီ ။ အခုလည်း ကြောင်တွေကို အတောင်ပံ တပ်ပေးနေပါတယ် တဲ့ ....

ဓါတ်ဆီဈေးတက်တော့ ကိုယ့်ဖာသာ ကိုယ် အတောင်ပံနဲ့  ပျံရင် ပိုက်ပိုက် သက်သာတယ် ဗျ။

ကဲ ..... နိုင်ဂျန်ကား လာချင်သူများ အတောင်ပံ တပ်လိုလျှင် ကျနော့်ဆီမှာ လာရောက် စာရင်းပေးသွင်း နိုင်ပါပြီ။

သို့ သော် ယောက်ျားလေးများ အတောင်ပံတပ်လို လျှင် မ ဘ၀ သို့ ပြောင်းရမည်။

ပုံ
ဂျေ
အခမဲ့ လိပ်တက် ယုန်တက် သိုးတက် အကုန်တက် မိုးပေါ်တက် အေဂျင်ဆီ
ဆက်သွယ်ရန် - ဒတ် လှိုင်းများ မှတဆင့် ကော်ဗုံး + ဆီဗုံး တွင် ဘွတ်ခဲ့နိုင်သည်...

တချို့ ကပြောတယ် အတောင်ပံ ကျိုးတဲ့ နတ်သမီးတဲ့ ဟုတ်မှာဘဲ အတောင်ကျွတ်တဲ့ ကြောင်မလေးတွေ...

တရုတ်ပြည်Sichuan province ပြည်နယ်တွင် အပူချိန် မြင့်မားလာမှု့  ကြောင့် ကြောင်မလေးများ၏ နောက်ကျော တွင် အဖုအထစ်လေး များ ပေါ်ပေါက်ခဲ့ပါသည်။ နေ့ စဉ်နှင့် အမျှ အသားပိုလေးမှာ ကြီးထွားလာပြီး တလခန့် ကြာသော အခါ အတောင်ပံ နစ်ဘက် ဖြစ်သွားတော့သည်။

ထိုရွာတွင် ကြောင်မလေး အတော် များများ မှာ အတောင်ပံ ပေါက်နေကြပါသည်။ အသားပိုတွင် အရိုး အသား အမွှေးများ ပါသဖြင့် အတောင်ပျံပါသော နတ်သမီးများ ဟုပင် တင်စား နိုင်ပါတော့သည်။




မှတ်ချက်။ တပတ်ကျော်လျှင် ယခုပို့ စ်ကို ဖျက်ပြီး မျက်နာများတဲ့မောင် ခြေများတဲ့မောင် ပို့ စ် ထဲသို့  ပြောင်းရွှေ့  ထားမည် ဖြစ်ကြောင်း မကျေနပ်ပါက စာဖတ်သူ ကိုယ်တိုင် ပြောင်းရွှေ့ နေနိုင်ပါကြောင်း ...

Ref; Dailymail UK

ဖတ်ကြည့်ချင်သေးလား....

Monday, August 25, 2008

Not sO Funny - Titanic သို့ မဟုတ် တိုက်တယ်ရှင့်

Titanic အချစ်ဇတ်လမ်းရဲ့ သရုပ်ဆောင်တွေ Leonardo DiCaprio and Kate Winslet ကို အခု ပြန်လည် တွေ့ ဆုံပေးမဲ့ ရုပ်ရှင်ဇတ်လမ်း Revolutionary Road, ကို မင်းသမီး၏ ခင်ပွန်းသည် ဒါရိုက်တာ Oscar-winning American Beauty director Sam Mendes ကရိုက်ကူးနေပါပြီ။

Titanic နံမည်အလွန်ကြီးသလို ရုပ်ရှင်ထဲက ရိုက်ကွက်တွေ အားလုံးနီးပါး ဟာ သမိုင်းမှာ မှတ်တမ်းတင်စရာ ကောင်းလောက်အောင် ကို ကျန်ရစ်နေဆဲပါ။

ချစ်သူစုံတွဲတွေကတော့ သင်္ဘောဦး လှေဦးထိပ်မှာ မတ်တပ်ရပ်ရင်း အချစ်ဇတ်လမ်းလေးရဲ့ ရှုခင်းကို အခုလို...

ဒီရိုက်ကွက်လေးဟာ မရိုးနိုင်တဲ့ Romantic ရှု့ခင်းကလေးပါ။











သမ္ဗာန်စီးသည်ဖြစ်စေ၊ လှေစီးသည်ဖြစ်စေ၊ မော်တော်ဘုတ်စီးသည် ဖြစ်စေ၊ သင်္ဘောစီးသည် ဖြစ်စေ အဲဒီလိုမျိုးအတုယူပြီး ...........

အချစ်ရှုခင်းလေးကို .......

လှပအောင် ............

ကြိုးစားရင်း..............


တကယ်ပါဗျာ... တိုက်တင်းနစ်ဟာ ရေခဲတောင် ကို ၀င်တိုက်ခဲ့သလို .........

ရေခဲငှက်လေးဟာ လည်း ..၀င်အတိုက်ခံခဲ့ရတယ်..

အင်း..
မဖြစ်နိုင်ဘူး ထင်တယ်...
အစာလာကျွေးတာလည်း ဖြစ်နိုင်တာဘဲ..

အစိမ်းမကျွေးဘဲ ငါးကြော်ဆိုရင် ပိုကောင်းမယ်..

ဖတ်ကြည့်ချင်သေးလား....

မာရေးသျှင် နှင့် ဘော်တကာတို့ 


မာရေးသျှင်။ ။
သာစေ မာစေ ဆရာဂျေ ....
လာမလေ မကြာပေ ဆရာဂျေ

ဂျေ ။ ။
မဟာဆွေ သာနေ မာပါသလေ

မကြာပေ လာသလေ ကိုမာရေ

အထာတွေ မပါပေ ဒါတွေ
ဘော်တကာ ပါလေ စုံပါစေ

ပျော်စွာပေ ဘာရီတွေ မော့လေ
ရော့ပါလေ ယူလေ တ၀ပေ။

ပုံ
ဂျေ
ချီး.. ယား ပါဗျို့ ... အဲလေ... cheers ပါဗျို့ 
ဒတ်ဗုံ 1,2,3: Made In ဒီတင်
ဒတ်ဗုံ ၄.၅း funny.com












မကွိကွိ..အမြဲလာအားပေးတာကျေးဇူးတင်ပါတယ်..... ရော့ဗျာ....
မော့နိုင်ရင်..

မိန်းခလေးတွေအတွက်တော့ ဘာကြိုက်မှန်းမသိလို့  မတင်ထားဘူးခည မသောက်တတ်ရင်တော့ ခွင့်လွှတ်ပါ

ဖတ်ကြည့်ချင်သေးလား....

True story - Eye Test မျက်စိကောင်းသလား

ဘာပုံလဲ ???

ကျေးဇူးပြု၍ ကော်မဲန့် ထဲ ရေးခဲ့ပါ

စာမှီး funny.com

ဖတ်ကြည့်ချင်သေးလား....

Sunday, August 24, 2008

Funny - Landlord အိမ်ရှင် - ဟေ့ င့ါအိမ်လခ ပေး

ဟေ့ ဘယ်မှာလဲ င့ါအိမ်လခ
အော်ပြောဖို့  မလိုပါဘူးဗျာ
ပေး အခုပေး
ကျနော်ပေးမှာပါ
ပေး ခုပေး ငရဲသား
ကျနော်ကို မဆဲပါနဲ့ ဗျ
ငါတောင်းနေရတာ ပင်ပန်းလှပြီ

နေပါအုန်းဗျာ.. ကျွန်တော် အီးမေးလ်ထဲမှာ အသေချာရေးထဲ့ထားပါတယ် ငွေရှိလာရင် ပေးပါ့မယ်လို့ ရေးထားတာဘဲ
ငါ က အရမ်း အလုပ်လုပ်တာ တိကျမှ ကြိုက်တာ
၂ပတ်လောက် အချိန်ပေးပါဗျာ
မလိုချင်ဘူး ငါ့အိမ်လခ ခုလိုချင်တယ်
စိတ်အေးအေးထားပါဗျာ
နင် ၀၀၀၀၀၀၀
ဗျာ...
ငါ့အိမ်လခ လိုချင်တယ် ငရဲသားရဲ့
ကျူပ်ကို ငရဲသားမခေါ်နဲ ကျူပ်မှာနံမည် ရှိတယ် ကျူပ်နံမည် ကို ခေါ်
ခေါ်မယ် ငရဲသား... ငရဲသား .... ငရဲသား...

ဟီးအီးဟီးဟီး...(အိမ်ငှားငိုသံ)

ဟား ဟား ဟား .... ဟား ဟား ဟား .... ခစ် ခစ် ခစ်... (အိမ်ရှင်ရယ်သံ)

ကျနော် ကို ငိုအောင်မလုပ်ပါနဲ့ ဗျာ
မင်းကို အိမ်ပေါ်က ကန်ချမယ်
ကျနော် အလုပ်အဆင်မပြေလို့ ပါဗျာ.
ငါ မင်းကို လမ်းပေါ်ဆွဲချမယ်
တကယ်ပါဗျာ. အိမ်လခပေးနိုင်အောင် ကြိုးစားနေပါတယ် ... အလုပ်၃ခုလုပ်ပြီး ငွေစုနေရတာပါဗျာ
ငါ မင်းကို အမှုန့် ကြိတ်ပစ်မယ်
ခနလေးပါဗျ ခင်များ သိပ်စိတ်ကြီးတာဘဲ အေးဆေးပေါ့ဗျာ
မရဘူး ငါ့အိမ်လခလိုချင်တယ် မရဘူး ပေး ခုပေး
ဘာ့ကြောင့်များ အခုလို အတင်းတောင်းနေရလဲဗျာ ကျွန်တော့်မှာ အခက်ခဲရှိလို့ ပါ
ငါ့ငွေလိုချင်တယ် ပေး ပေး ပေး
ဘာ့ကြောင့် အသည်းအသန် ဖြစ်ပြီး ချက်ချင်း လိုချင် နေ ရတာလဲ
ငါအရက်သောက်ချင်လို့ ကွ
ကျနော့်ကို လာခြိမ်းခြောက်တာလား ခင်များ အရက်သောက်သလား
ငါ ဘီယာ၎ဗူးရမလား
ဟာ ခင်များက အရက်သမားကိုး အာ.. ကြည့်... မင်းမူးနေတာကိုး.. ငါသိပြီ..
မမူးပါဘူး ...ငါ ခြေမခိုင်လို့  ..... နဲနဲ ယိုင်သွားရုံပါ
ခင်များ အရမ်းမူးနေတယ် အိမ်လခအကြောင်း ဆွေးနွေးလို့ မဖြစ်ပါဘူး
ငါ ဘီယာ ယူသွားပြီဟေ့
ကောင်းပြီး ယူသွား ... နောက်နေ့ မှ ဆွေးနွေးမယ်
ဒီဘီယာဖိုး နဲ့  အိမ်လခကြေပြီနော်... ဒါဘဲ



မူရင်းကတော့ http://ca.youtube.com/watch?v=TxzzlTgHVGw
နောက်တခြားနံမည်နဲ့ တင်တာကို အောက်မှာ ဖေါ်ပြထားပါတယ်။


ယူကျု့ မှာ ကြည့်ဘူးတဲ့ ဗွီလေးပါ။ ကျွန်တော် အလွန် သဘောကျပါတယ်။ သူ့ ဗွီကို အပိတ်ခံရသေးတယ်။ နောက်ထပ် တခြားနံမည်နဲ့ ဗွီကို ပြန်တင်တာ တွေ့ ရပါတယ်။ အခု ကျွန်တော် ပြန်ကြည့်တဲ့ အချိန်မှာ ယူကျူ့ က ပြန်လက်ခံလိုက်သလိုဘဲ..

အိမ်လခလာတောင်းတဲ့ အမူးသမား အိမ်ရှင်ကလေးကို အိမ်ငှားက တောင်းတောင်းပန်ပန် ပြောတဲ့ ဇတ်လမ်းပေါ့။ အိမ်လခပေးဖို့  အိမ်ရှင်ပီပီ အိမ်ငှားကို ပြောလိုက်ဆိုလိုက်တာ ရစရာကို မရှိပါဘူး ..

ဒီဗွီလေးတင်ရတာက မြန်မာဘလော့ကာထဲမှာ ကိုမင်းသိုက်ထွန်းက ကိုရန်အောင်ကို သူ့ လက်ကျန် လာမျှတဲ့ပုံ ကို မြင်လိုက်လို့  တင်လိုက်တာပါဘဲ ။ တင်ထားတာ လူဖတ်နဲလို့  အခုထပ်တင်လိုက်ရပါတယ်

ပြုံးပျော်ရွှင်နိုင်ကြပါစေ
ဂျေ

ဖတ်ကြည့်ချင်သေးလား....

Friday, August 22, 2008

News - Burglar အထူးဆပ်ကပ် ကြည့်ချင်သလား

ကိုယ့်အတွက်သီးသန့်  ကပြတဲ့ ဆပ်ကပ် အထူးဆပ်ကပ် ကြည့်ချင်သလား

Paul Ives ဆိုသူသည် အလုပ်မှ အပြန်... အိမ်ခြံတွင်းသို့ ခြေလှမ်းမိ သော အခါ... ဒန့်  ဒန့်  ဒန့် ...

အိမ်ဖောက်ထွင်းဝိဇ္ဖာသည် မှန်ကို ခွဲ၍ အိမ်တွင်းဝင်ကာ ခိုးရန်ကြိုးစားချိန်တွင် သစ္စာမရှိသော သူ ၏ ဖိနပ်သဲကြိုးသည် သစ္စာရှိသော တံခါးဝချိတ် နှင့် ထိထိခြင်းဆိုသလို .....ခွဲခွာမရဖြစ်နေလေသည်။

သခင်ကို မငဲ့ညှာဘဲ ဖိနပ်သဲကြိုး သည် တံခါးဝနှင့် နှစ်ပါးသွား အကြည်ဆိုက် နေရာ သူခိုးသည် ၀က်သားကင်ဆိုင် တွင် မော်ဒယ်ဘွိုင်း ကဲ့သို့  တနေကုန် ပဲပေး နေရပါသည်။ သူ ဖောက်ထွင်း လိုသည့် အိမ်၏ အိမ်ကြီးရှင် မှ ညှာတာ သနား ဂရုဏာ မေတ္တာကြောင့် ရောက်ရှိလာသော ပုလိပ်နှင့် ဆေးမှုးတို့ ၏ တန်ခိုးတော် အရှိန်အ၀ါ တို့ကြောင့် ဒင်း၏ ဖိနပ်သဲကြိုး နှင့် တံခါးဝတို့ ချစ်ခြင်းကို အတင်းကာရော ခွင်းလိုက်ပြီး သကာလ.. မြေပြင်ပေါ် ခြေတင် လိုက်နိုင်ပါသည်။


ကယ်တင်သူ အိမ်ကြီးရှင်အားလည်း သူသည် သူခိုးမဟုတ် ကြောင်း ဖြေရှင်းကြောင်း၊ သူခိုးကို တွေ့  သဖြင့် မောင်းထုတ်ရန် ကြိုးစားချိန်တွင် ဖိနပ်သဲကြိုး ၏ နန့် နန့် ထခြင်းကြောင့် ဆပ်ကပ် ပြလိုက်ရကြောင်း ပြောကြား သည်ဟု သိရ ပါသည်။

သို့ သော် ....... သူ၏လက်သည် အိမ် ပြူတင်းပေါက် ကို ရိုက်ခွဲခဲ့သော တူတစ်ချောင်း ကို လက်လွတ်မခံ သစ္စာရိ
စွာ စွဲမြဲစွာ ကိုင်ထားရှိမှု့ ကြောင့် ဖောက်ထွင်းမှု့ သက်သေ အဖြစ် ဖမ်းချုပ်နိုင်လိုက်ပါသည်။


ဒါနဲ့  စကားမစပ်ဗျာ နန့် နန့် ထတဲ့ဖိနပ်နဲ့  သဲကြိုးဟာဖြင့် Pearce တံဆိပ်ပါ၊ ကြုံရင် ၀ယ်စီးပြီး ဆပ်ကပ်ပြချင်သူတွေ အတွက်ပါ...


မှီငြမ်း ။ ဒေးလီးမေးလ် ယူကေ

အဓိပါယ်မပေါ်သူများအတွက် စကားပြေရှင်းလင်းချက်မှာ... ဖောက်ထွင်းဝိဇ္ဇာ အိမ်တွင်းခိုးဝင်ရန် ကြိုးစားစဉ် ဖိနပ်သည် အ၀င် တံခါးဝနှင့် ညှိနေသောကြောင့် တနေကုန် အိမ်ရှင် ပြန်အလာ စောင့်ပြီး ပုလိပ်နှင့် ဆေးမှုးတို့  က ကယ်တင်လိုက်ရခြင်းကို ဟာသ နှော၍ ရေးထားခြင်းသာ ဖြစ်ပါကြောင်း..

ဖတ်ကြည့်ချင်သေးလား....

Thursday, August 21, 2008

News - သင့်ကားအတွက် စိတ်ချရသော ကားအစောင့် ငှားမည်။

ကားခိုးခံရမှာ ကြောက်သလား... မပူနဲ့ ...

လုံခြုံစေရမယ်။

အာမခံတယ်။

အသံတမျိုးကလွဲရင် ဘယ်တော့မှ ကားအခိုးမခံရဘူး။

မယုံဘူးလား ..

စိတ်မချရရင် မပြောဘူးဗျ။

ကားအစောင့်အတွက် လခလား... အင်း ဒါက .. နဲနဲတော့ များတယ်ခင်မျ..

တပတ်ကို ယုန်တကောင်ဗျ။

အသင် ကားစောင့် ငှားချင်ပါသလား။

ပုံ
ဂျေ
လိပ်တက် ယုန်တက် သိုးတက် အကုန်တက် ကားလီမီတက် အေဂျင်ဆီ

တောင်အာဖရိကတိုက်မှ Dr Makhathini, 37 ဆေးဆရာ သည် သူ၏ ကားအခိုးခံရ မည်စိုးသဖြင့် ကားထဲတွင် အာဖရိက ကျောက်မြွေ နစ်ကောင် Tiny ၁၀ပေ နှင့် Naughty ၁၂ပေ ကို ကားထဲ ထဲ့ပြီး ကားစောင့်ခိုင်း ထားပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 20, 2008

Funny (Animal) - အုန်းသီးပစ်ချန်ပီယံ သို့ မဟုတ် အိုလံပစ်ဗလရှဥ့်

လာပြီနော် လာပြီ အိုလံပစ် ဗလ ရှဥ့် ... လာပြီ

၂၀၀၈ အိုလံပစ်ပြိုင်ပွဲ တွင် ယူကေမှ ရှဥ့်ကလေးက အုန်းသီးကို မပြီး ဗလမောင်ချန်ပီယံဆု ဆွတ်ခူး သွားလေသည်။

(ဆောင်းတွင်း မရောက်ခင်မှာ အစာ စုဆောင်းနေကြတဲ့ ရှဥ့်ကလေး အုန်းသီး ကို တွေ့ သော အခါ...)




ပုံ
ဂျေ
အိုလံပစ် အထူးသတင်းဌာန
နေရာ - (ကွန်ပျူတာ ရှေ့ )

ဖတ်ကြည့်ချင်သေးလား....

Sunday, August 17, 2008

Poem - Candle ဖယောင်းတိုင်

(လောက အလှမှာ ပါလာတဲ့ ကလေး ကဗျာလေးတပုဒ်ပါ။)

ဖွေးဖွေးဖြူတဲ့ ဖယောင်းတိုင်
မီးစာကြိုးက အလယ်တိုင်။

ဖယောင်းလေးလဲ မမာနိုင်
ရည်ပျော်လောင်လို့  လင်းလို့ မြိုင်။

မီးတောက်လေးက လေတိုက်ယိုင်
မငြိမ်းစေနဲ့  အလင်းတိုင်
ဖယောင်းတိုင် ....
ဖယောင်းတိုင်..။

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 13, 2008

Need HELP! SOS - သင့်ကို အလိုရှိသည်။

ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းဟာ ဂျူလိုင်၂၀၀၉ ရောက်ရင် ယခုလက်ရှိ အသုံးပြုနေတဲ့ သင်္ဃန်းကျွန်း ဘုန်းကြီးကျောင်း ကနေ ဖယ်ပေးရတော့မယ်ဖြစ်ပါတယ်။

ရုံးခန်းထားဖို့ အတွက် အဖွဲ့ ပိုင် မြေတကွက် ဒဂုံမှာ ရှိပါတယ်။ အဲဒီ နာရေးကူညီမှုပိုင် မြေနေရာမှာ ကားထားဖို့၊ ရုံးလုပ်ငန်းတွေလုပ်ဖို့၊ သုခကုသိုလ်ဖြစ် ဆေးခန်းဖွင့်ဖို့၊ အသင်းရဲ့ လုပ်ဆောင်မှု တွေကို ဆက်ပြီး လုပ်ဆောင်ဖို့ အတွက် အဆောက်အဦး ဆောက်ဖို့လိုအပ်နေပါတယ်။

အဖွဲ့ ၏စည်းကမ်းချက်များအရ နာရေးကူညီမှုအတွက်သာ အသင်းပိုင်ငွေ(နာရေးကူညီဖို့ ဆိုပြီးလှုထားတဲ့ငွေ) ကို လုံလောက်အောင် သုံးစွဲ နိုင်ပါတယ်။ သို့ သော်လည်း လက်ရှိအသင်းမှာ ရှိတဲ့ငွေဟာ ရုံးအသုံးစရိတ်၊ အသင်းပိုင်အဆောက်အဦ၊ ကား စတာတွေကို ဆောက်လုပ်ဖို့၊ ၀ယ်ဖို့ကို သုံးခွင့်မရှိပါဘူး။

ထို့ ကြောင့် အသင်းရဲ့ အထွေထွေရုံးသုံးစရိတ်အတွက် သီးသန့်အလှုငွေလိုနေပါတယ်။ အဆင်မပြေရင် သုခကုသိုလ်ဖြစ်ဆေးခန်း ကို ပိတ်ရကိန်း ရှိနေပါတယ်။ အခမဲ့ဆေးခန်းပိတ်လိုက်ခဲ့ရင် ဆင်းရဲသား၊ အခြေခံ လူတန်းစား အများစု အတွက် နစ်နာမှုတွေ အခက်ခဲတွေ အများကြီးတွေ့ ကြုံလာရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ စာဖတ်သူနဲ့  မြန်မာပြည်သူတွေ အနေနဲ့  တတပ်တအားမှ ကူညီပေးစေလိုပါတယ်။

နာရေးကူညီမှု အသင်း နဲ့ဆက်သွယ် လျှူဒါန်းပေးကြပါ။

နီးစပ်ရာ လှုဒါန်း ကူညီလိုသူ တွေကို ပြောပြပေးကြပါ။ ဒီသတင်းလေးကို ဖြန့်ဝေပေးကြပါ။

သေကွဲကွဲခြင်းရဲ့ပူလောင်မှုဒဏ်တွေ အခက်ခဲဖြစ်နေကြသူတွေ ကို တတ်နိုင်သမျှ စာနာကူညီပေးနေသူတွေကို ၀ိုင်းဝန်းကူညီကြပါလို့  မေတာရပ်ခံလိုပါတယ်။

Hi ...

Regarding about how to donate to FFSS organization, .... if you are abroad, please refer to as follow:

(A) To direct deposit your donation to the FFSS bank account:

- Deposit donation to:
Routing # : 121000248
Acct # : 8504452510

- Send an email to ffss.ygn@gmail.com to inform us about your donation (with your contact information)

- A donation receipt from FFSS will be mailed to you.

(B) To mail a donation check or donation to FFSS from within the US:

- Make check payable to:
Philip Htoon (add note: FFSS donation)
8010 E. Wingspan Way
Scottsdale, AZ 85255

- A donation receipt from FFSS will be mailed to you.

To become a volunteer at Thukha Clinic, please feel free to contact or visit our office to pickup a form and submit it to become a volunteer at Thukha Clinic.

The FFSS (Yangon) Headquarters
Brahanavihara Pariyatti Sathindaik
Thudatthana Street 16/ Ward(2)
Thigangyun Township
Ph: +95-1-560333 , +95-1-578184
Thanks again.

Sincerely,

FFSS Executive Committee
With Saydana, Wathana, Akyinna and Annitna
The FFSS (Yangon) Headquarters
Brahanavihara Pariyatti Sathindaik
Thudatthana Street 16/ Ward(2)
Thigangyun Township
Ph: +95-1-560333 , +95-1-578184

ပုံ
ဂျေ

လမင်းခင်ဆီအလည်သွားရင်းနဲ့ တွေ့ ရတာလေးပါ။ ဒါ့ကြောင့် ထပ်မံတင်ပြ လိုက် ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

Tuesday, August 12, 2008

Poem - မပုကြွယ်ရဲ့ ခရုငယ်

လောကအလှမှာ အရွေးခံရတဲ့ ကလေးကဗျာ လေးတပုဒ်ပါ။ ဆရာမက စာအုပ်တဒါဇင် ခဲတံ၆ချောင်း ဆုချမယ် ဆိုလို့  လိုချင်တဲ့ စိတ်နဲ့  စာကြိုးစားပေမဲ့ ထုံးစံအတိုင်းစာမရတဲ့ ကလေး တယောက်က ခရုငယ်လေးရဲ့ ဇွဲနဲ့ ဝိရီယ ကို အတုယူပြီး အောင်မြင်မှု့ ပန်းတိုင်ကို ဆွတ်ခူးယူလိုက်တဲ့ ပုံပြင်ကလေးပါ။

၎တန်းမှာ သင်ကြားခဲ့ရတဲ့ ပုံပြင်ကလေးကို ကဗျာအဖြစ် ပြောင်းလဲ သရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။ ဤကဗျာနဲ့  ပတ်သက်ပြီး အမှားယွင်းရှိပါက တိုက်ရိုက် မေးမြန်း အကြံပေးနိုင်ပါသည်။


မပုကြွယ် ရဲ့ ခရုငယ်

စာဆိုချိန်တိုင်း ၀ိုင်းဟားတယ်၊
မပုကြွယ်လေး သနားဖွယ်။
စာမရပါ ကြိုးစားလည်း
အစဉ်အမြဲ ထစ်နေဆဲ။

စာရွတ်နိုင်ရင် ဆုပေးမယ် ၊
စာအုပ်ခဲတံ ဒါဇင်ကွယ်။
ကျက်တယ် မှတ်တယ် ကြိုးစားလည်း
မရနိုင်ဘဲ ထစ်နေဆဲ။


နောက်ဖေးဘက်က ခြံတိုင်မှာ၊
ခရုငယ်လေး တွယ်ကပ်ကာ။
တရွှေ့ ရွှေ့ နဲ့ တက်လာသေး၊
ပြုတ်ကျပြန်ပေါ့ မြက်ပင်ဘေး။


ကျလေပေမဲ့ ပြန်တက်တယ်၊
ကြိမ်ဖန်များစွာ ကြိုးစားတယ။်
အံ့သြပါတယ် တိုင်ထိပ်ရောက်၊
ခရုလေး ရဲ့ ၀ိရိယကြောင့်။

ခရုငယ်က သင်ဆရာကွယ၊်
မပုကြွယ်လေး လိုက်နာတယ်။
ကျက်ကာမှတ်ခါ အခေါက်ခေါက်၊
မင်္ဂလာ့သုတ် အာဂုံမှောက်။


ဝိုင်းဟားနေကြ ဖော်သဟာရယ်၊
အံ့သြဂုဏ်ယူ ချီးကျူးတယ်။
မပုကြွယ်ရဲ့ ကြိုးစားမှု့ ၊
ခရုငယ်ရဲ့ သွန်သင်မှု့ ။


လိုက်နာကြကွယ် ကလေးတို့ ရယ်၊
ကံဥာဏ်ဇွဲ နဲ့  ၀ိရိယမယ်။
ကျင့်ကြံကြပါ မလွဲမှောက၊်
အောင်မြင်ပန်းတိုင် လက်ထဲရောက်။

ပုံ
ဂျေ
joyful4all2008@gmail.com

ဖတ်ကြည့်ချင်သေးလား....

Monday, August 11, 2008

Technology - ဆေးလိပ်ဖြတ်လိုသူ များအတွက် လက်ဆောင် - ဓါတ်ဆေးလိပ်



ဆေးလိပ်ဖြတ်လိုသူ များအတွက် လက်ဆောင်


ကဲ ကျနော်တို့ တတွေ ဆေးလိပ်သောက်ကြတယ်။ ငွေကုန်တယ်ဗျာ။ င်္အကျီပေါက်တယ်ဗျာ။ ရင်ကြပ်တယ်။ သွားမဲတယ်။ စားသမျှ အသား မဖြစ်ဘူး။ ရောဂါရတယ်။ နောက်ဆုံး အဆုပ်ရောဂါ (အဆုပ်ရေ၀င်ရောဂါ) နဲ့ ဂန့်ကြတယ်။ မကောင်းတာ သိတယ် သို့ သော်....
အချိန်ရောက်ရင် ခံတွင်းချဉ်တယ်။ မသောက်ရ မနေနိုင်ဘူး။ ဆေးလိပ်ထဲမှာ လူကို ဒုက္ခပေးတဲ့ ဓါတ်၄၀၀ ကျော်နဲ့  ကတ္တရာစေး တွေပါတယ်။ ဒါတွေကြောင့် ရောဂါရတယ်ဗျာ။

ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတယ် နည်းမျိုးစုံ လေ့လာကြတယ်။ အခု နောက်ဆုံး ကျန်းမာရေးသိပ် မထိခိုက်မဲ့ ဓါတ်ဆေးလိပ် သောက်ရအောင်။

နီကိုတင်းအရည်လေးပါတဲ့ ဖန်ပြွန်လေးကို ဘက်ထရီနဲ့ရှုတဲ့ ဆေးလိပ်ပါဘဲ။ ဆေးလိပ်သောက်သလို အငွေ့ ထွက်ပါတယ်။ ဒါပေမဲ့ လူအန္နရယ်ဖြစ်တဲ့ ဓါတ်တွေ ဖယ်ထားပါတယ် ။ ဆေးရွက်ကြီးမှာ ဓါတ်မျိုးစုံပါတယ်။ ဓါတ်ဆေးလိပ်မှာ ဆေးလိပ်မီးနဲ့ တူအောင် အနီရောင်လေး ထိပ်မှာ တပ်ထားတယ်။ ဆေးလိပ်သောက်သလို မီးခိုးထွက်ပါတယ်။ ယူကေမှာ ဆေးလိပ်မသောက်ရ ဥပဒေတွေ တင်းကြပ်လာတော့ ဓါတ်ဆေးလိပ်ကို သောက်ခွင့်ပေးတော့ ကောင်းသားဘဲပေါ့လေ... အဆုပ်ရောဂါ မဖြစ်စေဘူး။ နီကိုတင်းတခုထဲသာ ပါရှိပါတယ်။

Gamucci Micro Electronic Cigarette လို့ ခေါ်ပါတယ်။ ဆေးလိပ်ပုံထဲမှာ အရည်ထဲ့ထားပါတယ်။ ဆေးလိပ်မှာ ၃မျိုးရှိပါတယ်။ ၆မီလီဂရမ်၊ ၁၁မီလီဂရမ်၊ ၁၆မီလီဂရမ် ပါတဲ့ ဆေးလိပ် ရှိပါတယ်။ 3.7 volt battery နဲ့ သုံးရတဲ့ ဓါတ်ဆေးလိပ် မှာ အစီခံကို စုပ်ယူတဲ့ အခါမှာ မီးခေါင်းတိုင်ကို အပူပေးသကဲသို့ လျှင်မြန်စွာ ပူနွေးလာပြီး ဆေးလိပ်အငွေ့ များထွက်စေပါတယ်။ ဗူးတခုထဲတွင် ဆေးလိပ်၂လိပ်ပါသဖြင့် ဆေးလိပ်တခုသောက်ချိန်တွင် နောက်ဆေးလိပ်ကို ဓါတ်အားသွင်းထားနိုင်ပါသည်။

ဓါတ်ဆေးလိပ်က ပေါင်၅၀လောက် ပေးရပါတယ်။ အသက် ၁၈နစ်ကျော်တဲ့သူ တွေသာ သုံးခွင့်ရှိပါတယ်။ မွေးစသားငယ်ရှိ မိခင် တွေ နဲ့ ကိုယ်ဝန်ဆောင်သည်တွေ အတွက် မသင့်လျော်ပါဘူး..

နေရာ အတော်များများမှာ ဓါတ်ခဲဆေးလိပ်တွေ ရောင်းနေတာကို တွေ့ ရပါတယ်။
(စာမှီး- ဒေးလီးမေးလ်)
8 May 2008

ကျွန်တော့် အဖေဟာ ၁၅နစ်သားကထဲက ဆေးလိပ်စသောက်ပါတယ်။ နောက်ပိုင်း ဆေးပေါလိပ် ဆေးပြင်းလိပ်တွေ သောက်ပါတယ်။ အကိုကြီးနဲ့  ကျွန်တော်ကတော့ မသောက်ပါဘူး။ အဖေဟာ လူမှု့ ရေးပြဿနာ စီးပွားရေးအခက်ခဲတွေ ကြောင့် လည်း ဆေးလိပ်ကို မဖြတ်နိုင်ခဲ့တာလား မဖြတ်ချင်တာ လား မသိပါဘူး။ အသက် ၅၅နစ်မှာ အဆုပ်ထဲ ရေ၀င်ပြီး ရင်ကြပ်ချောင်းဆိုးပြီး ဆုံးပါးသွားခဲ့ပါတယ်။

တတ်နိုင်သလောက် ကြိုးစားပြီး ဆေးလိပ်ဖြတ်တာ အကောင်းဆုံးပါဘဲ။ ဆေးလိပ်ဖြတ်တဲ့ လျှပ်စစ်ဆေးလိပ် နောက်အသစ် တမျိုးကို ပို့စ် အဖြစ်ရေးဖို့ ပါဘဲ။ ကျွန်တော် မရေးဖြစ်သေး တဲ့အချိန် မှာတော့ ယခုကျွန်တော် ရေးထားတဲ့ လျှပ်စစ်ဆေးလိပ်ကို ရှာဝယ်သုံးကြည့်ထားစေချင်ပါတယ်။ သူက ကျန်းမာရေး သိပ်မထိခိုက် ဘူးလို့  ညွှန်းထားပါတယ်။

ဝယ်ယူချင်သူများ ဂူဂယ်မှာ ရှာနိုင်သလို ပိုပြည့်စုံတဲ့ လင့်တွေလည်း ဖေါ်ပြပေးထားပါတယ်။

1. http://www.fullstarterkitonly19-99.co.uk/
2. http://www.electronicigarette.co.uk/?google-ads&gclid=CLqK_LOKhZUCFQEq1AodjC1orA
3.http://answers.yahoo.com/question/index?qid=20080709230918AAsEoba
4. http://www.liquid-shop.eu/create_account.php
5. http://cgi.ebay.co.uk/ws/eBayISAPI.dll?ViewItem&rd=1&item=200245071383&ssPageName=STRK:MESE:IT&ih=010

ကံကောင်းပါစေ
ဂျေ
လိပ်တက် ယုန်တက် သိုးတက် အကုန်တက် လီမီတက် အေဂျင်ဆီ

ဖတ်ကြည့်ချင်သေးလား....

Friday, August 8, 2008

Fashion - ယောက်ျားဘသား

သူလေးတို့ ချည့်ဘဲ အလှပြင်နေကြတယ်။ အနော်တို့ အတွက် မရှိလို့  အလှ မပြင်ရဘူး၊ ဒါ့ကြောင့် မလှရဘူး လို့ ပြောတဲ့ ကိုကို မောင်မောင် ညီညီ တို့ အတွက်...

ဟော ဒီ မှာ လာ ပြီ ဗျို့ .... လာပြီ...

... ယောက်ျား ဘသား .. ရော့ မိတ်ကပ်

ယူကေမှ အလှကြိုက်သော ယောက်ျားလေးများအတွက် မာစကာလာ (မာလကာစေး)။ လိုင်နာ (မျက်ကွင်း)။ မိတ်ကပ် (ဖုတ်ဖုတ်) များအား တွင်ကျယ်စွာ ထုတ်လုပ်နေပါပြီ။ ယူကေ အမြို့ မြို့ အနယ်နယ်တွင် တံဆိပ် အမျိုးမျိုး ကို ၀ယ်ယူနိုင်ကြပါကြောင်း ဘလော့ကာ ယောက်ျားဘသား များအား အသိပေးလိုက်ရပါသည်။

http://www.underu.com/shop/department/grooming/category/face/brand/male-species/&ptr=PPC-Google-UK

မှတ်ချက်။ ။
ကျွန်တော် လုံးဝ မသုံးပါ ခညား။ မိတ်ကပ် အဖွေးသား မျက်ကွင်းများ နဲ့ ဘဲနာများကို အတော်စိတ်ပျက်ပါတယ် ခင်များ။

ဖတ်ကြည့်ချင်သေးလား....

Anniversary - 8888


၈၈၈၈ ၀မ်းနည်းကြေကွဲခြင်း



၈ ရက် ၈လ ၁၉၈၈ မှာ အသက်သွေးနဲ့  ပေးပြီး ကျဆုံးခဲ့ရတဲ့ အာဇာနည်များအတွက် ၀မ်းနည်း ကြေကွဲ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း။


ပြုသမျှ ကုသိုလ် အမျှဝေပါကြောင်း ။


ဖတ်ကြည့်ချင်သေးလား....

Monday, August 4, 2008

Funny - Break Dance လာလေ လာစမ်းပါ ငှဲ .. . ငှဲ ... . ငှဲ

Break Dance

ကြောက်နေလား .. မပြိုင်ရဲဘူးလား.....


http://meview.metro.co.uk/?id=32446

ကျေးဇူးပြု၍ အပေါ်မှ ထို လင့် ကို ကြည့်ပါက ပိုပြည့်စုံ ပိုကောင်းပါသည်


ဖတ်ကြည့်ချင်သေးလား....

Sunday, August 3, 2008

Funny - Animal ငတက်ပြား ၀င်စားလေရော့လား

ခေါင်မိုးပေါ်ကြည့် .... တကိုယ်လုံး အဖြူရောင်နဲ့ အကောင် ..

ဘာကောင်ထင်လဲ

ဇင်ယော်ထင်မလား။ ဗျိုင်းထင်မလား။ မှားသွားပြီ အကြီးအကျယ် မှားသွားပြီ



ငါ ဟဲ့ ငသိုး တခါ ခုန်လိုက်မယ်
ခေါင်မိုးပေါ် ရောက်ရော့ လဟယ်..


ငတက်ပြားဝင်စား သော သိုးဖြစ်ပါတယ် ခင်များ



အုပ်ကြွတ်ပြား ခင်းထားသော ၂ထပ်အိမ် ခေါင်မိုးပေါ်တွင် ပေါက်နေသော မြက်အပင်လေး ကို စားရန် ခုန်ပျံ တက် ရောက် သွားသော သိုးငယ်လေး ကို ကယ်ဆယ်ဖို့  မီးသတ်သမားများက ကြိုးစား သော်လည်း သကောင့်သား ဒင်းက ပုလိပ် လိုက်ဖမ်း သည် ထင့်။ အိမ်ဘေး က ခေါင်မိုး ပေါ် သို့ ထပ်မံ ခုန်တက် သွား လေသည်။

ထိုအခါ သိုးတက်ပြားမှာ ကျိုးတက်ပြား အဖြစ် မြေပေါ်သို့ ပြားပြားဝပ် ကားလျားဖြစ်အောင် ပြုတ်ကျပြီး ခြေကျိုးသွားလေသည်။

ဘိုလိုပြောရရင် ၀ုဒီးဝုဒ် ပက်ကာ (Woody wood packer)မဟုတ်ပါဘူး ၀ူးလီးဝူး ဂျန်ပါ (woolly wool jumper) ပါခင်များ ။

သိချင်ရင် Harrogate, North Yorks ကို သွားကြည့်.. တခုတော့ကြိုမှာထားမယ် ....... ဦးထုပ်ဆောင်းသွား ... မဟုတ်ရင် ခင်များ တို့ ခေါင်းပေါ် ခုန်တက်သွားမယ်။

ကျနော်ကတော့ ဒီကောင့်ကို အိုလန်ပစ်မှာ သွင်း ပြိုင်ခိုင်းချင်တာဘဲ ဒုတ်မပါ အလွတ် ခုန်ပွဲ မှာ ပထမဆု ရမှာ သေချာတယ်။

စာမှီး ဒေးလီးမေး

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */