Monday, September 29, 2008

Animal - Hard Duck ဘဲသက်ပြင်း


Houdini
သေကံမရောက် သက်မပျောက်ဆိုတဲ့ စကားလေးအတိုင်းပါ။ Rare Breeds Farm လယ်မြေ ၊ Totnesမြို့  Devonတိုင်းနယ် မှာ ဇင်ယော်တစ်ကောင်က ဘဲဥကို ပါးစပ်ထဲငုံပြီး အမြင့်ပေ ၃၀က နေ သယ်လာရင်း မငုံနိုင်တော့လို့  ပါးစပ်ထဲကနေ ဥ ပြုတ်ကျသွားပါတယ်။ လယ်သမား Farmer Barrie Tolley, အသက် 57နစ် က ဘဲဥကို ဇင်ယော် ငုံသွားကထဲက ဓါတ်ပုံရိုက်နေတဲ့အတွက် အဖြစ်အပျက် အားလုံးသိလိုက်တာပါ။ ဘဲဥပြုတ်ကျပေမဲ့ အခွံက မာတော့ အက်ရုံ အက်သွားပါတယ်။ ဥထဲက မပေါက်သေးတဲ့ ဘဲကလေး အတွက် လယ်သမားက စိတ်မကောင်း ဖြစ်ပြီး ဘုရားအာရုံပြုပြီး ဆုတောင်း ပေးလိုက်ပါသတဲ့။ အဲဒီအခါမှာ ကြည့်နေရင်း အက်ကွဲကြောင်းကလေးက လှုပ်ရှားလာတာ တွေ့ တာနဲ့  စိတ်ရှည်ရှည် စောင့် ဓါတ်ပုံရိုက်ပါသတဲ့။ ၅နာရီကြာတဲ့ အထိ အက်ကွဲ ကြောင်း ဟာ တဖြည်းဖြည်း ပို ကွဲပြီး ဘဲ ကလေး ထွက်လာပါသတဲ့။

ဘဲသက်ပြင်းကလေး အတွက် ဂုဏ်ပြုလိုက်ကြပါစို့ ...


Houdini



Devon seagull


Houdini


ဖတ်ကြည့်ချင်သေးလား....

Saturday, September 27, 2008

Funny - Animal Dancing dog Gin

လွန်ခဲ့တဲ့ ၅လ က အင်္ဂလန်အနုပညာရှင်ရွေးပွဲကို ဂရုမစိုက်မိပါဘူး။ အခုမှ သတင်းစာထဲမှာ ပြိုင်ပွဲဝင် ရဲ့ အောင်မြင်မှု့ ကို ရေးပြလို့ ဘာကြောင့်များ ဒီလောက်အောင်မြင်ပါသလဲ လို့ ပြန်ကြည့်မှ...

ခွေးကလေးကို သင်ပေးတဲ့ အမျိုးသမီးရဲ့ အစွမ်းနဲ့  ခွေးကလေးရဲ့ မြူးစရာ အကကို ကြည့်မိပါတယ်။



အံသြစရာ ရယ်ချင်စရာ အလွန်တော်တဲ့ ခွေးကလေးရဲ့ အကဟာ ဆီမီးဖိုင်နယ်အထိ တက်ရောက် အောင်မြင် လိုက်ပါတယ်။

စစချင်းကြည့်ရင် ခွေးကလေး ရဲ့ အက ကို သာ သတိထားကြမှာပါ။ ဒါပေမဲ့ သင်ပေးတဲ့ Kate Nicholson ဟာခွေးကလေး Gin ကို ထိန်းကျောင်းမှု့ က အဓိက ဖြစ်ပါတယ်။

ဒီဘ၀ရောက်လာဖို့ ဟာ မလွယ်ပါဘူး။ တိရိစ္ဆာန် ဆရာဝန် မိဘနဲ့  အမ တို့ ကြားမှာ ကြီးပြင်းလာတဲ့ ကိတ်ဟာ ခွေးကလေး နဲ့  နားလည်စွာနဲ့  သံယောဇဉ်တွယ်တာ လာပါတယ်။ ကိတ်ကျောင်းက ပြန်လာရင် ဂျင်ကို အက တမျိုးသင်ပါတယ်။ ခွေးကလေးနဲ့  အနေများတဲ့ အတွက် ကိတ်ကို ပတ်ဝန်းကျင်က လှောင်ပြောင်ခဲ့ကြပါတယ်။ ကိတ်က မမှု့ ဘဲ ကျောင်းကပွဲတွေ မှာပါ ကပြဖျော်ဖြေပါတယ်။ ထပ်ပြီး အလှောင်ခံရပါတယ်။ မြို့ နယ်တွေမှာ ကပြပါတယ်။ ပို အလှောင်ခံရပါတယ်။ နောက်ဆုံး နိုင်ငံတီဗွီ အစီအစဉ်မှာ ၀င်ပြပါတယ်။ အဲဒီအခါမှာ တနိုင်ငံလုံးရဲ့ ချစ်ခင်မှု့ ကို ရရှိလာပါတယ်။

ယခင်ကဆိုရင် ခွေးကလေးနဲ့ သွားရင် တက်ဆီ လုံးဝ ငှားမရပါဘူး။ ဟော်တယ်တွေမှာလည်း အ၀င်မခံဘဲ အတား ခံရပါတယ်။ အခု ဆိုရင် တက်ဆီသမားက ခွေးအတင်မခံဘူး ပြောရင် ဂျင်ကို မှတ်မိတာနဲ့  လာပါ ၀င်ပါ ဖြစ်သလို ဟော်တယ်တွေမှာလည်း ဂျင်ကို တကယ့် နံမည်ကြီးတဦးအဖြစ် ကြိုဆိုကြပါတယ်။

ကိတ် အနေနဲ့  ခွေးကလေးကို သင်ပြပေးတဲ့ အခါမှာ လွယ်လွယ်နဲ့  တတ်မြောက်တာ မဟုတ်ပါဘူး။ အတော်အခက်ခဲပေါင်းများစွာနဲ့  စိတ်ရှည်ရှည် သင်ကြားပေးခဲ့ရပါတယ်။ အခုသူအောင်မြင်လာတဲ့ အခါမှာ ခွေးလေးများနဲ့ ကတဲ့ လူအုပ်စုဟာ ကိတ်ကို မနာလို ဖြစ်မှု့ များလည်း ကြုံရပါတယ်။ ယခုဆိုရင် ကိတ်အနေနဲ့  ခွေးကို သင်ကြားပြသပေးနည်းစာအုပ်၊ ခွေးများ သင်ကြားပေးရန် သင်တန်း အပြင် ဂျင်နဲ့ တွဲပြီး တီဗွီအစီအစဉ် တွေမှာပါ ၀င်ရောက် ဖျော်ဖြေနေရပါတယ်။

ဘာဘဲဖြစ်ဖြစ် ကိတ်နဲ့ ဂျင်အတွက် လူတကာ လှောင်ပြောင်မှု့ ဘ၀က လွတ်ပြီး ခွေးလေးတွေ တိရိစ္ဆာန်လေး ပိုင်ရှင်တွေကို နေရာ တကာ လက်ခံ ချီးကျူးခံရတဲ့ ဘ၀ ရောက်လာတာ ၀မ်းသာ ကြည်နူးစရာပါ။

စာအုပ်ဝယ်ဖတ်ချင်ရင်တော့

Kate And Gin by Kate Nicholas is published by HarperCollins on 6 October at £12.99. To order a copy (p&p free), Tel: 44 - 845 155 0720.

ဖတ်ကြည့်ချင်သေးလား....

Wednesday, September 24, 2008

Technology - Balance ဟန်ချက်

ကျွန်တော် သတင်းစာထဲက ဖတ်ရတာ အလွန်သဘောကျလို့  တင်လိုက် ပါတယ်။ San Francisco Bay ဆန်ဖရန်စစ်စကို ကမ်းစပ်မှာ ၁၉၉၄ ခုနှစ်ကထဲက Bill Dan ဆိုတဲ့ အနုပညာရှင်ဟာ အရာဝတ္တုတွေ ကို ဟန်ချက်ညီစွာ ထပ်ဆင့် တင်ပြီး တန်ဆာဆင်ခဲ့ပါတယ်။


ကဲ ကြည့်ကြရအောင်...













ဖတ်ကြည့်ချင်သေးလား....

Tuesday, September 23, 2008

Technology - Nuclear Physic - Ernest Rutherford

rutherford

Ernest Rutherford (right) in his lab at Manchester University with assistant Hans Geiger: There could be a connection between the Nobel prize-winning scientist's experiments and the current cancer scare in 1908.



Father of Modern Physics.jpg

Baron Rutherford (Dr Ernest Rutherford) the first man to split the atom.

Father of nuclear physics: Rutherford was the first man to split the atom

ဖတ်ကြည့်ချင်သေးလား....

Monday, September 22, 2008

Food - creature လက်မှု ပညာ

ယနေ့ သတင်းစာမှာ ပါလာတဲ့ အစားအသောက်ပုံလေးတွေကို သဘောကျလို့ ပါ။ တချို့ ပုံတွေက မြင်ဘူးထားတာ မို့ လို့ အသစ်လို့ ထင်တာကိုလောက်သာ တင်ထားပါတယ်။





ဖတ်ကြည့်ချင်သေးလား....

Sunday, September 21, 2008

smallest vs longest မော့မကြည့်ရ

၂၀စက်တင်ဘာ ၂၀၀၈တွင် Trafalgar Square, Central Londonတွင် ရှိသော ကမ္ဘာ့ စံချိန် မှတ်တမ်း Guinness World Records Book တွင် ထဲ့သွင်းရန်အလို့ ငှာ...

ကမ္ဘာပေါ်မှာ အပုဆုံး အမျိုးသား ၂၉.၃၇လက်မ အမြင့်ရှိသော တရုတ်နိုင်ငံမှ ဟီပင်ပင်း နှင့် ကမ္ဘာပေါ်မှာပေါင်တံအရှည်ဆုံး အမျိုးသမီး ၆ပေ၇လက်မအရပ် ခြေတံအရှည် ၅၁.၉၆လက်မ ရှည် မိန်းမချော ရုရှားနိုင်ငံမှ Svetlana Pankrtova တွေ့ ဆုံရာတွင်...

မော့မကြည့်ရ ဟု ဖြစ်လာပါတယ်။



(အရပ်အရှည်ဆုံး တရုပ်ပြည်မှ အမျိုးသား Yao Defenကတော့ ၇ပေ၉လက်မအမြင့်ရှိပါတယ်)




edition of the Guinness World Records Book in Trafalgar Square, Central London.

Brought to book: Little and large on the steps of the National Gallery this morning. The pair appear for the first time in this year's edition

ဖတ်ကြည့်ချင်သေးလား....

Thursday, September 18, 2008

News - Rainbow ထူးဆန်းသော သက်တန့် 

မိုးရွာပြီးလို့ နေထွက်လာတဲ့ အချိန်မှာ အရောင်၇မျိုးနဲ့  လှပတဲ့ (a circumzenithal arc) သက်တန့် ကွန့် မြူးနေတာ ကျွန်တော်တို့ မြင်နေကြပါ။ ဒါ့ကြောင့်လဲ စက်ဝိုင်းခြမ်းလို ခုံးခုံးနဲ့ ရောင်စုံအ၀ိုင်းပြတ် ကို အလှသဖွယ် ဖေါ်ပြတာ အဆန်းမဟုတ်ပါဘူး။

ဒါပေမဲ့ ယနေ့  ၁၆ စက်တင်ဘာနေ့ လည်မှာ ကင်းဗရေ့ မြို Cambridgeပေါ်မှာ ပေါ်နေတဲ့ သက်တန့် က မိုးပြဲဒယ်အိုးကို ကြည့်လိုက်ရတဲ့ အတိုင်းပါဘဲ။ ပစောက် ပုံသဏ္ဍန် ပေါ်နေပါတယ်

Enlarge Rare: An astronomer caught this unusual upside-down rainbow on camera near her home in Cambridge

Rare: An astronomer caught this unusual upside-down rainbow on camera near her home in Cambridge


သက်တန့် နဲ့  မတူတာက ယနေ့ အထိ ၃ရက်တိတိ မိုးလုံးဝမရွာပါဘူး။ လွန်ခဲ့တဲ့ အပတ်မှာ မိုးမုန်တိုင်းကြောင့် လူ၆ယောက် သေဆုံးခဲ့ပါတယ်။ ယနေ့ ဆိုလျှင် မိုးသားတိမ်လည်း ကင်းစင်နေပါတယ်။

ရောင်စုံခါးပတ်ကလည်း မကျယ်ပြန့် ပါဘူး။ မိုးတိမ်ပေါ် ပစောက်ပုံစံနဲ့  အမြင့်ပေ ၂သောင်း နဲ့  ၂သောင်းခွဲ လောက် မှာ ပေါ်နေပါတယ်။ သက်တန့် အနားမှာ ရှိတဲ့ တိမ်တွေဟာ ရေခဲမှုန် လေးတွေဖြစ်ပြီး ဆားပွင့်အရွယ် ရှိပါတယ်။

သိပံ္ပပညာရှင်တွေက ယူဆတာက အဲဒီမိုးတိမ်တွေက နေရောင်ခြည် အလင်းတန်းကို တိမ်တိုက်ထဲမှ ရေခဲမှုန် များ ရောင်ပြန်ဟပ်ပြီး အလင်းသွေခြင်း အလင်းယိုင်ခြင်းများကြောင့် ပစောက်ပုံသဏ္ဍန် သက်တန့် ဖြစ်နိုင်မယ် လို့ ခန့် မှန်းကြပါတယ်။

ဆိုင်မွန် အာကာသစာရေးဆရာ က ပြောတာကတော့ 'The circumzenithal arc is a quarter circle, pointing toward the setting sun. အဲဒီ အလင်းပိုင်းပြတ်ဟာ ပုံမှန်အားဖြင့် စက်ဝိုင်းရဲ့ လေးပုံတပုံ ရှိပြီး နေကို အလယ်မှာ ထားပြီး ပေါ်နေတာ ဖြစ်ပါတယ်။ သက်တန့် လို့ မခေါ်ကြောင်းပြောပါတယ်။ သက်တန့်  ပိုလင်းပြီး မိုးရွာပြီးခါစမှာ ပေါ်တာ ဖြစ်ပါတယ်။ နေရောင်ခြည် တွေဟာ မိုးစက်တွေကို ဖောက်ဝင်တဲ့အခါ အလင်းသွေသွားခြင်းကြောင့် သက်တန့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

အလင်းပြတ်ကတော့ သက်တန့် နဲ့ ဆန့် ကျင်ဘက်ဖြစ်ပါတယ်။ အရောင်မှာ ခရမ်းအပေါ်ဆုံးရှိပြီး အနီ က အောက်ဘက်ဆုံး မှာ ရှိပါတယ်။ အလင်းပြတ် က ခေတ္တခနအတွင်း ပျောက်ကွယ်တတ်ပါတယ်။ cirrus clouds မိုးတိမ်ထဲမှာ ရေခဲမှုန်တွေ ရွှေလျားတဲ့ အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။ တိမ်တွေထဲမှာ ရေခဲမှုန်တွေ စုစည်းဖွဲ့ တည် နေတာ သဘာဝဖြစ်သလို အလင်းပြတ်က လည်း မြေကြီးနဲ့ နီးတဲ့ တိမ်တွေနားမှာ သာ ဖြစ်ပေါ် တတ် ပါတယ်။ ပုံမှန်အားဖြင့် လေထုဖိအားပေါ်မူတည်နေတဲ့ အတွက် ယူကေမှာ ဖြစ်ပေါ်လေ့မရှိပါဘူး။ ဖြစ်ပေါ်လျှင် လည်း ယခုကဲ့သို့ အလွန်မြင့်သော နေရာမှာ ဖြစ်လေ့မရှိတတ်ပါဘူး။ ယခုဖြစ်ပေါ်တဲ့တိမ်ထဲမှာ ရေခဲမှုန်တွေဟာ အလွန်မြန်တဲ့ ပုံစံနဲ့ ပြောင်းလဲနေလို့ သာ ဖြစ်ပေါ်နိုင်ခြင်းဖြစ်တယ်လို့ ယူဆပါတယ်။


ဖတ်ကြည့်ချင်သေးလား....

Tuesday, September 16, 2008

Animal - Ant ပုရွက်ဆိတ်ဂြိုလ်သား

Ant from Mars

ant

ကမ္ဘာကြီးမှာ အထူးဆန်းပုရွက်ဆိတ်ကို ဘရာဇီးနိုင်ငံ အမေဇုံတောအုပ် မှာ ရှာတွေ့ ခဲ့ပါတယ်။ ပုရွက်ဆိတ် အင်္ဂါရပ်ဟာ မြင်ဘူးနေကြမဟုတ်ဘဲ ဂြိုလ်သားပုံစံဖြစ်နေတဲ့ အတွက် အင်္ဂါဂြိုလ်သားပုရွက်ဆိတ်လို့ နံမည် တပ်ပါတယ်။

Martialis heureka လို့ ခေါ်ပြီး မျက်စိမပါပါဘူး။ ပါးစပ်အောက်ပိုင်း မာကျောတဲ့ မေးရိုးလည်း မပါပါဘူး။ ခြေတံလက်တံ က ၂-၃ မီလီမီတာ ရှည်ပြီး အရောင်အသွေးက ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်။ အဲဒီ ပုရွက်ဆိတ်ကို ဇီဝဗေဒသိပံ္ပပညာရှင် Christian Rabeling (University of Texas) က စတင်တွေ့ ရှိခဲ့ပါတယ်။

ပုရွက်ဆိတ်ပုံစံဟာ ပျားနဲ့ အလားသဏ္ဍန်တူတဲ့ wasp (ပိတုန်း ခေါ်မလားမသိဘူး) ရောစပ်နေပါတယ်။ ထို့ အပြင် တောအုပ်ထဲမှာ မျက်စိမပါတဲ့ တခြား ပုရွက်ဆိတ်မျိုးနွယ်တွေ ကိုပါ ထပ်မံတွေ့ ရှိခဲ့ပါတယ်။ သူတို့ အဖွဲ့ ဟာ ၂၀၀၃ မှစပြီး ပုရွက်ဆိတ် မျိုးစိတ် အစုံကို စတင် လေ့လာနေကြပါတယ်။

စာမှီး ဒေးလီးမေးလ်


ဖတ်ကြည့်ချင်သေးလား....

Monday, September 15, 2008

Health - the Lady of the Lamp, Florence Nightingale

ကမ္ဘာ့ ရဲ့ မီးအိမ် မေတ္တာရှင် ဖြစ်တဲ့ ဖလော့ရင့် နိုက်တင်ဂေးရဲ့ နောက်ဆုံးဓါတ်ပုံ

သူမ အသက်မသေဆုံးမှီ ၁၉၁၀ ခုနှစ် သူမရဲ့ အိမ်South Street, London မှာ ရိုက်ထားတဲ့ဓါတ်ပုံဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့် ပြီး 1854 and 1856 စစ် အတွင်းက ဒဏ်ရာရနေတဲ့ စစ်မြေပြင်က စစ်သားတွေနဲ့ အရပ်သားတွေကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မေတ္တာရှင်ဟာ နံမည် ထင်ပေါ်လိုခြင်း အလျှင်းမရှိတဲ့ အတွက် ဓါတ်ပုံ အရိုက်မခံ ခဲ့ပါဘူး။ သူ့ ကိုယ်စား အောက်က ပုံကလေးသာ မှတ်ကျောက်တင်ခဲ့ပါတယ်။

စစ်ပြီးတဲ့ အခါမှာ ကျန်းမာရေးချို့ တဲ့ခဲ့လို့  အိပ်ယာထဲခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ လုပ်ဆောင်ချက်တွေကို ကြိုးစားအားယူပြီး စာအုပ်ပေါင်း ၂၀၀တိတိ မှတ်တမ်း ရေးခဲ့ပါတယ်။ သူမဟာ နိုက်တင်ဂေး သူနာပြု သင်တန်းကျောင်း နှင့် နပ်စ်များအတွက် လူအိုရုံ St Thomas' Hospital ကို လန်ဒန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
နောက်ပိုင်း ဗြိတိသျှနပ်စ် ကျောင်း အဖြစ် ပြောင်းလဲခဲ့ပါတယ်။

သူမရဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ ဓါတ်ပုံကို ရောင်းချသူက တော့ Dreweatts ကုမဏီဖြစ်ပါတယ်။Newbury အနားမှ Donnington Priory အရောင်းခန်းမ ဖြစ်ပြီး November 19 တွင်လေလံတင်ရောင်းမှာ ဖြစ်ပါတယ်။ ပြောရေးဆိုခွင့်ရှိသူ Malcolm Claridge က သမိုင်းဝင် ဂုဏ်ယူလောက်တဲ့ ဓါတ်ပုံ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဓါတ်ပုံဆရာကတော့ Lizzie Caswall Smith ဖြစ်ပြီး အဲဒီပုံကို ပထမဆုံးအကြိမ် သူရဲ့ဓါတ်ပုံဆိုင် ပြင်ပမှာ ရိုက်တာ ဖြစ်ပါတယ်။ ၁၉၀၀ ခုနစ် စ ပိုင်းမှာ ရိုက်ခဲ့ခြင်းဖြစ်ပြီး ဖလင်အပါအ၀င် နိုက်တင်ဂေးရဲ့ လက်ရေးစာမူနဲ့  လက်မှတ် ပါ ပါဝင်ပါတယ်။

ကျွန်တော်တို့ ငယ်စဉ်က သင်ကြားခဲ့ရတာကတော့ The lady with the Lamp ဖြစ်ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

Thursday, September 11, 2008

News - Tours ကမ္ဘာတပတ် မှာ တနှစ်ကြာ

အိမ်ကြီးရှင်တို့ ခင်များ
ကျွန်တော် ရဲ့ လစ်ထွက်သွားမှု့ အတွက် ဤစာဖြင့် အသိပေးခြင်း ဖြစ်ပါတယ်။


လူပုတို့ ရဲ့ ဘ၀ဟာ ပျော်ရွှင်စရာ ရှိသင့်တယ် ထင်လို့ အားအားယားယား ယားလာတဲ့ ခြေထောက်ကြောင့်ကမာတပတ် ခြေဆန့်  ခဲ့တယ်ဗျို့ ။

သင့်ရဲ့ ခြံထဲမှာ အမြဲတမ်း မလှုပ်မရှား ရပ် နေရတာ ပျင်းစရာ ကောင်းပါ့။ ငှက်တွေ က ချီးပါချ၊ ကြောင်တွေက ရှုရှုပန်းချ၊ ပိုးကောင်မ လေးတွေက အလိုက်မသိ လာကျူနေကြ၊ ဟင်း.....။ ဒီလောက် ရှုတ်ပွေပြီး နားညည်းစရာ ကောင်းတဲ့ ခြံရှေ့  က လမ်းမရယ် ကားပိတ်လို့  ကြပ်ညှပ်နေတဲ့ မြင်ကွင်းရယ်၊ ဒေါင့် မကျိုးတဲ့ ကျောင်းသား တွေ ကို ကြည့်နေရတာ ကျောင်းသူလေးတွေ ကို ငမ်းရတာနဲ့ မတန်အောင် မျက်စိ နောက်တယ်ဗျ။

ဒါကြောင့် ငြီးငွေ့ စရာကောင်းတဲ့ ဒီခြံထဲက အသာလစ်ပြီး ကမာတခွင် ပြဲပြဲစင်အောင် ခြေဆန့် လိုက်တာဘဲ ။ ကမ္ဘာ့  အချိန်ဇုံ အားလုံးကို ရောက်ဖို့  ၁၅ နိုင်ငံ ကို ဒိုးခဲ့တယ်

ကမာကြီးဟာ အတော်ကျယ်တာ ဂလား။ မြင့်လိုက်... နှိမ့်လိုက်... အေးလိုက်... ပူလိုက် ... လူတွေကလည်း မဲလိုက် ဖြူလိုက် ၀ါလိုက် နီလိုက် နဲ့  ....

ဒါပေမဲ့ အဆင်ပြေပါတယ်။ကျွန်တော် နဲ့ အတူ ကမ္ဘာပတ် ခဲ့တဲ့ ဘော်တကာတွေကို လည်း ကျေးဇူးတင်ရသဗျ။

ကဲ ကဲ အီဖေကိုယ်ရဲ့ ရှု့ မငြည်း စရာ ဒတ်ရွက် ဒိုင်ယာရီ အယ်လပန် ကို ကြည့်ပြီး အားကျ ပေရော့ဗျား ...
ပုံ
ခြေနင်းစကြာရှင်
မာဖီ


အဲဒီစာရဲ့ အစ မူလ ပထမ ဦးဦးဆုံး ပဏာမ နိဒါန်း ကတော့.....

ဒီပို့ စ်လေးကတော့ သြဂုတ်လ ၁၂ရက်နေ့ သတင်းစာတွေထဲက မြူးစရာ သတင်းလေးတခုပါ။


ပင်စင်စား အဖွားအိုတဦးရဲ့ ဥယျာဉ်ထဲက အလှပြအရုပ် လေး ဖြစ်တဲ့ လူပုအရုပ်ကလေးဟာ တနေ့ မှာ ခြေရာရှာမရ ပျောက်ခြင်းမလှ ပျောက် သွားပါတယ်။

၁၁လ ကာလ ကြာတော့ မနက်စောစော အိမ်ရှေ့ တံခါးဝမှာ အဲဒီအရုပ်ကလေး ဟာ အထုပ်အပိုး နဲ့ တကွ ပြန်ရောက် နေပါတယ်။

အရုပ်ကလေးကို နှစ်တိုင်း ဆေးရောင်ခြယ်ပေးတဲ့ မြေးကလေး သုံးယောက် (Sophie, 14, Ellie, 13, and Piers, 13) က တော့ အငိုတိတ်ပြီး ပျော်လို့ ပေါ့။ အဖော် ဖားရုပ်ကလေးက တော့ တိတ်ဆိတ်စွာနဲ့  ဘော်ဒါ ပြန်ရောက်လာတော့ ပျော်နေလေရဲ့။ ခြံထဲက မြက်ခင်းလေးတွေ ပန်းပွင့်လေးတွေ နဲ့  ရေကန် ထဲက ပိုးကောင် ကလေးတွေ ကလည်း အလည်ပြန်လာတဲ့ အရုပ်ကလေးအတွက် ၀မ်းသာအားရ ဖြစ်နေကြ တာပေါ့။

အရုပ်ကလေးဟာ အစင်းရာ အခြစ်ရာတွေ နဲ့  ခြေထောက်လေး တဖက်ကလည်း ကျိုးနေပါတယ်။ ပိုင်ရှင် အဖွားကြီးက အထုပ်လေးကို ဖွင့် ကြည့်လိုက်တော့ အဲဒီအရုပ်ကလေးဟာ အပေါ်ဆုံးက ရေးပြထားတဲ့ စာလေးတစောင် နဲ့  ကမ္ဘာတပတ် ခရီးသွား ထားတဲ့ ဓါတ်ပုံ ၄၈ပုံတိတိ မှတ်တမ်း တွေ ဖြစ်နေပါတယ်။

မူရင်းစာကတော့

Hello!

First of all I feel I should explain my prolonged absence. A gnome's life is full of time for reflection, and whilst surveying your garden one summer morning, I began to get itchy feet.

I came to the conclusion that the world is a big place and there is more to life than watching the daily commuter traffic, and allowing passing cats to urinate on you.

'So I decided to free myself from the doldrums of the Shire and seek adventure. My travels have taken me across three continents, 12 countries and more time zones than I can possibly remember.

'There have been high points, low points, and positively terrifying points. But I have survived - small thanks to the companion with whom I have shared all these moments.'


အမှန်တော့ လူငယ်တစု က အဲဒီ အရုပ်ကလေးကို ပိုင်ရှင်မသိအောင် ခိုးယူပြီး သူနှင့် တကွ ကမ္ဘာ တပတ် ပတ်ခဲ့ပါတယ်။ အရုပ်ကလေးကို သီးသန့် ဓါတ်ပုံ ရိုက်ထားတာဖြင့် လူတဦးက အပန်းဖြေ ခရီးထွက်သလို ပါဘဲ။ အရုပ်ကလေးနဲ့ တွဲ ရိုက်ထားတဲ့ လူငယ်တွေရဲ့ ပုံတွေဟာ မြူးစရာ ပုံတွေ ဖြစ်နေပါတယ် အမှန်တော့ ၈ပေါင် အလေးခံပြီး ခရီးသွားအိတ်ရဲ့ သုံးပုံ တစ်ပုံနေရာယူတဲ့ မာဖီလေးကို တကူးတက ခေါ်ပေးခဲ့တာကတော့ ရယ်စရာကောင်း စိတ်ကြည်နူးစရာကောင်း အူမြူးဘွယ်ရာ ကောင်းလှပါတယ်

အမြင့် ၁၂လက်မ နဲ့  အစိမ်းရောင် ဦးထုပ်ဆောင်းကာ ပန်းကလေးကို ကြည်နူးစွာ ကိုင်ထားတဲ့ ကိုမုတ်ဆိတ်လေးဟာ နိုင်ငံ ၁၅နိုင်ငံ ကို အပျော်ခရီးထွက်ခဲ့တဲ့ပုံလေးတွေကဖြင့် ဥယျာဉ်ခြံထဲက အလှပြ သက်မဲ့ အရုပ်ကလေးဟာ ချစ်စရာကောင်းနေတယ်လို့ ဘဲ ပြောရမှာပါ။

ကဲ ... ကြည့်ပါအုန်း..
သူသွားခဲ့တဲ့ နိုင်ငံတွေက တော့ South Africa, Swaziland, Mozambique, New Zealand, Australia, Singapore, Thailand, Cambodia, Vietnam, China, Hong Kong and Laos.

ဗွီဒီယိုကတော့ ဘီဘီစီက စုံတယ် ကြည့်ကြပါ။

http://news.bbc.co.uk/1/hi/uk/7556244.stm

စာမှီး ဒေးလီးမေးလ်။ ဘီဘီစီ

ဖတ်ကြည့်ချင်သေးလား....

Tuesday, September 9, 2008

Alarm or Funny?- Animal ရယ်ရမှာလား ငိုရမှာလား

တိရိစ္ဆာန်တွေနဲ့  အလုပ်လုပ်ရတာ အလွန်အန္တရယ်များလွန်ပါတယ်။ စားဝတ်နေရေးအတွက် ဘဲဆိုဆို တိရိစ္ဆာန်တွေကို ချစ်လို့ ဘဲ ပြောပြော မိနစ်တိုင်း စက္ကန့် တိုင်းမှာ အန္တရယ်ဟာ လက်တကမ်းပါဘဲ။

အားကြီးတဲ့ ဆင်တွေဆိုရင် ပြောဘွယ်ရာ မရှိတော့ပါဘူး။ အိန္ဒိယမှာ ဆင်မုန်ယိုပြီး ဆင်ထိန်းရော မြင်သမျှလူတွေ ပါ နင်းသတ်ခံရတယ် တချို့ ဆို အစွယ်နဲ့ ထိုးခံရတယ်။ ဒါ့ကြောင့် တိရိစ္ဆာန်တွေနဲ့  အတူ နေထိုင် သွားလာရတာ အလွန် ကြောက်စရာ ကောင်းပါတယ်

အခုယူကျူ့ က အပိုင်းတိုလေးကို တင်ပေးထားပါတယ်။ ကြည့်ပြီးရင် ရယ်စရာထင်ပေမဲ့ တကယ်တော့ မရယ်နိုင်ပါဘူး။ အသက်မသေတာ ကံကောင်းလို့ ဘဲ ပြောရမှာပါဘဲ။ သတိထားဖို့ ဒီပို့ စ်နဲ့  နိုးဆော် လိုက်ပါတယ်။

ဖတ်ကြည့်ချင်သေးလား....

Sunday, September 7, 2008

Health Sport Food - Baking Soda မုန့် ဖုတ်ဆော်ဒါ

အားကစားသမားများ အတွက် စံချိန်နုန်း မြင့်မားစေရန် မုန့် ဖုတ်ဆော်ဒါ စားသင့်သည် ဟု သြဂုတ်၁၆ရက် တွင် သိပံ္ပ ပညာရှင်များက သက်သေပြလိုက်ပါသည်။

'Soda-doping' ဆိုသည်မှာ အားကစားလောကတွင် အသုံးပြုမှု့  များနေခဲ့ပါသည်။ Loughborough University Jonathan Folland အဖွဲ့ မှ စမ်းသပ်လေ့လာချက် အရ ရေကူးသမား ၉ယောက် သည် ပြိုင်ပွဲမစခင်တွင် Baking soda စားခဲ့ရာ သူတို့  ၏ စံနုန်းမှာ လျှင်မြန်လာသည်ကို တွေ့  ရ သည်။ သူ က ပြောသည်မှာ 'Essentially, sodium bicarbonate is an alkali substance that increases the pH of the blood.

'This seems to reduce and offset the acidity produced in the muscles during intense, anaerobic exercise that produces lactic acid most quickly, such as fast running or swimming.'

sodium bicarbonateသည် အယ်ကလိုင်း ဓါတ်ပေါင်းဖြစ်ပြီး သွေးတွင်pHကို တိုးပွားစေပြီး ကြွက်သား အတွင်းတွင် အက်ဆစ်ဖြစ်ပေါ်စေပြီး လှုပ်ရှားမှု့ ကို စက္ကန့် ပိုင်း မိနစ်ပိုင်းအတွင်း လျှင်မြန်စေနိုင်သည်ဟု ယူဆလောက်ပါသည် ဟု ပြောခဲ့သည်။ စမ်းသပ်ချက်တွင် ရေကူးသမားများ မီတာ၂၀၀ ရေကူး ပြိုင်ပွဲတွင် ၁.၅စက္ကန့်  ပိုလျှင်မြန်လာကြပါသည်။

သို့ သော် သတိပြုရန်မှာ ၀မ်းလျောနိုင်ပါသည်။

စာဖတ်သူတွေထဲက ဒီပို့ စ်နဲ့ ပတ်သက်ပြီး နည်းပညာကျကျ ပိုတတ်ကျွမ်းသူက အခုလို ကော်မဲန့် မှာ ရှင်းပြပေးထား ပါတယ်။ ရှင်းပြချက်ကို ကျေးဇူးအထူးတင်ရှိသလို နောက်နောင်လည်း အမှားအယွင်း လိုအပ်ချက်များ တွေ့ ရှိလျှင် ကူညီဝေငှပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Blogger Steve Evergreen 6:46 AM said...

sodium bicarbonateသည် အယ်ကလိုင်း ဓါတ်ပေါင်းဖြစ်ပြီး သွေးတွင်pHကို တိုးပွားစေပြီး ကြွက်သား အတွင်းတွင် အက်ဆစ်ဖြစ်ပေါ်စေပြီး လှုပ်ရှားမှု့ ကို စက္ကန့် ပိုင်း မိနစ်ပိုင်းအတွင်း လျှင်မြန်စေနိုင်သည်ဟု ယူဆလောက်ပါသည် ဟု ပြောခဲ့သည်။

Sorry , above sentence is a bit confusing. Basically, when we do strenuous exercise, there is a sequence of biochemical reactions going on, in order to produce energy. One of the bi-product is lactic acid, which is believed to disturb the further energy production.

Normal human body PH is between 7.35-7.45. leas and above that level is unfavourable for body normal function (metabolism). Less than 7.35 is acidotic PH and over 7.45 is alkalotic PH.

The theory is that if preloaded with bicarbonate (which is baking soda), the one could maintain his body PH in optimal level for some time even though lactic acid is produced during exercise. That is what I understand.

Thanks for sharing.

Blogger ဂျေ said...

Dear Mr. Evergreen, Thanks for more technical solution. I am not from medical field and do not clearly understand what the dailymail newspaper's report. So just translate what I do understand. According to them PH for it is 7. I use it a bit in my bath. You r much appreciated if you could share more in my future post.


Thank you very much

3:22 PM

Delete

ဖတ်ကြည့်ချင်သေးလား....

Friday, September 5, 2008

Technology - Future City မှန်စီခြယ် ဘုံနန်း ပြဿဒ်မှာ ဇိကုပ် (Ziggurat) တင်စေတော့

အပျံစား မှန်စီခြယ် နန်းပြဿဒ်မှာ ဆိုတာ ..... တကယ်တော့ ... မှန်လုံခန်း မှာ နေဖို့ လေ.. မယုံဘူးလား အဟတ်... ဟတ်.. ကြောက်သွားသလား။ တကယ်ဗျ...

အန်.. လေးဘက်ကာ မှန်လုံခန်း လား ....

အာ.. မဟုတ်ဘူးဗျ..

အခုတလော ကမ္ဘာကြီးပူနွေးလာတော့ ရေခဲတောင်တွေ အရေပျော်နေတယ်၊ မြေကြီးပမာဏ လျော့ပါး လာတယ်။ ရေမျက်နှာပြင် များလာတယ်။ အိမ်တွေလည်း ဈေးကျတယ် အဲ .. စီးပွားရေးတွေ ကျလာတယ်။ လူတွေ နေဖို့  အိမ်မြေရာ အခက်ခဲဖြစ်လာမယ်..

ဒီအခက်ခဲတွေ အတွက်... နောင် တည် မဲ့ မြို့ ကို ... သိပ္ပံပညာရှင်တွေက အခုလို... အခုလို ..

ဒီအနာဂတ်မြို့ ကလေးဟာ စိတ်ကူးယဉ် ပုံစံ အဆင့် မှာဘဲ ရှိပါ သေးတယ်။

'Ziggurat' ခေါ်တဲ့ မြို့  လေးမှာ ကာဗွန် အောက်ဆီဂျင် သမ မျှတမယ်။ လျှပ်စစ် ပါဝါ ကို လေရဟတ် တွေ နေရောင်ခြည် တွေ မှ တဆင့် ရယူမယ်။

မြို့ စည်းကမ်းမှာ ၂.၃ စတုရန်း ကီလိုမီတာ အဆောက် အဦးထဲမှာ ကားမောင်း ခွင့်မပြု ပါ။ မိုနိုရေးခေါ်တဲ့ သံလမ်းသွားရထား (ကား) ဖြင့်သာ သွားခွင့်ပြုမည်။ မြို့ နေရာ အနံ့ ရောက်နိုင်ရန် အများသုံး သံလမ်းသွား ရထားမှာ မြို့ အတွင်းတွင် ကွန်ယက်သဖွယ် ရှိနေမည်။

လုံခြုံရေးသမားများ အပြည့်ရှိမည်။ လူတိုင်း မျက်နှာ တန်းမိစေရန် လူတိုင်း၏ အိမ်တွင် လုံခြုံရေး သမားများ ၏ ရုပ်ပုံကို မှတ်မိ နိုင်မည့် စက်နှင့် ပရိုဂရမ် ထဲ့ထားမည်။

ဒူဘိုင်းမှ ဒီဇိုင်းဆရာ Timelinks က စိတ်ကူးယဉ်မြို့  ပုံစံကို မူပိုင်ခွင့် မှတ်ပုံတင် ထားပြီးဖြစ်ပါသည်။European Unionကို ထောက်ပံ့ကူညီရန် လျောက်လွှာတင်ထားကြောင်း သိရသည်။

Timelinks မှ ညွှန်ကြားရေးမှုး ဖြစ်သူ Ridas Matonis အဆိုအရ.. အနာဂတ်မြို့ တော်သည် လျှပ်စစ်စွမ်းအင်ကို ရေနံမလို ဘဲ လုံလောက်အောင် ရယူလိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်းသိရသည်။

ဂျိန်းဘုံးဆန်ဆန် အနာဂတ် မြို့ တော် မှန်စီခြယ် ဘုံနန်းပြဿဒ် Ziggurat မှာဖြင့် မြို့ သား တစ်သန်း လက်ခံမည်ဖြစ်ပါသောကြောင့်....

အနာဂတ် မှန်နန်း မြို့သား တဦး ဖြစ်လိုပါက.. လာရောက် စာရင်းပေးသွင်းနိုင်ပါကြောင်း...

ပုံ

ဂျေ

မှန်နန်းမြို့ တော် ၀ံ

လိပ်စာ။ ။ မှန်နန်းပြင်ရှေ့ ၊ လက်နှိပ်စက်အပေါ်ဌာန ၊ အိုင်ဘီအမ်ပုံး

အချပ်ပို။ ။ ကျနော့်အမြင်တော့ လူတွေဟာ အိုဗင်ထဲမှာ နေရမဲ့ကိန်းဘဲဗျ. ဘယ်နဲ့ ဗျာ ကြပ်တိုက်ထား သလိုဖြစ်နေရော. လေကောင်းလေသန့် တွေ ကို လေရဟတ်တွေ က သုံး နေရောင်ခြည်ကို ဆိုလာဆဲ ကာဗာပြားတွေက လု.. လူဟာ ထောင်ချောက်ထဲရောက်နေသလား အောင်းမေ့ရတယ်။ ဟူး တော်ပါသေးရဲ့ မြေပေါ်မှာ ဆောက်ပေလို့ ဘဲ မြေအောက်ဆိုရင် အမယ်မင်း.. ငရဲသားဖြစ်ရချေသေး

ဖတ်ကြည့်ချင်သေးလား....

Thursday, September 4, 2008

Techonology - Remote Control လက်မုတ်ကွန်ထရိုး သို့ မဟုတ် တွန်ခရုဖြစ်ချင်သလား

တွန်ခရုရဲ့ Minority ရုပ်ရှင်ထဲကလို တီဗွီပိုင်ရှင်ဖြစ်ချင်သလား


ကင်းဘလေရေ့မြို့ ရှိ တိုရီဗာကုမဏီမှ သိပံပညာရှင်များက လက်ဝှေ့ ရုံဖြင့် ကြည့်လိုသော ချဲနယ် ပြောင်း နိုင်သောတီဗွီကို တီထွင် နေကြပါသည်။ ထို့ အတူ ယမန်နစ် တွင် University of Wollongong, Australia, မှလည်း တီထွင် ခဲ့ကြောင်းသိရပါသည်။



ပုံမှန် ရီမုတ်ကွန်ထရိုး မသုံးဘဲ လူ့  ကိုယ်ခနာကို ရီမုတ် ကွန်ထရိုး ကဲ့သို့  သုံးနိုင်ရန်ဖြစ်ပါသည်။



အသုံးပြုလိုသူ ၏ တောင်းဆိုမှု့ အတိုင်း လှုပ်ရှားမှု့ ပေါ်မူတည်ပြီး တီဗွီကို တီထွင် ထားသည် ဟုသိရသည်။


ဥပမာ။ 'stop'လုပ်ချင်လျှင် လက်မြှောက် ရမည်။

အသံအတိုးအကျယ် - သတ်မှတ်သည့် အတိုင်း လက်ကို အပေါ်အောက် အတင်အချ လုပ်ရမည်။

သို့ မဟုတ်

ညာနားရွက်ကိုကိုင်လျှင် အသံကျယ် လာပြီး ဘယ်နားရွက်ကိုကိုင်လျှင် အသံတိုး သွားမည်။


မှတ်ချက်။ ။ ကျွန်တော့်လို တီဗွီကြည့်နေစဉ် ခြင်ရိုက်ခြင်း၊ ခြင်ကိုက်ဖုကို ကုပ်ခြင်း၊ သန်းခြင်း၊ အိပ်ငိုက်ခြင်း၊ နှာချေခြင်း၊ လက်ကိုင်ဖုံးပြောရင်း ခြေဟန်လက်ဟန်ဖြင့် စကားပြောခြင်း များ ဖြစ်တတ် လုပ်တတ်သူများ အတွက် ထိုတီဗွီကို ၀ယ်မိလျှင် အတော် စိတ်ညစ်စရာ ကောင်းမည် ဟု ထင်မိ ပါသည်။ ထို့ အပြင် ကလေးများရှိသော အိမ်တွင် တီဗွီဖွင့်ထားပါက တီဗွီရုပ်များမှာ စကန့်  ပိုင်း အတွင်း ပြောင်းလဲနေမည် ရုပ်ရှင်ကို အရသာရှိစွာ ကြည့်ရမည်မဟုတ် ဟု ထင်မိပါသည်။

ဖတ်ကြည့်ချင်သေးလား....

Health - Diet ရှက်တတ်သူများ အတွက် နောက်ဆုံးပေါ် ပိန်ဆေး

လာပြီနော် လာပြီ.. ခေတ်မှီရမယ်

လျှပ် စေရမယ်..

ပိန် စေရမယ်.


နောက်ဆုံးမှ ပေါ်တဲ့ နောက်ဆုံးပေါ် ပိန်ဆေး

?.
??.
???.


ပိန်ဆေးက တော့ လွယ်လွယ်လေးပါ။ ကင်မရာ ဘဲ လိုတယ်။

ပြီးတော့ ပိန်ချင်သူက လည်း အရှက်အကြောက်ရှိရမယ်။

မစားခင် ဓါတ်ပုံရိုက် ...

စားမဲ့ အစာနဲ့  စားနေတဲ့လူရဲ့ ပုံ ကိုပါ။


စာရေးသူ၏ ထင်မြင်ယူဆချက်။ ။ ပါးစပ်ဟပြီး ကိုက်နေတဲ့ပုံဖြစ်သင့်သည့် အပြင် ဘေးတွင် လူအများ ကြည့်ကာ ၀ိုင်းဟားနေသော ပုံဖြစ်ပါလျှင် ပိုကောင်းမည်ဟု ထင်သည်။

နေ့ စဉ်နဲ့ အမျှ ရိုက်ထားတဲ့ ဓါတ်ပုံအယ်ဘန် ကို မစားခင် ကြည့်ရပါမယ်။ ကြည့်ပြီးစားရပါမယ်။

အဲဒါကို ကြည့်ပြီး အများကြီးစားမိလို့  သော်၎င်း၊ အပြောခံအနောက်ခံရမှာ ရှက်ခြင်းကြောင့် သော်၎င်း စိတ်ဆင်းရဲပြီး ပိန်အောင်လုပ်တဲ့နည်းဖြစ်ပါတယ် .. အမေရိကန်နိုင်ငံမှ အရှက်ကြီးသူ သိပံ္ပပညာရှင်များ နှင့် အရှက်ကြီးသူ ပိန်လိုသူများ University of Pennsylvania မှာ စမ်းသပ်တွေ့ ရှိချက်ဖြစ်ပါတယ်။

ပိန်လိုသူ အရှက်ကြီးသူများ စာရင်းပေးနိုင်ပြီ

ပုံ

လူဝကြီးဂျေ
ဘောက်စ် အုတ်ကထ ခေါင်းဆောင် ထိပ်သီး
ဖိုင့်ဖိုင့်ကြီးများအဖွဲ့ 

အထူး လက်ကျန်..

ပြောမဲ့သာ ပြောရတာ.. ခက်တာက ဒီပိန်ဆေး က ကျနော်တို့ လို အရေထူပြီးသား သာကီမျိုးနွယ် မြန်မာဘလော့ကာ အတွက်တော့ ...

.. ၀လေလေ... လှလေလေ..။

အရသာရှိသည် .... ဘီယာဘယ်လီ (Beer belly) .......အစရှိတဲ့ ဖြေဆေးတွေ ...ရှိနေတော့..

ကိုင်း.. ဓါတ်လေး လက်လျော့နေလေရော့ ..............

ဖတ်ကြည့်ချင်သေးလား....

Monday, September 1, 2008

Technology - Car သဲသဲလှုပ်တုန်ချင်လား ... ခိုက်ချင်လား .. မိုက်ချင်လား...

တုန်စေရမယ် ခိုက်စေရမယ် ဂျိန်းဗုံးထက် မိုက်စေရမယ် ဂျိန်းဗုံးထက် ပိုကြီးစေရမယ်.. နံမည် နံမည် ပြောတာ..

Lotus Espritဆိုတဲ့ကားဟာ ဂျိန်းဗုံးကို ရေပေါ်ရေအောက် မောင်းပို့ ပေးနိုင်လို့  နံမည်ကြီးခဲ့ပါတယ်။ အခု Lotus မှ boffins ခေါ်တဲ့ ကားဟာ ရေခဲပြင်ပေါ်တွင် လမ်းလျောက်နိုင်အောင် တီထွင်လိုက်ပါသည်။ Kieron Bradley ဖော်မြူလာ၁ မှ ၀န်ထမ်းဟောင်း က တီထွင်လိုက်ခြင်းဖြစ်ပါသည်။ (Concept Ice Vehicle) CIV ဟာ Antarctica ရေခဲပြင်ဒေသ ၄၈၀၀ကီလိုမီတာ အတွင်းတွင် ရေခဲပြတ်ရွှေ့ ကြော ရေခဲအက်ကြောင်းများ ကို လေ့လာရန် ဖြစ်ပါသည်။


ကမ္ဘာကြီးပူနွေးလာမှု့ ကြောင့် ရေခဲတောင်များ အရည်ပျော်ကာ ဖြစ်ပေါ်လာနိုင်သော အန္တရယ်များကို ကြိုတင်လေ့လာရန်အတွက် တီထွင်ခြင်းဖြစ်ပါသည်။ ယခုနောက်ဆုံးသတင်းများအရ မြောက်ဝင်ရိုးစွန်းတန်းမှ ရေခဲများ အရည်ပျော်နိုင်သည့် အချက်အလက်များ ရရှိထားပါသည်။ ရေခဲပြင်အောက်တွင် ဖြစ်ပေါ်နေသော အက်ကွဲကြောင်းများကြောင့် ဖြစ်လာနိုင်သည့် ဘေးကို ကြိုတင်လေ့လာရန် သိပ္ပံပညာရှင်များ အတွက် တီထွင်ထားသောယာဉ် ဖြစ်ပါသည်။

အလျင် ၁နာရီလ၄၈မိုင်ခရီးမောင်းနိုင်ပြီး အလေးချိန် ၃၆၀ ကီလိုဂရမ် (၇၉၀ ပေါင်) ရှိပြီး အခက်ခဲဖြစ်ခဲ့သော် လက်ဖြင့် မ နိုင်မည့် အလေးချိန်ဖြစ်ပါသည်။ ရေခဲပြင်တွင် မခဲနိုင်သော သဘာဝဇီဝလောင်စာကို သုံးသဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်ပါသည်။ -၇၂ ဒီဂရီ စင်တီဂရိတ် အပူချိန် တွင်ပင် မောင်းနှင်နိုင်ပါသည်။ ကားတွင် အထူး ရေဒါပါပြီး အန္တရယ်ရှိသော ပြတ်ကြောင်း များကို ရေခဲပြင်အောက်တွင် ဖြစ်ပေါ်ခြင်းရှိမရှိ စမ်းသပ်နိုင်ပါသည်။

ရေခဲပြင်ပေါ်လမ်းလျှောက်တဲ့ စက်ရုပ်ကား.

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */