Wednesday, September 30, 2009

Not so funny - အဖွား ရောင်းမည်



ပြုံးရုံ ပြုံးပါ

အဖွားရောင်းမည်။ (ရောင်း ဈေးအကန့် အသတ်မရှိ။)

အသက် - ၆၁နစ်
ကောင်းချက် - ချစ်စရာကောင်းသော ပုံပြောတတ်သည်။
မကောင်းချက် - နားငြီးအောင် ဆူတတ်သည်။
သူ့ အကြိုက် - လဘက်ရည်၊ ကာဖီ
အမြင့်ဆုံးဘစ် - ပေါင်၂၀၀၀
ဈေးပြိုင်ဆွဲသူပေါင်း - ၂၇ ယောက်
အိမ်နေရာ - Clacton-on-Sea


ပုံ
ရောင်းသူ - ၁၀နစ်သမီး မြေးမလေး
နေရာ - အီးဘေး

မြည်တွန်တောက်တီးတတ်သော အဖွား Marion Goodall အား အသက်၁၀နစ် အရွယ် မြေးမလေး Zoe Pemberton က အီးဘေးတွင် ရောင်းနေပါသည်။ သင် ၀ယ်လိုက ပေါင်၂၀၀၀ ထက် ပို ဈေးပေးပြီး ၀ယ်ပါ။
လက်ရှိ ၂၇ ယောက် ဈေးပြိုင်ဆွဲနေပါသည်။

(အီးဘေးမှ တုန့် ပြန်ချက် - လူကို လေလံတင်ခွင့်မရှိ သဖြင့် အီးဘေးမှ ပယ်ဖျက်ထားပါကြောင်း )


ဖတ်ကြည့်ချင်သေးလား....

Monday, September 28, 2009

Animal - ဘယ်သူပြိုင်လို့ တုပါတော့နိုင်

သတင်းဌာန - ဘီဘီစီ
မှတ်တမ်း အစီအစဉ် - တောရိုင်းတိရိစ္ဆာန်
မင်းသား - the lyrebird
ပြပွဲ အချိန်ကာလ - ၄-၈ မိနစ်
ပြသမှု့  - အချက်ပေးကားသံ၊ လွှဖြတ်သံ၊ မီးသတ်ကားသံ၊ မျိုးမတူငှက်များ အသံ၊ ကင်မရာ ရိုက်သံ၊ ခွေးဟောင်သံ၊ ကလေးငိုသံ

ဖတ်ကြည့်ချင်သေးလား....

Friday, September 25, 2009

Food - Better Half သူတ၀က် ကိုယ်တ၀က်

ပြုပြင်ထားခြင်းမရှိပါ။

ပန်းတပွင့်တည်းမှာ တခြမ်းစီ အရောင်၂မျိုး အဖြူ၊အ၀ါ
William Underwood, 73, in his garden in Cavendish, Suffolk.















ပန်းသီးတလုံးတည်းမှာ တခြမ်းစီ အရောင်၂မျိုး အနီ အစိမ်း
Mr. Ken Morrish, 45 yrs old at Colaton Raleigh, near Sidmouth, Devon.

ဖတ်ကြည့်ချင်သေးလား....

Thursday, September 24, 2009

Health - သတိပေးခြင်း legal party drug


အင်္ဂလန်နိုင်ငံမှာ မူးယစ်ဆေးဝါးတွေ တားမြစ်ထားပေမဲ့ legal party drug ကိုတော့ တရားဝင် ရောင်းချ ပေးထားပါတယ်။

အသက်၁၈နစ်သာ ရှိသေးတဲ့ Mikaila Tyhurst ဆိုသူဟာ အဲဒီ မူးယစ်ဆေးဝါး ကို စတင် သုံးစွဲ လာရင်းနဲ့  ...

သူမ အသက် ၂၂ ရောက်တဲ့အခါ မှာ အဲဒီ မူးယစ်ဆေးဝါး ကြောင့် သူမဟာ....

သိချင်ရင် Read More ကို ကလစ်လုပ်ကြည့်ပါ







ဖတ်ကြည့်ချင်သေးလား....

Wednesday, September 23, 2009

Animal - ပြုံးတုံ့ လှယ်

ကမ္ဘာ... အင်း .. မှားလို့  စကြာဝဌာအတွင်းမှ သက်ရှိသက်မဲ့ များ၏ အပြုံးများ

အမှား ပြင်ဆင်ခြင်း "စကြာဝဠာ"

ဒါက တော့ ပင်လယ်အောက် က ပြည်ကြီးငါး ပါ


င်္အဂါဂြိုလ် မျက်နှာပြင်ကို အာကာသ စခန်းမှ ရိုက်ထားပုံ

အမှားပြင်ဆင်ခြင်း အင်္ဂါဂြိုလ်


ယူကေ အိမ်တွင်းစိုက် ပန်းငြုတ်သီး, မက်ဆီကန်က မျိုးစေ့
တွေ့ ရှိပုံ - စားခါနီး ခွဲသောအခါ အပြုံး ၂ခုကို တွေ့ 


















ဟာဝါရီမှ ပင့်ကူဖြစ်ပါသည်။ Theridion grallator အမည်တွင်သော ပင့်ကူပေါ်တွင် ပေါ်နေသော အရိပ်ပုံ များကြောင့် the happy-face spider ဟု နာမည်ကျော်ကြားပါသည်။

ထပ်ထည့်ခြင်း ။ဟာဝါရီ"ဆိုတာ "ဟာဝိုင်အီ"နဲ့ ဘာကွာပါသလဲခင်ဗျာ?

ဘာကွာသလဲ ဆိုတော့ဝိုင်ပါတာနဲ့  မပါတာဘဲ ကွာပါကြောင်း ကျနော်မြင်ပါတယ်။

ဝိုင်ပါတာကိုဘဲ ကြိုက်ရင် နောက်တခါလာလည်ရင် ၀ိုင်တပုလင်းဆွဲခဲ့ပါခမျာ



Remark: I have read about one smiley face stingray in the newspaper but unable to find. May be next time:

Enjoy

ဖတ်ကြည့်ချင်သေးလား....

Saturday, September 19, 2009

Food - Carrot Hand- လက်နီကြီးလာပြီ

Peter Jackson, အသက်66နစ် ဆိုသူ ၏ ဥယျာဉ် တွင်းမှ သဘာဝအလျောက် လက်ပုံစံ ဖြစ်နေသော မုန်လာဥနီ

နေရာ Shropshire အင်္ဂလန်

ဖတ်ကြည့်ချင်သေးလား....

Monday, September 14, 2009

Art - Image of Last dessert! toothpick သွားကြားထိုးတံအနုပညာ






TV presenter Stan Munro သည် ၆နစ်တိုင်တိုင် သွားကြားထိုးတံဖြင့် ကမ္ဘာကျော် အဆောက်အဦး ပုံစံငယ်များ တည်ဆောက်ခဲ့ပါသည။ ကော် ၁၇၀ လီတာ သုံးခဲ့ရပြီး အချိန်ပြည့် တည်ဆောက်ခဲ့သော အနုပညာများမှာ အလွန် စွဲဆောင်မှု့ ရှိပါသည်။ သူ တည်ဆောက်ခဲ့သော အဆောက်အဦး များတွင် Big Ben, Tower Bridge and The Vatican ဗီယက်နမ်မှ Angkor Wat ဘုရားကျောင်းဆောင်၊ Sydney's Opera House, the Taj Mahal and Cutty Sark များကို 1:164 scale စကေးဖြင့် တည်ဆောက်ခဲ့ပါသည်။

သွားကြားထိုးတံကို နောက်ဆုံးစားသော အချိုပွဲ Last dessert ဟု တင်စားခေါ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Sunday, September 6, 2009

Fashion - ခြေချောင်းပါသော ခြေစွပ် Vibram FiveFingers

အီတလီကုမ္မဏီ Vibramမှ ခြေချောင်းတခုချင်းစီ စွပ်နိုင်ရန် ခြေထောက်ပုံစံ အတိုင်း ချုပ်လုပ်ထားသော ခြေစွပ်ကို ၂၀၀၆ တီထွင်လိုက်ပါသည်။

ခြေချောင်း၅ချောင်းပါသော ခြေစွပ် ကို နောင်တချိန်တွင် အားကစား လောကတွင် တွင်ကျယ်စွာ အသုံးပြုလာ ကြမည် ဟု မှန်းဆရသည်။ ခြေချောင်းတခုချင်း စွပ်ထားခြင်းကြောင့် ခြေဆစ်များ၊ ဒူးများ ယောင်ယမ်းခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်းမှ ကာကွယ်နိုင်သကဲ့သို့  စီးသည့် အခါတွင်လည်း သက်တောင့် သက်သာ ဖြစ်စေသည် ဟု အသုံးပြုသူများက ပြောကြပါသည်။

ခြေစွပ်ဝတ်ထားလျှင် မြေကြီးကို သမရိုးကျ ဖိနပ်များကဲ့သို့ ဖနောင့် မှ ထိတွေ့ ခြင်း မဟုတ်ဘဲ ခြေဖ၀ါးအလယ်မှ ထိတွေ သဖြင့် ခြေဗလာ ဖြင့် လမ်းလျှောက် သကဲ့သို့ သက်တောင့် သက်သာ ရှိသည်ဟု ဆိုပါသည်။

ပါးလွှာသော ရာဘာ ဖြင့် ခြေချောင်းများကို ခြားနား ထားသည်။ ရိုဂလေ့ကျင့်သူများ သဘောင်္သားများ ကရာတေး ကစားသူများအတွက် ရည်ရွယ် ထွင်ခဲ့သော်လည်း အပြေးသမား များ အားကစားသမားများ က ပို အသုံးပြုသည် ကို တွေ့ ရပါသည်။

ပါးလွှာသော ခြေစွပ်သည် စတာလင်ပေါင်၈၀ ခန့် တန်ဖိုးရှိပါသည်။

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */