Monday, February 8, 2010

Snake & Smoke


ကြိုတင်ဖြေရှင်းချက်။ ။ မရှင်မင်းရဲ့ smoke & spice ကို ကော်ပီစနိပ် copysnake လုပ်ခြင်းမဟုတ်ပါကြောင်း။

ယခင်က တရုတ်ပြည်က လိပ်ကလေး ဆေးလိပ်စွဲတာ တင်ပြပေးဘူးပါတယ် ဒီလင့်မှာပါ။ အခုတော့ တိုင်ဝမ်မှ မြွေပါ ဆေးလိပ်စွဲနေသဗျ။ ဆေးလိပ်မရရင် ဒီမြွေတော့ ဒေါသထွက်ပြီး သခင်ကို ပါ မြိုမယ် ထင်တယ်။

သတင်းအသေးစိတ်မှာ

သိချင်လား သောက်ကြည့်.. ..အဲအဲ အောက်မှ သတင်းကို ဖတ်ကြည့်

That's because the three-year-old reptile from Taipei in Taiwan has become hooked on nicotine, thanks to his owner Sho Lau's 20-a-day habit.

'He is very tame and one day when I threw a cigarette butt away he went for it and seemed to enjoy having it in his mouth,' said 33-year-old Lau.

'One thing led to another and before long he was having one cigarette in the morning and another at night.'

'He gets very agitated if I don't have any to spare,' he added.

မှီငြမ်း ။ ။ မက်ထရိုသတင်း


ဆေးလိပ်ကြောင့် ကျွန်တော့မွေးစားဖခင် ဘကြီး အသက်၅၅နစ်အရွယ်မှာ ဆုံးပါးခဲ့ရပါတယ်။ အဖေ အသက် ၁၅နစ်မှာ ဆေးလိပ်စသောက်ခဲ့ပြီး နောက်ပိုင်းဖြတ်မရတော့ပါဘူး။ ဆေးလိပ်ကြောင့် အဖေ ရောဂါပေါင်းစုံခံစား ရတာ သိနေမြင်နေရတဲ့အတွက် သားများ ဆေးလိပ်မသောက်ကြပါ။ ဘလော့ကာ မိတ်ဆွေများလည်း ဆေးလိပ်ဖြတ်ဖို့ ကြိုးစားချင်ရင် ဆေးလိပ်ဖြတ်နိုင်တဲ့ ဆေးလိပ် အတုအကြောင်း ရေးထားတာ ဒီလင့်မှာ ဖတ်စေလိုပါတယ်။ စလုံးမှာ နေသူများ ဆေးလိပ်ဖြတ်ဆေးလိပ် မူစတာဖာတွင် အလွယ်တကူဝယ်လို့ ရကြောင်း တခြားနိုင်ငံမှလူများ အတွက် အီးဘေးတွင် အဆင်ပြေစွာဝယ်နိုင်ကြောင်း အသိပေးအပ်ပါတယ်။

ပုံ
ဂျေ

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */