ဆေးလိပ်ဖြတ်လိုသူ များအတွက် လက်ဆောင်
ကဲ ကျနော်တို့ တတွေ ဆေးလိပ်သောက်ကြတယ်။ ငွေကုန်တယ်ဗျာ။ င်္အကျီပေါက်တယ်ဗျာ။ ရင်ကြပ်တယ်။ သွားမဲတယ်။ စားသမျှ အသား မဖြစ်ဘူး။ ရောဂါရတယ်။ နောက်ဆုံး အဆုပ်ရောဂါ (အဆုပ်ရေ၀င်ရောဂါ) နဲ့ ဂန့်ကြတယ်။ မကောင်းတာ သိတယ် သို့ သော်....
အချိန်ရောက်ရင် ခံတွင်းချဉ်တယ်။ မသောက်ရ မနေနိုင်ဘူး။ ဆေးလိပ်ထဲမှာ လူကို ဒုက္ခပေးတဲ့ ဓါတ်၄၀၀ ကျော်နဲ့  ကတ္တရာစေး တွေပါတယ်။ ဒါတွေကြောင့် ရောဂါရတယ်ဗျာ။
ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတယ် နည်းမျိုးစုံ လေ့လာကြတယ်။ အခု နောက်ဆုံး ကျန်းမာရေးသိပ် မထိခိုက်မဲ့ ဓါတ်ဆေးလိပ် သောက်ရအောင်။
နီကိုတင်းအရည်လေးပါတဲ့ ဖန်ပြွန်လေးကို ဘက်ထရီနဲ့ရှုတဲ့ ဆေးလိပ်ပါဘဲ။ ဆေးလိပ်သောက်သလို အငွေ့ ထွက်ပါတယ်။ ဒါပေမဲ့ လူအန္နရယ်ဖြစ်တဲ့ ဓါတ်တွေ ဖယ်ထားပါတယ် ။ ဆေးရွက်ကြီးမှာ ဓါတ်မျိုးစုံပါတယ်။ ဓါတ်ဆေးလိပ်မှာ ဆေးလိပ်မီးနဲ့ တူအောင် အနီရောင်လေး ထိပ်မှာ တပ်ထားတယ်။ ဆေးလိပ်သောက်သလို မီးခိုးထွက်ပါတယ်။ ယူကေမှာ ဆေးလိပ်မသောက်ရ ဥပဒေတွေ တင်းကြပ်လာတော့ ဓါတ်ဆေးလိပ်ကို သောက်ခွင့်ပေးတော့ ကောင်းသားဘဲပေါ့လေ... အဆုပ်ရောဂါ မဖြစ်စေဘူး။ နီကိုတင်းတခုထဲသာ ပါရှိပါတယ်။
Gamucci Micro Electronic Cigarette လို့ ခေါ်ပါတယ်။ ဆေးလိပ်ပုံထဲမှာ အရည်ထဲ့ထားပါတယ်။ ဆေးလိပ်မှာ ၃မျိုးရှိပါတယ်။ ၆မီလီဂရမ်၊ ၁၁မီလီဂရမ်၊ ၁၆မီလီဂရမ် ပါတဲ့ ဆေးလိပ် ရှိပါတယ်။ 3.7 volt battery နဲ့ သုံးရတဲ့ ဓါတ်ဆေးလိပ် မှာ အစီခံကို စုပ်ယူတဲ့ အခါမှာ မီးခေါင်းတိုင်ကို အပူပေးသကဲသို့ လျှင်မြန်စွာ ပူနွေးလာပြီး ဆေးလိပ်အငွေ့ များထွက်စေပါတယ်။ ဗူးတခုထဲတွင် ဆေးလိပ်၂လိပ်ပါသဖြင့် ဆေးလိပ်တခုသောက်ချိန်တွင် နောက်ဆေးလိပ်ကို ဓါတ်အားသွင်းထားနိုင်ပါသည်။
ဓါတ်ဆေးလိပ်က ပေါင်၅၀လောက် ပေးရပါတယ်။ အသက် ၁၈နစ်ကျော်တဲ့သူ တွေသာ သုံးခွင့်ရှိပါတယ်။ မွေးစသားငယ်ရှိ မိခင် တွေ နဲ့ ကိုယ်ဝန်ဆောင်သည်တွေ အတွက် မသင့်လျော်ပါဘူး..
နေရာ အတော်များများမှာ ဓါတ်ခဲဆေးလိပ်တွေ ရောင်းနေတာကို တွေ့ ရပါတယ်။
(စာမှီး- ဒေးလီးမေးလ်)
8 May 2008
ကျွန်တော့် အဖေဟာ ၁၅နစ်သားကထဲက ဆေးလိပ်စသောက်ပါတယ်။ နောက်ပိုင်း ဆေးပေါလိပ် ဆေးပြင်းလိပ်တွေ သောက်ပါတယ်။ အကိုကြီးနဲ့  ကျွန်တော်ကတော့ မသောက်ပါဘူး။ အဖေဟာ လူမှု့ ရေးပြဿနာ စီးပွားရေးအခက်ခဲတွေ ကြောင့် လည်း ဆေးလိပ်ကို မဖြတ်နိုင်ခဲ့တာလား မဖြတ်ချင်တာ လား မသိပါဘူး။ အသက် ၅၅နစ်မှာ အဆုပ်ထဲ ရေ၀င်ပြီး ရင်ကြပ်ချောင်းဆိုးပြီး ဆုံးပါးသွားခဲ့ပါတယ်။
တတ်နိုင်သလောက် ကြိုးစားပြီး ဆေးလိပ်ဖြတ်တာ အကောင်းဆုံးပါဘဲ။ ဆေးလိပ်ဖြတ်တဲ့ လျှပ်စစ်ဆေးလိပ် နောက်အသစ် တမျိုးကို ပို့စ် အဖြစ်ရေးဖို့ ပါဘဲ။ ကျွန်တော် မရေးဖြစ်သေး တဲ့အချိန် မှာတော့ ယခုကျွန်တော် ရေးထားတဲ့ လျှပ်စစ်ဆေးလိပ်ကို ရှာဝယ်သုံးကြည့်ထားစေချင်ပါတယ်။ သူက ကျန်းမာရေး သိပ်မထိခိုက် ဘူးလို့  ညွှန်းထားပါတယ်။
ဝယ်ယူချင်သူများ ဂူဂယ်မှာ ရှာနိုင်သလို ပိုပြည့်စုံတဲ့ လင့်တွေလည်း ဖေါ်ပြပေးထားပါတယ်။
1. http://www.
2. http://www.electronicigarette.
3.http://answers.yahoo.com/
4. http://www.liquid-shop.eu/
5. http://cgi.ebay.co.uk/ws/
ကံကောင်းပါစေ
ဂျေ
လိပ်တက် ယုန်တက် သိုးတက် အကုန်တက် လီမီတက် အေဂျင်ဆီ
Monday, August 11, 2008
Technology - ဆေးလိပ်ဖြတ်လိုသူ များအတွက် လက်ဆောင် - ဓါတ်ဆေးလိပ်
at 1:27 AM
Label: technology
Subscribe to:
Post Comments (Atom)
2 comments:
ဂျေရေ...!
ဒီ Post လေး ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..
ကျနော် တကယ်ရအောင်ဖြတ်တော့မယ်..
အဓိက ကတော့ “စိတ်” လို့ထင်တာပဲ..
ဒီတစ်ခါတော့ အောင်မြင်မှာပါ.. ကျနော့် စိတ် ကိုက ဖြတ်ချင်နေတာ..
ကျနော်ကလည်း ဗဟုသုတ တော်တော်နည်းတယ်ဗျ ..
Gamucci Micro Electronic Cigarette ဆိုတာကို ကျနော် တကယ်မသိဘူး.. ခုမှသိတာ..
ဟိုအရင်က သိရင်တော့ ဝယ်သုံးရင်သုံးမိမှာ ခုတော့.. မသုံးတော့ပါဘူးဗျာ.. လမ်းညွှန်ပေးလို့ ကျေးဇူးပါ..
အားပေးတဲ့အတွက်လည်း ကျေးဇူးအထူးပါ..
နောက် Post အသစ်လေးတွေ တင်ရင်လည်း ပြောပါနော် အမြဲလာဖတ်ပါ့မယ်.. Link လေးလည်း ချိတ်ထားလိုက်ပြီနော်..
ခင်မင်စွာဖြင့်
(ကိုရင်နော်)
oh nice....
very interesting post
Post a Comment