Monday, January 28, 2008

Technology - Satellite ဘယ်လင်တိုင်းနေ့ 


ဘယ်လင်တိုင်း နေ့ အထူးလက်ဆောင်
စက်တလိုက် ဂြိုလ်တု ပျက်ကျခြင်း

၉တန် အလေးချိန် ဘတ်စကားတစီးအရွယ်ရှိ စပိုင် အမေရိကန် ဂြိုလ်တုသည် တနစ်နီးပါးခန့် ထိန်းချုပ်မှု့ ပြတ်တောက်ပြီး အာကာသထဲမှ ပျက်ကျနေပြီး ကမ္ဘာမြေပြင် ပေါ်သို ကျရောက် မည်ဟု 27 January 2008 နေ့ တွင် အမေရိကန် ပြောရေးဆိုခွင့်ရှိသူ မှ တရားဝင် ထုတ်ပြန် ကြေငြာပါသည် မကြာခင် မြေပြင်ပေါ် ဖြစ်ပါသည်။ မည်သည့် နေရာ သို့ ဆင်းသက်ပျက်ကျမည် ကို မသိနိုင်ပါ။ ဂြိုလ်တုတွင် ဟိုဒ်ဒရာဆင်း ဒုံးပျံ လောင်စာဆီ ပါဝင်သဖြင့် အန္တရယ် ရှိကြောင်းသိရသည်။

ယေဘူယျအားဖြင့် စက်တလိုက်များ ထိုသို့  ထိန်းချုပ်မှု လွတ်ကာ ပျက်ကျမှုများ နစ်စဉ်ရှိပါသည်။ မြေပြင်ပေါ်သို့ ကျရောက်ရန် နည်းပါးပါသည်။ (ကံဆိုးသူတော့ ထိမှာဘဲ) အာကာသထဲမှ မြေပြင်လေထုအတွင်းဝင် သည့်အချိန်တွင် လေထု ဖိအား အီလက်ထရွှန်နှင့် သံလိုက်လွှာ ထုများကြောင့် လေထဲတွင် မီးလောင် ပျက်စီးနိုင်ပါသည်။ လောင်သည့် မီး အပူချိန်မှာ ၇၅၀၀ ဒီဂရီစင်တီဂရိတ် ရှိသည် နေ၏ အပူချိန်မှာ ၅၇၀၀ ဒီဂရီစင်တီဂရိတ်သာ ရှိပါသည်။

ကမ္ဘာမြေပြင်သည် များသောအားဖြင့် ရေထုဖုံးလွှမ်းနေသောကြောင့် ရေပြင်သို့ သက်ဆင်းနိုင်ခြေ များပါသည်။ ယခုဂြိုလ်တုသည် မည်သည့် နေရာ သို့ ဆင်းသက် ပျက်ကျမည် ကို မသိနိုင်ပါ။

၁၉၇၈ ရုရှား ကော့မို့ စ် ၉၅၄ ဂြိုလ်တု သည် ကနေဒါ ရေကန်အနီးပျက်ကျသည်။ ထိုဂြိုလ်တုသည် နူကလီးယား စွမ်းအင်ကို အသုံးပြုထားသဖြင့် ထိုဂြိုလ်တု ပျက်ကျရာ
ကနေဒါမြောက်ပိုင်းတွင် ရေဒီယို ဓါတ်ကြွ ပစ္စည်းများ ပြန့် နံ့ သွားခဲ့သည်။

၁၉၇၉ အမေရိကန် အာကာသစခန်း စကိုင်းလက် သည် သြစတြေးလျှ မြောက်ပိုင်းတွင် ပျက်ကျ သည့်အခါတွင် လူနေ အိမ်ခြေ အမြောက်အမြား ပျက်စီးခဲ့ပါသည်။

၂၀၀၁တွင် ရုရှား အာကာသစခန်း မိုင်ယာ သည် အာကာသ ပတ်လမ်း သွေဖယ်ပြီး ကျိုးပျက်ကာ တောင် ပစိဖိတ် ပင်လယ်တွင်း ပျက်ကျ ခဲ့သည်။ ယင်းစခန်းတွင် ပါရှိသော ဆယ်ယု ၆ နှင့် ဆယ်ယု ၇ မှာမူ အကောင်းပကတိ မပျက်စီးခဲ့ပါ။

ယခုအခါတွင် ဘယ်လင်တိုင်း နေ့ သို့ ရောက်ရှိလာမည် ဖြစ်သည့်အားလျှော်စွာ မြန်မာပြည်သူ များ၏ အဆင့်အမြင့်ဆုံး ဘုန်းတော် ကံတော် ကြီးမား လှစွာသော တုနိုင်း မရ မေတ္တာတုံး ကြီးအား ဘယ်လင်တိုင်း နေ့ အတွက် အမှတ်တရ အဆင့်မြင့်မိုးပေါ်မှ အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်ထားသော ဒေါ်လာထရီလီယန် မက တန်ဖိုးကြီးလွန်း လေသော ထို ဂြိုလ်တု ကို ယင်း၏ ငယ်ထိပ်တဲ့တဲ့ ထိပ် တွင် ဆောင်းနိုင်ရန် အလို့ ငှာ မေတ္တာ လက်ဆောင် ဆုမွန်ကောင်း တောင်း ပေးနိုင်ကြပါသည်။ (မိန်းမအတွင်းခံ ဖြင့် ပစ်ကစားသည့် အဆင့်နိမ့်သော ဂိမ်း ကို မကစားသင့်ပါ။ အဆင့်မြင့်သော ဂြိုလ်တုဖြင့် သရဖူဆောင်းပေးနည်းဂိမ်းကို သာ ကစားသင့်ပေသည်။)

မှတ်ချက် ထို ဆုတောင်းအတွက် အခကြေးငွေ မယူပါ။ ပုံ မေတ္တာရှင် ဘလောက်ခါများ

ဖတ်ကြည့်ချင်သေးလား....

Sunday, January 27, 2008

Error Miss California 2008

ဲ့အလှမယ် Christina Silva (Miss Los Angeles) ကို Miss California ကယ်လီဖိုးနီးယားမယ်အဖြစ် တရားဝင် ကြေငြာခဲ့ပါတယ်။ နောက်၎ရက်ကြာတဲ့အခါမှာ သူက တတိယသာ ဖြစ်တယ်ဆို ပြီး မယ်ဘွဲ့ ကို ပြန်လည် ရုပ်သိမ်းခံရပါတယ်။




စိတ်မကောင်းစရာပါဘဲ။ မယ်ဘွဲ့ အစစ်အမှန်ရွေးခံရတဲ့သူ က တကယ်ချောပါတယ်။ ဒုတိယကလည်း သူ့ ထက် ပို ချောပါတယ်။ သူ က စိတ်လှုပ်ရှားပြီး အနည်းငယ် ပျာယာခတ်နေတာ ဗီဒီယိုတွေ ပြန်လည်ကြည့်ရင် တွေ့ ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စ ဟာ မမှားသင့်ပါဘူး။ ပျော်ရွှင်နေတဲ့ အပျော်လေး ပျက်ရုံသာ မကဘဲ နောက်ပြန် ၂ဆင့် အတီးခံရသလိုပါဘဲ။

သူကလေးက စိတ်ထားကောင်းရှာပါတယ် မယ်အဖြစ် အရွေးခံရသူ ကိုလည်း ဖုံးနဲ့ ဆက်ပြီး ၀မ်းသာကြောင်း ပြောပေးတာ အံ့သြစရာပါ။ ပုံမှန် ဒုတိယ တတိယ အဖြစ် အရွေးခံရတဲ့သူတွေ ကလည်း စင်မြင့်ပေါ် မှာ လူသောင်းသိန်းချီ ကြည့်ပြီး အသိအမှတ်ပြုခံရပြီး ၄ရက်ကြာတော့မှ ရွေးချယ်တဲ့ စာရင်းအားလုံးမှားတယ် ဆိုပြီး ဖုံးဆက် အကြောင်းကြားတာ စိတ်မကောင်း စရာပါဘဲ။

Miss California အစစ် Raquel Beezley နဲ့ မှားယွင်းတဲ့ သရဖူဆောင်းခဲ့တဲ့သနားစရာ မယ်လေး Christina Silva ကို ယှဉ်ပြထားပါတယ်။
စတုတ္တဖြစ်ရမဲ့
Christina က တတိယ နေရာ ဖြစ်ကြောင်း ဖုံးဖြင့်ထပ်ပြင်ပြော တဲ့ အတွက် တတိယ ရထားသော Keith Lewis ကလည်း မကျေမနပ် ဖြစ်နေရ ပါတယ်။ တကယ်တမ်း ကြည့်မယ် ဆိုရင် Christina Silva ဟာ စတုတ္ထဘဲ ဖြစ်သင့် ပါတယ်။

စိတ်မကောင်းစရာ အဖြစ်ကလေးပါ။ ပေါ့ဆတဲ့ သူတွေ ကြောင့် စိတ်ဆင်းရဲစရာတွေ ဖြစ်ရတာပါဘဲ။

ဖတ်ကြည့်ချင်သေးလား....

JOB - Vacancy : Secretary wanted


အလွန်ပျူငှာ ယဉ်ကျေး သော မန်နေဂျာ ၏ နှတ်တိုက် ချသော ညွှန်ကြားချက်များ အမှီလိုက်ရေး နိုင် ရမည်။ မန်နေဂျာသည် စကားပြောမြန်သည်။ အလွန်လေပေါသည်။ အလုပ်လျှောက်လိုချင်သူများ အင်တာဗျူးရန် အသေးစိတ်မှာ......


ဖတ်ကြည့်ချင်သေးလား....

Animal - Dance dance dance!

လာရောက် အက ပြိုင်သူ များကို ကြိုဆို ပါတယ် ကဲ ရယ်ဒီ .......


တချို့ က ဗီဒီယို ကို မမြင်ရဘူးပြောတယ်။ ဒီမှာ လင့် ၁ လင့် ၂ ရေးထားပါတယ်။ တိုက်ရိုက်ကြည့်လို့ ရပါတယ်။






စာဖတ်သူတွေ တိတ်တိတ်လေးကြိတ် ပြီး ရေချိုးခန်းထဲမှာ က နေကြမှာ ကို သိနေတယ်နော်...

မှတ်ချက်
ငှက်ကလေးမှာ တကောင်တည်းသာ ဖြစ်ပါသည်။ ပိုင်ရှင်မဲ့ ငှက်ကလေးများအား ကယ်ဆယ်ထိန်းသိမ်းရေးအဖွဲ့  တွင် ကယ်ဆယ် ထားသော ငှက်ကလေးဖြစ်ပါသည်။ စနိုးဘောဟုခေါ်ပါသည်။ သီချင်းသံကြားတိုင်း က သဖြင့် ယခုကဲ့သို့  ဗီဒီယိုမှတ်တမ်း တင်ထားခြင်းဖြစ်ပါသည်။ ထိုအဖွဲ့ သည် အမြတ်ယူသော အဖွဲ့ မဟုတ်ဘဲ စေတနာ့ဝန်ထမ်းများ စုပေါင်းဖွဲ့ ထားသော အဖွဲ့  ဖြစ်ပါသည်။ အဖွဲ့ ရေရှည်တည်တံ့ရန် ရံပုံငွေရှာရာတွင် စနိုးဘော၏ အကများမှာ အဓိက အခန်းမှ ပါဝင်ပါသည်။ BirdLoverOnly အဖွဲ့ ဖြစ်ပါသည်။ အသင် ငှက်ကလေးများအား အလျှူငွေပေးလို ပါက www.birdloversonly.org/ သို့ ပေးပို့ ကူညီနိုင်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Food - Let's starv ၀ိုင်းငတ် ကြရအောင်

တယောက်ထဲငတ်တာထက် အားလုံးဝိုင်း ငတ် ကြရအောင်.. ရယ်ဒီ.. သွားရည်သုတ်.. စမယ်

ညိမလေး မြရွက်ဝေက ၁၂မျိုးချဉ်ရည်အကြောင်းမေးတော့ ဗိုက်ဆာလိုက်တာ တဂွီးဂွီးနဲ့  အင်း သူ့ ဆီက ဝေစု ဓါးပြတိုက် အဲလေ ဘလော့ပြတိုက်ထားတဲ့ မြန်မာပြည်က အစားအသောက်တွေ (တကယ်တော့ အဟဲ မနေ့ က ရန်ကုန်ပြန်သူတွေ လက်ဆောင်ပေးတာ သူ့ ကို သွားမပြောနဲ့ ) ရထားတော့ မဖြစ်ချေဘူးဆိုပြီး တောင်းဆိုသမျှ မငြင်းသာဘူးလေ။ ပိုက်ကွန်ဆွဲပြီး နက်ထဲ ရှာလိုက်တာ အင်းဝထဲမှာ တွေ့ တာလေးတွေ ကော်ပီရော စာသားရော ကူးထဲ့ပေးလိုက်ပါတယ်။ အခု ဗိုက်ဆာတာ မနေနိုင်လို့  ပေါက်ပေါက်ဆုပ်ဖောက်စားလိုက်ရတယ်။ ကဲ ရော့ စက္ကူအိတ်ဘဲ ကျန်တယ်။ တာ့တာ....

ပန်းသေးခေါက်ဆွဲ
A popular Burmese dish that particularly appeals to Westerners, this is a mild curry with lots of gravy. It is ladled over a bowl of egg noodles and served with a number of accompaniments with contrasting flavours

Serves. 6 8

1.5 kg (3 lb) chicken or chicken pieces
5 cloves garlic, chopped
3 medium onions, chopped
1 tablespoon finely chopped fresh ginger
2 tablespoons peanut oil
1 tablespoon sesame oil
1 2 teaspoons chilli powder
2 teaspoons salt
2 cups thin coconut milk
2 cups thick coconut milk
2 tablespoons chick pea flour (besan)
500g ( 1 lb) thin egg noodles or cellophane noodles

Cut chicken into serving pieces. Put garlic, onion, ginger into blender container, cover and blend until smooth, adding 1 tablespoon of peanut oil if necessary. Heat remaining oil and fry blended ingredients for 5 minutes. Add chicken and continue to fry, stirring constantly. Add chili powder, salt and thin coconut milk. Simmer until chicken is tender, adding a little hot water if mixture becomes too dry. Add thick coconut milk, return to heat and bring slowly to the boil, stirring constantly to prevent mixture from curdling. Mix chick pea flour with a little cold water to a smooth cream, add to curry and cook for a further 5 minutes uncovered (there should be a lot of gravy). Just before serving, cook noodles in a large saucepan of boiling salted water until just tender, about 6 minutes. Pour cold water into pan to stop noodles cooking, then drain in colander. Serve noodles in a large bowl and the curry in a separate bowl. Each person takes a serving of noodles, ladles on a generous amount of the curry and sprinkles various accompaniments over the top.

မုန်လာချဉ်ရည် (မုန်လာဖြူ)
Ingredients:

* 3 Tablespoons Olive Oil
* 1 Medium Onion -- Chopped
* 1/2 Teaspoon Turmeric
* 1 Teaspoon Paprika
* 1/2 Cup Shrimp Powder
* 2 Large Tomatoes -- Chopped
* 1 Pound Daikon -- Chopped
* 3/4 Cup Tamarind Juice
* 2 Tablespoons Fish Sauce
* 1/4 Teaspoon Sugar
* 1/4 Teaspoon Salt
* 1 Bunch Cilantro -- Chopped
* 6 Cups Chicken Broth

Directions: Saute onion in oil for 5 minutes. Add tumeric, paprika, shrimp powder, and tomatoes. Saute for 5 minutes. Add daikon, tamarind juice, fish sauce, sugar, salt, cilantro and broth. Bring to a boil, cover and simmer for 40 minutes. Serve.

ချဉ်ရည်ဟင်း
Sourgreens such as tenderyoung tamarind weaves are used to make the stock for this soup (or substitute green tomatoes or rhubarb stalks) If rhubarb stalks are used cut them into short lengths and boil then strain and use the Liquid combined with spinach or other green leaves.

Serves. 4 6

2 teaspoons sesame oil or corn oil
1 onion, finely sliced lengthways
2 cloves garlic, crushed
¼ teaspoon ground turmeric
2 or 3 green tomatoes, chopped
1 cup torn spinach or other greens
4-6 cups fish stock or boiling water
salt to taste

Heat oil in a saucepan and when very hot fry the onion, garlic and turmeric, stirring for 30 seconds. Add the tomatoes and spinach, stir well, then add the stock or water and bring to the boil. Simmer vegetables are tender. Taste and add salt as necessary. Serve with rice.

မုန့် လက်ဆောင်း
A cooling drink of saga coconut milk and calm sugar which can be served as a dessert.

l cup sago
4 cups water
¾ cup chopped palm
ice cubes
4 cups coconut milk
sugar

Wash and soak sago for approximately l hour, drain and put m a large saucepan with 3 cups of the water. Bring to the boil and simmer over a moderate heat until sago grains are clear. Cool and chill. Put palm sugar in a small saucepan with remaining water and heat gently until the cakes of sugar dissolve. Cool and strain the syrup. For each serving, put approximately 4 tablespoons of chilled sago into a tall glass, add 3 tablespoons syrup (or more according to taste) and mix well. Add 2 3 ice cubes and fill up with coconut milk. Stir and serve immediately.

ပဲဟင်း
5 tablespoons dried split-pea lentils
1 large onions
1 heaping teaspoon tamarind paste
6 cups stock
3 teaspoons oil
6 large or 18 tiny dried chillies
1 1/2 teaspoons curry powder

1. Wash lentils and boil them with just enough water till well mashed.
2. Slice onion finely. Soak tamaring and dissolve. Boil stock.

3. Heat oil. Fry 2/3 of onion golden, drain. Pour off half of oil. In remaining oil fry chilies till dark, drain. Fry rest of onion till fragrant, put in curry powder, and fry over low heat.

4. Combine lentils with fried ingredients, pour all into stock, add tamarind juice and bring to boil. Add fried onions and serve with chili floating in each cup.

ဖတ်ကြည့်ချင်သေးလား....

Saturday, January 26, 2008

Food - couple veg or chinese fleece flower


တရုတ်ဆေးမြစ်တတွဲ၏ ထူးဆန်းဘွယ်အသွင်သဏ္ဍာန်


အင်္ဂလိပ်လို့ တော့ chinese fleece flower လို့ ခေါ်ပါတယ်။ တရုတ်လို ဘယ်လိုခေါ်မှန်း မသိပါဘူး။ ယနေ့ ဖတ်လိုက်တော့ အတော်ထူးဆန်းနေလို့  ဓါတ်ပုံ တင်ပေးလိုက်ပါတယ်။ ဆေးမြစ်တွေကို မြေကြီးထဲက ဆွဲနုတ်ပြီး ဆေးဆိုင် တင်ရောင်းတာ ထုံးစံပါဘဲ။

ဝယ်သူတဦးက ဆေးမြစ်ဥ တတွဲကို ယူလိုက်တဲ့ အခါမှာ. .
စုံတွဲ တတွဲရပ်နေတဲ့ အတိုင်းပါဘဲ ကိုယ်အင်္ဂါ အပြည့်အစုံနဲ့  အမြစ်တွေနဲ့ မြေကြီးတွေသာ မပေကျံရင် လူတွေထုလုပ်ထားတဲ့ အရုပ်လို့  ထင်စရာပါ။ ဆေးမြစ်က ဘယ်လို ဆေးဘက်ဝင် တယ် ဆိုတာ အသေချာမသိလို့  လင့်တွေ ကူးပြီး တင်ပြလိုက် ပါတယ်။

ယခုတော့ တရုတ်နိုင်ငံတွင် သာမန်ဈေးထက် အဆပေါင်းများစွာ ပိုများသော တန်ဖိုး ဒေါ်လာ ၈၀ကျော် ပေးဝယ်ခဲ့သော ထို ဆေးမြစ်ကို အရပ် ဒေသ အသီးသီးမှ လာရောက် ကြည့်ရှုသူ ပေါများ ကြောင်း သိရသည်။ (စာမှီး မက်ထရိုယူကေ)

ဖတ်ကြည့်ချင်သေးလား....

Friday, January 25, 2008

News - Hair thief


ဆံကေသာ အလှ ငွေ စက် ချိန် မှ တန်ဖိုးမက သိရမည်


ဘရာဇီးနိုင်ငံတွင် အမျိုးသမီး ဆံပင်များ လုယက် ဖြတ်မှု၊ ခိုးမှု များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပေသည်။ Aracaju အာဂျာကာဂျူ မြို့ လေးတွင် ဘုရားကျောင်းသို့ သွားနေသော အိမ်ရှင်မ တဦး၏ ဆံကေသာကို မော်တော်ဆိုင်ကယ် ပေါ်မှ မိန်းမ ၂ဦးက ရုတ်တရက် ဖမ်းဆွဲပြီး ဆံပင်အရှည်ကို ဖြတ်တောက် လုယူ သွားခဲ့သည်။ ထို အမျိုးသမီးသည် အနစ် ၂၀ မညှပ်ဘဲ အရှည် ထားခဲ့ရသော ၁.၅မီတာရှည်လျားသော ပေါင် ၃၀၀ တန် (အမေရိကန် ဒေါ်လာ ၆၀၀ တန်)ဆံကေသာ ကို ၂၂ ဇန္န၀ါရီ ၂၀၀၈ တွင် အလုယူ ခံခဲ့ရသည်။

ဆံပင်အတုဆိုင်တဆိုင်သို့  အနစ် ၂၀ခန့် မှ မိုးကြိုးပစ်ခံရပြီး သေဆုံးသော အမျိုးသမီး၏ ဆံပင်ကို ဈေးအမြင့်ဆုံး လေလံတင် ရောင်းချခဲ့သည်။

ယမန်နစ်က ဘတ်စကားပေါ်တွင် ခရီးသွားနေသော အသက် ၂၂နစ်အရွယ် မိန်းခလေးမှာ ၄နစ်ကြာ ထားခဲ့ရသော သူမ၏ဆံကေသာ အရှည်ကို ပတ်တီးညှပ်သော ကတ်ကြေးဖြင့် လုယူ ဖြတ်တောက် ခြင်းခံခဲ့ရလေသည်။

ဘရာဇီးတွင် လူ့ ဆံပင် တန်ဖိုးမှာ ဈေးနုန်းကောင်းနေပါသည်။

ထို သို့ ဆိုလျှင် ဘလော့ကာတို့ အတွက် ၀င်ငွေရှာလိုပါက အဖွားများ ကြီးတော်များ အမေများ ပြောပြီး သူတို့ ၏ ဆံထုံး ထုံးသက်သာရန်၎င်း အိမ်အပို ၀င်ငွေရနိုင်ရန်၎င်း ကြိုးစားနိုင်ပါသည်။ သို့ မဟုတ် ဘလော့ကာ ညီလေးများလည်း ဘုန်း
မောင်မောင့် ယောင်ကြီးဘွေ မောင်ဆုံးခံကာ ၀ယ်ပေးမယ် မေ့အတွက် ချစ်သက် လက်ဆောင် ဆိုသလို ယခုမှစတင်ရ်ျ ဆံပင်ရှည်ထားနိုင်ကြပါသည်။

အုန်းဆီ၊ ရှန်ပူနှင့်တလျှော်ကင်ပွန်းရောင်းသူများ က ပြုံးပျော်ရေးအေဂျင်ဆီသို့  ကျေးဇူးတင် မှတ်တမ်းလွှာ ပေးပို့  ကြပါသည်။ သို့ သော် ပြုံးပျော်ရေးအေဂျင်ဆီမှာ ဆံပင်ညှပ်ဆိုင်မှ ကန့် ကွက်စာတင်ထားသည် ကို သွားရောက်ဖြေရှင်းရအုန်းမည် ဖြစ်ပါသည်။ (စာမှီး မက်ထရို)

ဖတ်ကြည့်ချင်သေးလား....

Thursday, January 24, 2008

smallest

သေးတာ ကြိုက်သလား ကြီးတာ ကြိုက်သလား

လူတွေက သေးမှ ကြိုက်တယ်တဲ့ သေးတော့ ကောင်းသလို မကောင်းတာလဲရှိပါတယ်။ လောလောဆယ် အသေးလေးတွေ အကြောင်းထဲကနေ လူအသေးလေးတွေ အကြောင်း ကို စပြောပါမယ် ။

အင်္ဂလန်နဲ့ ဆွီဒင်ကို ပြေးတဲ့ အဝေးပြေးကားတွေမှာ ကားကိုယ်ထည် အောက်ပိုင်း ကုန်သေတ္တာ အခန်းထဲက ခရီးသည် လက်ဆွဲအိပ်တွေ ခရီးဆောင်အိတ်တွေ ထဲက ပစ္စည်းတွေ ပျောက်တာ လနဲ့ ချီနေပါတယ်။ တခါ အမျိုးသမီးတဦးက ကုန်သေတ္တာ အခန်းထဲမှာ လူသေးသေး၂ယောက် ခရီးဆောင်အိတ် ပစ္စည်းတွေ တွန်းနေတာ မြင်ကြောင်း ပြောပါတယ်။ ပျောက်ရှတဲ့ ပစ္စည်းတွေကို ခြေရာခံရင်း ဖြစ်နိုင်တာကို ယခုလို ကောက်ချက် ချပါတယ်။

ခလေးတွေ သို့ မဟုတ် လူပုလေးတွေ ကို ခရီးဆောင်အိတ်ထဲထဲ့ ကုန်သိုလှောင်ခန်းထဲထဲ့ တခြား ခရီးသည်တွေရဲ့ အိတ်တွေထဲက ရသမျှပစ္စည်း နိုက်ယူပြီး ခရီးဆောင်အိတ်ထဲ ပြန်ဝင် ကားရပ်ရင် အဖော် နောက်တယောက်က လူပါတဲ့အိတ်ကို ထုတ်ပြီးပြေး။ ဒီလိုနဲ့ အဝေးသွားခရီးသည်တင်ကားတွေ မှာ ပစ္စည်းပျောက်တာ ဖြစ်နိုင်ကြောင်း မှတ်ချက်ချပါတယ်။ ဗီထဲက လူပုလေးက သရုပ်ဆောင်ပါ သူခိုးမဟုတ် ပါ။

ဗီဒီယိုကိုကူးလို့ မရလို့  ပို့ စ်ကိုဘဲ ညွှန်းပေးလိုက်ပါတယ်။ ဗီ မကြည့်နိုင်သူတွေကို ပုံနဲ့ ပြလိုက်ပါတယ်







နောက်မှ တိရိစ္ဆာန်သေးသေး ပစ္စည်း သေးသေးလေး တွေ ဆက်ကြတာပေါ့။
(သတင်း ဒဆန်း ယူကေ)

မြန်မာပြည်မှာ က ခိုးတဲ့သူ ပေါလွန်းလို့ အိတ်တိုင်း သော့ခတ်ကြပါတယ်။ မြန်မာ အတော်များများ ပစ္စည်း မပျောက်နိုင်ကြပါ။ သော့တူနဲ့  ဖွင့်ခိုးနိုင်တဲ့ သူခိုးရှိရင်တော့
....

ဖတ်ကြည့်ချင်သေးလား....

Online course

ကဲ ဘလော့ကာ မောင်နှမတွေ အတွက် ငွေကုန်ကြေးကျ သက်သာတဲ့ FREE ONLINE COURSE အခမဲ့ အွန်လိုင်း သင်တန်းလေးတွေ ဝေမျှလိုက်ပါတယ်

Free Flash Training, Free Photoshop Training, Free FrontPage Training, Free Dreamweaver Training -

Web Developers Virtual Library: WebWare -
Echoecho.com
W3Schools Online Web Tutorials -
Web Developers Virtual Library: WebWare
Five Free XML Courses from IBM

ဖတ်ကြည့်ချင်သေးလား....

Tuesday, January 22, 2008

Diary 3

ကဲ ယနေ့ တော့ ပတ်စပို့ ဓါတ်ပုံ ကူးစရာ ရှိလို့ မြို့ ထဲထွက်တယ်။

မီးစလောင်းတွေ မီးအလင်းအပြည့်နဲ့ ရိုက်တဲ့ ဓါတ်ပုံ ခန်းက မြန်မာပြည်နဲ့  ပတ်ဝန်းကျင် အာရှနိင်ငံတွေ အနည်းငယ်ဘဲ ရှိမယ်ထင်တယ်။ မင်္ဂလာဆောင် စတူရီယိုတော့ရှိမယ်။ ပစ်စပို့ ပုံလောက်နဲ့  ဓါတ်ပုံဆိုင် ၀င်ရိုက်လို့ မရဘူး။ ဓါတ်ပုံရိုက်စက်တွေ တော့ လူစည်တဲ့ နေရာ အနံ့ မှာ ထားပါတယ် ပေါင် ၆ပေါင် ထဲ့ရင် ဓါတ်ပုံ တရွက်စာထွက်ပါတယ်။ တရွက်မှာ ပုံ ၂ပုံဘဲပါစေချင်ရင် အဲဒီပုံက ၂.၅လက္မနဲ့ ၃လက္မအရွယ်ပေါ့။ ၄ပုံဆိုရင် ပတ်စပို့ အရွယ်ရတယ်။ စက်တွေက သိပ်မကောင်းတော့ ပုံတွေက များသောအားဖြင့်ေ၀၀ါး နေတာဘဲ။ မြန်မာပြည်သားပီပီ ဓါတ်ပုံတွေ အားလုံးထဲမှာ ကြည့်ကောင်းတဲ့ပုံကို အသက် ဘယ်လောက်ကြီးကြီး ထဲ့သုံးနေတာဘဲ။ နိင်ငံတကာမှာက ပတ်စပို့ ပုံကို ၆လအတွင်းရိုက်တာဘဲ လက်ခံတဲ့ အတွက် ပုံ၎ပုံ လောက်ဆို လုံလောက်တယ် ဆိုတဲ့ သဘောပါ။

ဂျပန်နဲ့ စလုံးမှာတော့ ခေတ်နဲ့ အမှီ နည်းပညာ တိုးတက်တော့ မပြောတတ်ဘူး။ အရင် တုန်းကတော့ ၁၅မိနစ်အမြန်ဆိုပြီး ဓါတ်ပုံဆရာက ရိုက်ပြီး စက်ထဲကနေ ကူးပေးလိုက်တာဘဲ။

အနောက်နိုင်ငံ မှာတော့ ပြီးခဲ့တဲ့ ၆လလောက်က စပြီး ကိုယ်ထူကိုယ်ထစက်တွေ စထားတယ်။ ကိုယ်ရိုက် ထားတဲ့ ဒစ်ဂျစ်တယ်ပုံတွေထဲက လိုချင်တဲ့ ဓါတ်ပုံကို ချက်ချင်း ကူးနိုင်ကြတယ်။ စက်တွေက ပရိုဂရမ် သွင်းထားတယ်။ လက်နဲ့  ထိပြီး လိုချင်တဲ့ပုံကို လိုချင်တဲ့ ဆိုဒ်နဲ့ ဓါတ်ပုံသားကို ရွေးနိုင်သလို တချို့ ကျတော့ ပုံတပုံထဲကို ဓါတ်ပုံတခုထဲမှာ ၄ပုံ(၆ပုံ)ပုံပွားပြီး ပတ်စပို့ ဆိုဒ်အရွယ် ကူးနိုင်ပါတယ်။ ဓါတ်ပုံဆိုင် ၃ဆိုင် ယနေ့ သွာားခဲ့ရတယ်။ တဆိုင်ကတော့ ဓါတ်ပုံ ၁ရွက်ကို ၁၈ပြား ကျပြီး ဘယ်သူကမှ လာမကူပေးတတ်ဘူး။ သူတို့ လည်း နားမလည်ဘူး။ ပတ်စပို့ ဆိုဒ်အရွယ်ကိုလည်း မပြောင်းတတ်သလို ပုံပါအတိုင်းဒီအတိုင်း ကူးပေးတယ်။ ဒါနဲ့ နောက်တဆိုင် ပြေးရရော။ စက်က တမျိုးဖြစ်ရော၊ အဲဒီမှာ တော့ ပတ်စပို့ အရွယ်ရိုက်ထားတဲ့ ပုံကို ဓါတ်ပုံတမျက်နှာမှာ ပုံ၆ပုံပေါ်အောင် ပွားနိုင်တယ်။ ခက်တာက နေ့ ချင်းမပြီးဘူး။ နောက်ဆုံးတဆိုင်ကျတော့ မှဘဲ လက်ငင်း ပြီးသွားတော့တယ်။

နောက် အီလက်တရောနစ်ဆိုင်ကို ၀င်တယ်။ နေရောင်ခြည်သုံး မီးလုံးလေး ၀ယ်ဖြစ်တယ်။ ရောက်စကထဲက ၀ယ်ချင်တာ မ၀ယ်ဖြစ်ဘူး။ အခုတော့ တ၀က်ဈေးနဲ့ မိုလို့ ဝယ်ဖြစ်တယ်။ သူက နေရောင်အောက်ထဲမှာထားပြီး နေရောင်ပျောက်ရင် မီးလင်းတယ်။

နောက်တခုက လက်နှိပ်ဓါတ်မီး။ ဘက်ထရီမလို ဓါတ်ခဲမလို အားသွင်းရန်မလိုဘူး။ သူမှာ လှည့်တံလေးပါတယ်။ လှည့်တံလေးရဲ့လည်ပတ်မှုနဲ့ အားသွင်းသွားတာပါ။ ၁မိနစ်လောက် လှည့်တံလေးကို လှည့်ပေးရင် ၃၀မိနစ်(နာရီဝက်)ခံတယ်။ အစစအရာရာ ပျက်စီးယိုယွင်းနေတဲ့ မြန်မာပြည်အတွက်ဝယ်ရတာပေါ့။ ငယ်ငယ်က ဆိုရင် မီးပျက်တယ် ဆိုတာနဲ့ ထီထိုးကြတယ်။ မီးပျက်တာ အထူးအဆန်းသဘောလေ။ ကံဆိုးလို့ မီးပျက်တာ ကံကောင်းအောင် ထီထိုးတာ ပေါ့။ အခုများကြတော့ မီးလာရင် ကံကောင်းတဲ့ နိမိတ်ယူ ထီထိုး ရမဲ့ပုံဘဲ။

ယနေ့တော့ ဂလောက်နဲ့ မောသွားပြီ ၊ ဆာလဲဆာပြီဆိုတော့ သီးစုံ ချဉ်ရည်ဟင်းနဲ့ ဟွေးလိုက်အုန်းမယ်။ ချက်နည်းကတော့ လုလု မီးဖိုထဲ ၀င်ကြည့်ပါ။

ဖတ်ကြည့်ချင်သေးလား....

Sunday, January 20, 2008

Wanted


WANTED - FUNNY BABY PICTURES

မွေးစအရွယ်မှ အသက် ၇နစ်အရွယ် အတွင်းရှိ ကလေးဓါတ်ပုံများ အလိုရှိသည်။


သမရိုးကျ အလှရိုက်သောသာမန်ပုံ မဟုတ်ဘဲ သဘာဝအတိုင်းသော်၎င်း၊ လျှပ်တပြက် အဖြစ်ပျက်ပုံ လေးများသော်၎င်း ရိုက်သော ပုံများ

ဥပမာ စိတ်ဆိုးရ်ျအော်သောပုံ ၊ အိပ်ငိုက်သောပုံ၊ ငိုနေသောပုံ၊ အော်နေသောပုံ၊ ပေပွအောင်စားနေသောပုံ ချော်လဲသောပုံစသဖြင့် ရီချင်စရာ ဖြစ်သော ပုံများ ပေးပို့ ပေးပါရန် မေတ္တာရပ်ခံပါသည်။ ကျေးဇူးတင်ပါသည်။

နမူနာ

ပုံ
ပြုံးပျော်ရေး အေဂျင်ဆီ
joyful4all2008@gmail.com

ဓါတ်ပုံအတွက် အခကြေးငွေ မပေးနိုင်ပါ။ ဖတ်သူအများ စိတ်ချမ်းသာပျော်ရွှင်ရေးအတွက်
ဦးတည်ရ်ျ စုစည်းတင်ပြလိုသောကြောင့် တောင်းခံ ခြင်းဖြစ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Food - Grape Fruit


ပျစ်သီး


ညီမလေး နှင်းသဇင် ကပန်းသီးအကြောင်း ရေးထားတာနဲ့ ကိုယ်စားလေ့စားထ ရှိတဲ့ စပျစ်သီးအကြောင်း ကိုတင်ပေးလိုက်ပါတယ်။

ပန်းသီးကို မနစ်သက်တဲ့အတွက် တော်ရုံ ၀ယ်မစားဖြစ်ပါဘူး။ အစားများတာက စပျစ်သီး။ လိမ္မော်သီးနဲ့  စတော်ဘယ်ရီ ပါဘဲ။ စပျစ်သီးမှာ အစေ့ပါတာနဲ့ မပါတာ ၂မျိုးရှိပါတယ်။

အစေ့မပါတဲ့ စပျစ်သီးကို လူကြိုက်များတဲ့အတွက် ဈေးဆိုင်တွေမှာ ဒါဘဲတင်ရောင်းတာ တွေ့ ရပါတယ်။ ဒီဘက် မှာတော့ စပျစ်သီးကို ၃ရောင်တွေ့ ရပါတယ်။ အစိမ်းရောင် (white grape)၊ အမဲရောင် (black grape)၊ အနီရောင်(red grape)ပါ။ ၃မျိုးစလုံးဝယ်ပြီး ယှဉ်စားလိုက်တဲ့ အခါမှာ အမဲသီးဟာ အခွံအလွန်မာပါတယ်။ အတွင်းသားဟာ ချိုမြဆုံးဖြစ်သလို အခွံက ဖန်ပါတယ်။ (ဖန်တဲ့ အရသာ မနစ်သက်သလို အခွံထူသောကြောင့် များသောအားဖြင့် အခွံကို ထွေးထုတ်လေ့ရှိပါတယ်။ အမများက လိမ္မော်သီးကိုတောင် အမွှာအဖြေးပါးနွင်ပြီး လိမ္မော်ရောင် အတွင်းသား ကိုသာ ကျွေးသဖြင့် ယခုအထိ လိမ္မော်သီးစားလျှင် အခွံမစားသဖြင့် လူထူးလူဆန်း အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။)

အစိမ်းသီးက အခွံအပါးဆုံးဆိုနိင်ပါတယ်။ အမဲသီးလောက် မချိုမြပေမဲ့ လေးလေးပင်ပင် ချိုပါတယ်။
အနီသီးကတော့ အရောင်လှသော်လည်း အနဲငယ် ချဉ်ဖန်သလို အရသာ ပေါ့ပွပွဖြစ်နေတာ တွေ့ ရပါတယ်။ အဲဒီကထဲက ၀ယ်ကြစတမ်းဆိုရင် အမဲသီးနဲ့ အစိမ်းကိုသာ ရွေးဝယ်ပါတော့တယ်။

စပျစ်ပင်ရဲ့အရွက်တွေ ကို ဒီမှာ ဟင်းထုတ်လုပ်စားကြပါတယ် vine လို့ခေါ်ပါတယ်။ အနဲငယ် သက်တဲ့အတွက် မြန်မာပြည်က ရွက်ယိုရွက်အလားပါဘဲ။ အရွက် က အနဲငယ် ကြမ်းပါတယ်။ ချဉ်ပေါင်ရွက်လို ၃ချွန်ပါ ပုံစံ အရွက်ပါ။ ဒီမှာတော့ အသားငါး ဟင်းသီးဟင်းရွက်တွေနဲ့ ငါးပေါင်းထုပ် ထုပ်သလို ပေါင်းစားကြ ပါတယ်။

သိုးသားနဲ့ အမဲ သို့ မဟုတ် အသက်သတ်လွတ် အထုပ်ထုပ် ပါသော်လည်း စာရေးသူမှာ အရသာ မခံတတ်ပါသဖြင့် ခါးသက်သက် အရွက်ကြမ်းအရသာ အထုပ်ကို အရသာသိအောင်သာ မြည်းကာ ထို နေ့မှစတင်ပြီး ခုထိမစားပါ။ သို့ သော် ပါဝင်သော အရာများကို ကူးယူတင်ပြ လိုက်ပါသည်။

Arabic Stuffed Grape Leaves (Dolma)

Stuffed Grape Leaves with Ground Lamb or Beef

Ingredients

500 gms (1 lb) vine leaves in brine from a jar
1 1/4 cups of “Calrose” (shortgrain) rice - or “Egyptian” rice
500 gms (1 lb) of ground lamb or beef, pre-cooked and browned in a skillet, fat drained off
1/2 cup chopped parsley
1/4 cup chopped mint
1/2 cup chopped cilantro
1/4 cup chopped dill
1/2 cup finely minced scallions
1 large onion
2 garlic cloves
1 cup finely chopped tomatoes
1/2 to 3/4 cup olive oil
1 tsp. salt
1/4 tsp. pepper
1/2 cup lemon juice
1 1/2 lo salt Chicken bouillon stock cubes (Maggi)
1 1/2 cups water
1/4 tsp. mixed spice ( i.e. garam masala or Kuwaiti mixed spice)
1 potato sliced into 1/2 inch slices
* Please note, all herbs and vegetables should be rinsed well before hand to remove sand!

After washing and chopping fresh herbs ( either by hand or in a food processor) combine in a bowl and set aside. Also process your onion with the two garlic cloves in your food processor, until they are finely chopped. Dissolve or melt the chicken stock cubes in a small skillet in some of your olive oil over low heat. To your rinsed rice, add the ground meat you have pre-browned, as well as your spices, 1/2 cup of olive oil, lemon juice, the melted chicken stock cubes, tomotoes, salt, pepper. Mix well, then add your fresh herb mixture and mix thoroughly and evenly.

ဖတ်ကြည့်ချင်သေးလား....

News ABCD

အေ၊ ဘီ၊ စီ၊ ဒီ သင် ကြ မယ်


ပန်းချီဆရာရဲ့ အရောင်စုံ ပန်းချီကားလို့ ထင်စရာပါ။ ဒီပုံလေးတွေက လိပ်ပြာအတောင်ပံမှာ ပေါ်နေတဲ့ သဘာဝ အရောင်တွေ ပေါင်းစပ်ပြီး အက္ခရာ ပုံပေါ်နေတာကို ရိုက်ပြထားတာပါ။
(ဒေးလီးမေး ယူကေ မှတင်ပြချက်)












ဖတ်ကြည့်ချင်သေးလား....

Thursday, January 17, 2008

တိုးတိုးလေးပြောမယ်

တိုးတိုးလေးပြောမယ်.. လူတွေ အထင်ကြီးအောင် ချက်နည်းတွေ အဆင့်ဆင့် ဇကာလိုက်ထဲ့ရေးပြနေရတာ တကယ်တမ်းကျတော့ ဘယ်အချိန်ရှိပါ့မလဲ။ လူနဲ့ အချိန်နဲ့ လုပြီးနေရတဲ့အချိန်ဆို ဂလိုဘယ်လုပ်နိုင်မတုံး.

အဲဒီတော့ ကော်ပြန့် ဆိုရင် အတိုဆုံးအလွယ်ဆုံးနည်းနဲ့ စားတယ်။ ဥပမာဆိုပါတော့ ဆလပ်ရွက် ခေါ်တဲ့ iceberg ကို ရေစိမ်ထားလိုက်တယ်။ မီးဖိုပေါ် ဒယ်အိုးတင်ထား ၊မုန်လာနီကို ရေဘုံဘိုင်မှာ လက်နဲ့ပွတ်ပြီး ဆေး ဂျစ်နဲ ခြစ်ရော (များသောအားဖြင့် မုန်လာနီ အခွံမသင်နိုင်ဘူး ဟတ်ဟတ် organic လား ပဥ့ ငါးပါး လား ဘာဘဲဖြစ်ဖြစ် မြေကြီးရဲ့ ဗိုက်တာမင်လည်း သွယ်ဝိုက်စား ရတာများတော့ တခါတလေ တိုက်ရိုက်စားတာပေါ့) မီးဆီထဲ့ မုန်လာနီထဲ့ တခြားဟင်းရွက်က အထားမခံတော့ မ၀ယ်ဖြစ်တာများတယ်။ အဲဒါဘဲ ဆီပူလိမ့် ဆားပစ်ထဲ့ အချိုမှုန့် ထဲ့ ချက်ပြီဆိုရင် ခုနကစိမ်ထားတဲ့ ဆလပ်ရွက်ထဲ့လိပ် ပါးစပ်ထဲ့ပစ်သွင်း.။ အချဉ်လား ငရုတ်ရည်ပုလင်းဝယ်ထားတယ် ပုဂံထဲ ထဲ့ရင် ပြန်ဆေးနေရအုန်းမယ် စားနေတဲ့ ထမင်းပုဂံပေါ်မှာ ဆလပ်ရွက်ပေါ်လောင်းချ ပြီး ထမင်းနဲ့ မြို ချ.. ဟ ဟ ဒါဘဲ နိုင်ငံခြားဆိုတာ။ ဘယ်နယ် လူတွေ အထင်ကြီးအောင်လို့ ရေးပြရတာ.. တိုးတိုးလေးထပ်ပြောမယ် အချိန်ကို လေးပုံ၃ပုံ လျော့ချနည်းဘဲ။ စာတင်လောက်တယ်။

(အဖြူတွေ ဗိုလ်တွေ ဆို ဟင်းသီးဟင်းရွကဘယ်တော့မှရေမဆေးဘူး ဈေးထဲက ၀ယ်လာတဲ့အတိုင်း တန်းချက် တန်းပါးစပ်ထဲထဲ့စားတာ သူတို့ အပြောက အော်ခဲနစ် တဲ့။ စပျစ်သီးတွေ ဆိုင်တွေမှာ ၀ယ်ရင် အလေးချိန် ချိန်တဲ့ အချိန်ကြည့်လိုက် သူတို့ နိုက်စားထားတာ အလုံး၁၅လုံးလောက်ရှိမယ် တန်းစီနေတုန်း ပါးစပ်ထဲ ပစ်သွင်းတာ ရေမဆေးဘူးခည။)

ခေါက်ဆွဲပြုတ်လား အိုကေ ရေနွေးကို kettle နဲ့ တည်ထား ပြီးမီးဖိုကို ဖွင့်ထားတယ် ဒတ်အားတုးံ (လျှပ်စစ် ဓါတ်) မီးဖိုဆိုတော့ ပူဖို့ ကြာတယ်လေ။ ပြီးရင် ခေါက်ဆွဲအထုပ်တွေ ဖောက် အဆင်သင့် အရွက်တွေ ရေလောင်းချ (ရေဆေး) မီးဖိုပူ ပြီ ရေနွေးဆူပြီ အိုးကိုမီးဖိုပေါ်တင် ရေနွေးထဲ့ ခေါက်ဆွဲထဲ့ အချိန်သက်သာတယ်။ တခါတလေ အတန်းရှိရင် ချက်တဲ့ အိုးနဲ့ ဘဲ တီးပစ်ရတယ် ပုဂံဘယ်ဆေးနိုင်မလဲ ဒါ့ကြောင့် အိုးသေးသေးလေး ဆိုရင် ပုဂံလိုလိုဘာလိုလိုနဲ့ .

ကြောက်ကြောလား (ကျောက်ကျော) အိုကေ.. ရေနွေတည်ထား စလုံးမှာတော့ကြိုတယ် ဒီမှာတော့ မ
ကြိုဘူး ဈေးကြီးလို့ အိမ်မက်နဲ့ အတွေးထဲမှာ ခဏခဏ ချက်နေရတာ ညဉ်းနေပြီ အမှုန့် တထုတ် မတ်ခွက်၎ခွက် သကြား ၁၆ဇွန်း မြင်းခေါင်းဇွန်းခပ်မောက်မောက်။ မီးဖိုကို ထုံးစံအတိုင်းတည်ထား မတ်ခွက်တခွက်ထဲ့ အမှုန်တွေ ပျော်အောင် ဖျော်ထား အိုးထဲ ရေနွေး၃ခွက်ထဲ့ ပြီးရင် သကြား၁၆ဇွန်းထဲ့ ဆား နဲနဲ ပစ်ထဲ့ အမှုန့် ဖျော်ရည်မတ်ခွက်ကိုလောင်းချ နဲနဲဆူရင် ပုံစံခွက်ထဲလောင်းထဲ့ အိုကေဘဲ။ စလုံးက ကြောက်ကြောအမှုန့် က အီဖေကိုယ်ကို ကြောက်တယ် ဒါ့ကြောင့် ကြောက်ကြောလို့ ခေါ်တာ။ မီးအပူမပေးလဲ ရေအေးနဲ့ ဖျော်တဲ့ အရည်က ခဲတာဆိုတော့ တပွက်၂ပွက်ဆူတာနဲ့ လောင်းချလိုက်တာဘဲ။

ဒါတွေ လုလုမသိဘူး ဘယ်လောက် ဆားဖိုမှုးကြီး ခေတ်သစ်အချိန်လျော့နည်းတွေကို သူမသိအောင် အသာလေးနေနေတာ သူအထင်ကြီးမှာသေချာတယ်။ တိုးတိုးလေးနော် သွားမပြောနဲ့ ။ တော်ကြာ သူ့ ဘုတ်အုပ်ကြီးထဲ လာပြီ ရေးပေး ဆိုင်းထိုးပေး သင်တန်းပေးဆို ခက်ရချည့် ဒါကို ဒီဘလော့လာလည် တဲ့ မောင်နမတွေကိုသာ တိုးတိုးလေး သင်တန်းပေးတာ... သူသိရင် ကမ္ဘာကျော်ဖြစ်မှာစိုးလို့  နံမည်မကြီးချင်ပါဘူး ဒါ့ကြောင့် တိုးတိုးလေး သင်တန်းတက်သွား အခမဲ့ ချေဒနာမေ့တာ(မေတ္တာ)တွေ သိပ်များတယ် ရော့ယူသွား အင့် တိုးတိုးလေး..

ဖတ်ကြည့်ချင်သေးလား....

Wednesday, January 16, 2008

ဘလော့ရဲ့မာယာ

မာယာလှည့်ကွက်နဲ့ တော်တော်ဥာဏ်များတဲ့ဘလော့။ အခု အားလုံးအိုကေပြန်ပြီ။ ရသွားတာဘဲကျေးဇူးတင်ရပါသဗျို့ 

လာသူအားလုံးကို ကျေးဇူးတင်ပါကြောင်း

ပုံ

ပြုံးပျော်ရေး အေဂျင်ဆီ

ဖတ်ကြည့်ချင်သေးလား....

Food - summer roll


ကော်ပြန့် စိမ်း

ကဲ အခု ယတြာတမျိုးခြေကြရအောင် ကော်ပြန့် စိမ်းတဲ့ တနင်္လာနံနဲ့ အင်္ဂါနံပါတဲ့ အစာပေါ့။ ကံကောင်းစေ ဆိုတဲ့ အဓိပါယ်ဟတ်ဟတ်

ကြက်သား(သို့ )၀က်သား .၅၀ ကီလို (ငါးမသုံးပါ)
ပြုတ်ထားသောဂဏန်း အသား - ၃ဇွန်း (အနံ့ အတွက်အဓိကဖြစ်ပါသည်။ ပိုထဲ့နိုင်လျှင် ချိုပါသည် အချိုမှုန့် ပင်မလိုပါ)

စိမ်းစားဥ (၁.၅လက်မအရွယ်) ၅လုံး
ကြက်သွန်ဖြူ - ၄မွှာ
ဆား - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)
အချိုမှုန့် - .၅ဇွန်း (လိုသလိုထပ်ထဲ့နိုင်ပါသည်)
ပဲငံပြာရည်အကျဲ - ၂ဇွန်း
ကြက်သွန်နီမိတ် - ၅ပင် (၃ပင်ကို စိတ်ရ်ျ လိပ်တဲ့အထဲထဲ့ပြီး ကျန်၂ပင်ကို ၂လက်မအရွယ် စိတ်ရ်ျ ကိုက်စားရန် သုံးပါသည်)
မုန်လာနီ (၄လက်မအရွယ်) - ၅ဥ (အညာက ခါကြက်ဥဟုခေါ်ကြောင်း အံ့သြဘွယ်သိရှိရပါသည်)
ဂေါ်ဖီထုပ် - (စိပ်ထားသော မုန်လာနီနှင့် ပမာဏတူ)
ဘိုစားပဲ - (စိပ်ထားသော မုန်လာနီနှင့် ပမာဏတူ)
ပဲပင်ပေါက် - (စိပ်ထားသော မုန်လာနီနှင့် ပမာဏတူ) (ကြိုက်လျှင်ထဲ့ပါ ရေထွက်သောကြောင့်၎င်း ရက်ကြာကြာထားစားမရသောကြောင့်စာရေးသူမသုံးပါ )
ဘဲဥ(ကြက်ဥ) - ၃လုံး ( ပွအောင် ခေါက်ထားပါ )

ဘဲဥသည် အရောင်လှသလို အနံ့ ပိုမွှေးပါသည် (စာရေးသူကြိုက်သောကြောင့်ဖြစ်ပါသည် :-D )
ကော်ပြန့်ရွက်ကိုတော့ သိပြီးသားဖြစ်လို့ မပြောတော့ဘူး နိုင်ငံရပ်ခြားရောက်နေသူတွေ ကတော့ rice paper ကို မဟုတ်လဲ ရယ်ဒီမိတ်အဖတ်သုံးလဲရပါတယ် ပြီးမှ ထပ်အပူပေးလိုက်ပေါ့။

ယတြာပစည်းပြင်ဆင်ပုံ

ဝက်သား ဒါမှမဟုတ် ကြက်သားကို သန့်စင်အောင် ရေဆေးပြီး ခပ်နုပ်နုပ်လေးတွေဖြစ်အောင် စင်းပေးပါ။ မုန်လာဥနီ၊ ကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ စိမ်းစားဥကို အခွံနွှာရေဆေးပြီး သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ။ ဂေါ်ဖီထုပ်ကိုလည်း သေသေချာချာ ရေဆေးပြီး ခပ်ပါးပါးလှီးပါ။ ဘိုစားပဲကိုလည်း ရေဆေးပြီး ခပ်ပါးပါးလှီးထားပေးပါ။ ပဲပင်ပေါက်ကိုလည်း ရေဆေးပြီး ရေစစ်ထားပေးပါ။ အားလုံးကို သီးသန့် ထားရမည် ဖြစ်ပါသည်။ ကြက်သွန်ဖြူကို အခွံနွှာ၊ ရေဆေးပြီး နုပ်နုပ်စင်းပါ။ ပဲပြားတခုကို အချပ် ၈ချပ်ရအောင်စိပ်ပါ။ ဘဲဥကို ပွအောင် ခေါက်ထားပါ။ နုပ်နုပ်စင်း ပါးပါးလှီး ရခြင်းမှာ အရာရာ ကံဆိုးခြင်း ကြေပျက်ရန် ဖြစ်ပြီး ဘဲဥပွခြင်းမှာ အသင်ပွအောင်..... အဲ ငွေဝင်အောင် ဖြစ်ပါသည်။

ကံတွေ ချက်ပြီ
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ မီးဖိုပေါ် ဒယ်အိုးတင်၊ ဆီအနည်းငယ်သာ ထဲ့ပြီး အိုးအနှံ့  ဆီရောက်အောင် လှည့်မွှေပေးပါ။ ခေါက်ထားသော ဘဲဥကို ထဲ့ပြီး ခေါက်မုန့် ပုံစံအပြားဖြစ်ရန် ဒယ်အိုးကို လှည့်ပေးပြီး ကျွတ်အောင် ကြော်ပါ။ လိုအပ်လျှင် ဆီအပေါ်မှ နဲနဲ လူးပေးပါ။ ဆယ်ပြီးပုဂံပြားထဲထဲ့ထားပါ။ ဘဲဥအရည် အားလုံးကို အချပ်ဝိုင်းဖြစ်ရန် ကြော်ပြီးပါက ထပ်မံ ဆီထည့်ပြီး ပဲပြားကြော်ပါ။ ကြွပ်အောင်ကြော်လျှင် ၀ါးသောအခါ ပါးညောင်းပါသဖြင့် အနည်းငယ် ညိုရောင်သန်းလျှင်ဆယ်ပြီးဆီစစ်ထားပါ။ ပြီးလျှင်
နုပ်နုပ်စင်း ထားတဲ့ ကြက်သွန်ဖြူကိုထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ နဲနဲဝါလာ ပြီဆိုတာနဲ့ နုပ်နုပ်စင်းထားတဲ့ အသားနှင့် ဂဏန်းအသား တွေကိုထည့်ပြီး ကြော်ပြီး ဖယ်ထားပါ။ ပြီးရင် လှီးထားတဲ့ မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲနဲ့ ပဲပင်ပေါက်တို့ကို တခုချင်းထည့်ပြီး မီးပြင်းပြင်းနဲ့ (ဆားငံပြာရည်အကြည်ထဲ့)ကြော်ပြီး ပုဂံပြားထဲထဲ့ထားပါ။ ပြီးမှ ပြန်ရောပါသည်ဟင်းရွက်တွေ အရည်ထွက်လို့ ကုန်အောင် ချက်ပါတယ်၊ ပြီးလျှင် အားလုံးပြန်ရောပြီး အပေါ့အငံမြည်း၊ ပါသည်။ တခုချင်းကြော်ရခြင်းမှာ တချို့ ဟင်းရွက်များ အရည်ထွက် လွန်းသောကြောင့်၎င်း မုန်လာနီအရောင် တခြားဟင်းရွက်သို့ မစွန်းသွားရန် ၄င်းဖြစ်ပါသည်။

ဘဲဥကြော် အပြားဝိုင်းများကို ၁လက်မအရွယ် အမျှင်များဖြစ်ရန် ပါးပါးလှီးစိတ်ပါ။ ပဲပြားကိုလည်း ပါးပါးအမျှင် လှီးစိတ်ပါ။ ပုဂံထဲတွင် သီးသန့် ထားပါ။ ပြီးတော့မှ အဆာတွေကို ဒယ်အိုးထဲကနေ အဆာတွေကို အိုးထဲတွင် အအေးခံ အရည်စစ်ရန်ထားပြီးမှ ပန်းကန်ပြားကြီးကြီးတစ်ချပ်ထဲ ဇွန်းဖြင့် အရည်စစ် ခပ်ယူထားပြီး အအေးခံထားပါ။

ကံကောင်းစာတွေ ဘယ်လို စုလိပ် မလဲ
ပုဂံပြားထဲတွင် ကော်ပြန့်ရွက်တရွက် ခင်း၊ ဆလပ်ရွက်ထိပ်ပိုင်းကို ဖြန့် ခင်း ဆလပ်ရွက်ပေါ် အစာကို ဇွန်း၂-၃ဇွန်း ခပ်ထဲ့ပါ။ (ဟင်းရွက်များ အရည်ထပ်ထွက်သောကြောင့် အိုးကိုစောင်းပြီး အရည်စစ်ပါ (သို့ ) အပေါ်ယံအသားများကို ခရင်း၂ချောင်းဖြင့် အရည်ညှစ်ထဲ့ပါ။) အဆာများကို ညီအောင်ညှိထဲ့ပါ။ပဲပြားကြော်၊ ဘဲဥကြော်အမျှင်နှင့် အသားကြော်များအပေါ်မှ ထပ်ထဲ့ပါ၊ ကော်ပြန့် အဖတ်ကို ပထမ အောက်ခြေမှ အရွက်ပေါ် အုပ်ပါ။ အုပ်ထားသော အဆာရှေ့ ဘက်တွင် ပဲငါးပိ အပျစ် အချိုရည် ကို ဇွန်းသေးတ၀က်ခန့် ထဲ့ပြီး လက်ဘက်ရည်ဇွန်းဖင်ဖြင့် အရှည်လိုက်ပွတ်ပါ။ ပြီးမှ ဘေး၂ဖက် အစွန်း ကိုထပ်ခေါက်ပြီးလိပ်ပါ။ အဆုံးရောက်ခါနီးလျှင် ကို ကော်ပြန့် သားကို ငရုတ်ရည် အနီရောင်သုတ်လိမ်းပြီးကပ်လိုက်ပါ။ကော်ပြန့် မှာ အဖြူရောင် အလိပ်တွင် အညိုရောင် အနီရောင် တကွက်စီဖြင့် လှပသွားပါမည်။

စားသောအခါတွင် ကြက်သွန်နီမိတ်ဖြင့်စားပါက ပိုမွှေးပါမည်။

အချဉ်အတွက်တော့ chito ငရုတ်ရည်လေးထဲကို ကြက်သွန်ဖြူလေး နည်းနည်းထောင်းထည့်ပြီး ချင်းခြစ်ထားတာလေး နည်းနည်းထည့်လိုက်ပါတယ်။ အဲ့ဒါဆိုရင်တော့ ကော်ပြန့်စိမ်း နဲ့ အချဉ်ရည်လေး တို့ပြီး သုံးဆောင်နိုင်ပါပြီ။

ကံကောင်းစာ (ကော်ပြန့် စိမ်း) စားပြီးလျှင် ကံကောင်းမည်ဟု ယူဆပါ။

ပုံ

ပြုံးပျော်ရေး အေဂျင်ဆီ (အကယ်ရ်ျ သင်ကံမကောင်းပါက သင့်၏ ယတြာပြင်ဆင်မှု့ မှာ မသန့် ရှင်းသောကြောင့် သာဖြစ်ပါသည်။ ယတြာလမ်းညွှန်အတိုင်း မလိုက်နာသောကြောင့်ဖြစ်သဖြင့် ယတြာပေးသူနှင့် မသက်ဆိုင်ပါ။ )


အသားမရှိရင် ရတယ် ဂဏန်းကတော့ တကယ်မွှေးစေတယ်။ အသက်သတ်လွတ်ဆိုရင် အသားနဲ့ ကြက်ဥ မထဲ့နဲ့ပေါ့ ။ တကယ်တန်းကျတော့ စိမ်းစားဥ။ဘိုစားပဲက ဈေးကြီးတော့ စာရေးသူခမျာ မုန်လာနီ ပဲတောင့်ရှည် ဂေါ်ဖီထုပ် ကြက်ဥ၊ ဂဏန်း နဲ့ ဘဲဆလပ်ရွက်နဲ့ လိပ်လိုက် ရတာပါဘဲ။ တခါတလေ ရှိသမျှ ချက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ မြိုချပြီး ဗိုက်ထဲမှာ လိပ်လိုက်တယ် ။ ဆီနဲတဲ့ diet အစာပါဘဲ

ဖတ်ကြည့်ချင်သေးလား....

Monday, January 14, 2008

Housekeeping from Joyful Agency

သင့်အိမ်ရှုပ်ပွနေပါသလား ဒါဆိုရင် သင့်အိမ်ကို

သန့် ရှင်းသပ်ရပ်သော အိမ်ကလေး
ဖြစ်ချင်ပါသလား . . . .
သာယာ လှပသော အိမ်ကလေး ဖြစ်ချင်ပါသလား...

ဟော..... ဒီမှာ JOYFUL AGENCY က သင့်အိမ်သန့် ရှင်းရေး အတွက် အကူညီပေးနေပါသည်။
ISO-2008 စံချိန်မှီ နံမည်ကြီး ၀န်ထမ်းများမှ အကူညီပေး သန့် ရှင်းပေး နေပါသည်။ နမူနာ ဗီဒီယိုမှ အိမ်တွင်းမှု နိုင်နင်းသော ၀န်ထမ်း မည်သို့ မည်ပုံ အိမ်သန့် ရှင်းသပ်ရပ် ထားသည် ကိုကြည့်နိုင်ပါသည်။
အကူညီလိုသူများ joyful4all2008 ဂျီမေးလ် သို့  စာရေး ဆက်သွယ် အကူညီတောင်း နိုင်ကြပါသည်။

ပုံ - joyful4all2008 (ပြုံးပျော်ရေး အေဂျင်ဆီမှာ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်း ဖြစ်ပါသည်။ ထိုက်သင့်သည့် လုပ်အားခကို ထမ်းဆောင်သူ ၀န်ထမ်းနှင့် တိုက်ရိုက် ညှိနိုင်းဆွေးနွေးပါ။

မှတ်ချက် - နမူနာဗီဒီယိုကြည့်ခြင်းဖြင့် စံချိန်ကျော်ဝန်ထမ်း၏ အိမ်သန့် ရှင်းရေးပညာကို အထူးနစ်သက်လေးစားသွားမည် ဟု ထင်ပါသည် )

ဖတ်ကြည့်ချင်သေးလား....

Thursday, January 10, 2008

True - Sh hhhhhhh!

ရှုး... တိုးတိုး














Ref: photo from internet web page and ကိုအဲန်ဒီ၏သမီးလေး မြင့်မြတ်နိုး daughter of wesheme.blogspot.com

ဖတ်ကြည့်ချင်သေးလား....

Monday, January 7, 2008

New Car Parking ကားရပ်ကြအုန်းမလား


ဟေ့ ကားရပ်ဖို့  နေရာ မရှိ ဘူးလား

ဟော တွေ့ ပြီ ...

အိုကေဘဲ ...ကားရပ်လိုက်ပြီ


အသက် ၇၇နစ် Billy Dent ဆိုသူသည် ကားရပ်ရန် အိမ်နီးချင်းကားအထွက်ကို စောင့်နေစဉ် ခြေထောက်မှာ ကား ကလပ် အတွင်းညှပ်နေသဖြင့် ထိုသို့ မတော်တဆ ဖြစ်သွားရခြင်းဖြစ်ပါသည်။
(ref: ဒေးလီးမေးလ်)

ဖတ်ကြည့်ချင်သေးလား....

Fashion - B E D

ဟောက် တတ်သလား ရော့ ဒါနဲ့ အိပ်... ပေး ဒေါ်လာ ၅သောင်း US$50,000.

အမေရိကန်နိုင်ငံ Mark Quinn, of manufacturers Leggett & Platt, မှ တီထွင်ထုတ်လုပ်လိုက်သော The Starry Night ကြယ်စုံည အမည်ရှိ ကုတင်မှာ ဒေါ်လာ၅သောင်းတန်ဖိုးရှိပါသည်။ ၂၀၀၉တွင် စတင် ရောင်းချမည်ဟုသိရပါသည်။

အိပ်ယာတွင်းဝင် အိပ်ပါက အိပ်ယာတွင် တပ်ဆင်ထားသော စင်ဆာနှင့် မွေ့ ယာ ဖိအားစံနစ်သည် အိပ်နေသူ၏ လူ့ ခနွာကိုယ်၏အပူချိန်၊ အိပ်သည့်အနေအထားနှင့် ပြောင်းလဲမှု အကြိမ်၊ ၊အသက်ရှုသည့် အကြိမ်၊ ခနွာကိုယ်၏ လှုပ်ရှားမှု (တုန်ခါမှု)၊ ကို ကုတင်မှ မှတ်ယူပြီး လိုသလို ပြောင်းလဲကာ အိပ်နေစဉ် မဟောက်ရန် ထိန်းချုပ်ပေးနိုင်သည်ဟု ဆိုပါသည်။ ထို မှတ်တမ်းများမှတ်သည့် ကွန်ပျူတာသည် ၁၅၀၀ ဂစ်မှတ်ဥာဏ် ရှိပြီး ၄၀၀ ၀၀၀ သီချင်း သို့ မဟုတ် ၂၀၀၀ ဗီဒီယို ကိုသိုလှောင်နိုင်ပါသည့်  အပြင် ကုတင်၏ အပူအအေး၊ ကုတင်ပုံစံပြောင်းလဲမှု ကို အလိုအလျောက် လုပ်ဆောင်နိုင်ပါသည်

ကုတင်ကို ခေတ်ပေါ် နည်းစံနစ်သစ် များဖြင့် တည်ဆောက် ထားပါသည်။ စစ်ဘက်ဆိုင်ရာ အထူးလျို့ ဝှက် ထိပ်တန်းပညာ၊ တုန်ခါမှု နည်းစံနစ် ဖြင့် ဟောက်ခြင်းကို ပျောက်စေပါသည်။ အိပ်နေသူ စတင် ဟောက်လာပါက ကုတင်သည် တဖြည်းဖြည်း ၇ဒီဂရီအပေါ်သို့  ကြွတက်လာပြီး အိပ်သည့် ပုံစံကိုပြောင်းစေပါသည်၊ ထို့ ကြောင့် နှာခေါင်းလည်ချောင်းမှ ပိတ်ဆို့ နေသည်ကို ပွင့်စေကာ ဟောက်သည့်အသံ ရပ်သွားစေပါသည်။ ဟောက်သံပျောက်လျှင် မူလပုံစံသို့ ပြန်ရောက်သွားပါသည်။

အင်း ပြောလို့ သာပြောတာ..
- ဂလောက် ကုတင်ပြောင်းရင် အအိပ်ဆတ်သူတွေတော့ အိပ်ယာက ခဏခဏ လန့် နိုးပြီး အိပ်ကောင်း ခြင်းမအိပ်ရ ဖြစ်မှာဘဲ၊
- ညဘက် တိတ်ဆိတ်တဲ့ အချိန်မှာ ကုတင်လှုပ်ရှားမှုက အသံအနည်းနဲ့  အများထွက်ရင် အိပ်ရေးပျက်နိုင်သေးတယ်၊
- ကုတင်က ၂ယောက်အိပ်ဆိုတော့ တော်ကြာ လူက အိပ်ယာ၂ခုကြားရောက်ရင် ပုံပါအတိုင်း အိပ်ယာတခုအပေါ် ကြွရင်အင်း... ပြုတ်ကျမဲ့ ကိန်းဘဲ၊
- တကယ်လို့  လန့် ပြီး ဟောက်သံပျောက်လို့ အိပ်ယာ ပြန်အောက်ကျရင် အင်း.... အိပ်ယာ၂ခုထဲ ညှပ်နေမဲ့ ပုံဘဲ
- ဒီကြားထဲ ခြေထောက်က ကုတင်အစွန်းနားထားမိလို့  စင်ဆာတွေကြောင့် ကုတင်ဒေါင့်က တိုင်လုံးကြွတက်လာလို့  ကိုယ့်ခြေထောက်ကြီး အပေါ်မြှောက်တက်ပြီး ကားယားဖြစ်မှာ မြင်ယောင်မိသေး ဟီး
- ကိုယ့်ချစ်သူနဲ့  ချစ်စကားပြောမယ် ကြည်စယ်မယ် တိုင်ပင်ဆွေးနွေးမယ်ဆိုရင်တောင် ဟောက်တာထင်ပြီး ကုတင်ကြီး ကြွလာရင် သွပ်ခဘဲ romantic မဖြစ်ဘဲ ငိုမဲ့ငတစ် ဖြစ်ရမှာ တောက်... ဟင်း

အမလေးဟဲ့ ဒီလို ဈေးကြီးပေးပြီး အိပ်ရေးပျက်မဲ့ ကုတင်အစား ကိုယ့်ဟောက်သံနဲ့ ကိုယ်လန့် နိုးတာ ကောင်းမယ် ထင်ပါ့ဗျား ဒီကြားထဲ သူခိုးကြီး ငတက်ပြား ရထားခေါင်းတွဲကြီး(MyMetro) က ကုတင်ကြီး သိုသွားပြီးပြီ ဘယ်တော့ သူစိတ်ညစ်မလဲမသိ

စာရေးသူရဲ့ ကြိုတင်နိမိတ်ပြေးတွေ
Mark Quinnကုမဏီက သာတွေ့ ရင် အရင်လာငှားမှာ မြင်သေး။ ဒါမှ သူတို့ ကုတင်ကို အပြစ်မပြောစရာမရှိအောင် ပြုပြင်နိုင်မှာ ခုတော့ တော်တော်နောက်ကျသွားပြီ။

(ပုံ ကြိုတင်တွေးသူ)

ဖတ်ကြည့်ချင်သေးလား....

Saturday, January 5, 2008

True - Announcement

စာရေးသူ၏ ဆီပုံးထဲမှာ မီဒီယာဆိုတဲ့ အမည်မရှိ အခြေအနေမရှိသူတဦးလာအော်ပါတယ် ..

မီဒီယာ
မန်မာနိုင်ငံတွင် စလောင်းနှင့်ပက်သက်၍ ပိုက်ဆံများ တိုးမြှင့်ကောင်ခံ ခြင်းဆိုသည်မှာ မမှန်ကန်ပါ ယခင်အတိုင်းပေးဆောင် ၇မည်ဖြစ်သည်။ 05 Jan 08 04:34၊203.81.64.34

သက်သေပြပါမယ်။ မှန်သလားမမှန်သလားဆိုတာ...

ဗိုလ်ချုပ်လက်ထက်က ထုတ်ထားတဲ့ ၂၅ကျပ်တန် ငွေ ခပ်လှုပ်လှုပ်ဆိုပြီးသတင်းထွက်လာတယ်။ ရေဒီယိုက နေ ငွေစက်ကူတွေ စိတ်ချသုံးပါ၊ သတင်းတွေ မယုံပါနဲ့ ကြော်ငြာတယ်။ နောက်၂၅ကျပ်တန်ငွေ ဖျက်ကြောင်း ကြေငြာတာဘဲ။ တခြားငွေစက်ကူနဲ့ အစားထိုးလဲပေးတယ် ထင်ပါတယ်။ ငွေအသစ်ထပ်ထွက်တယ် ၁၅ကျပ်တန်တွေလို့ ထင်မိပါတယ်။

နောက်....ထပ်ထုတ်တဲ့ ငွေစက္ကူတွေ ဖျက်မယ် သတင်းထွက်တယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားက ငွေမဖျက် ပါကြောင်း ဖျက်ရန်မရှိပါကြောင်း သတင်းများမဟုတ်ကြောင်း ကြေငြာတယ် နောက် တကယ်လည်း ငွေဖျက်သိမ်း ပါတယ်။ ငွေ
စက္ကူတွေကို သတ်မှတ်ထားတဲ့ ပမာဏအနည်းငယ် ကိုသာ ဘဏ်တွေမှာ သွား လဲ နိုင်ပါတယ်။ ငွေသိန်းနဲ့ ချီမိထားရင် ထောင်ဂဏန်းဘဲ ငွေပြန်ရပြီး ကျန်တာ ချီးကုန်းစက္ကူ ဖြစ်သွား ပါတယ်။ အဲဒီတုန်းက ၁၅ကျပ်တန်လို့ ထင်မိပါတယ်။

နောက်တခေါက် ငွေစက်ကူဖျက်မယ် သတင်းထွက်တယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားက မဟုတ်ကြောင်း ကြေငြာတယ် နောက် တကယ်လည်း ငွေဖျက်သိမ်းပြန် ပါတယ်။ ၃၅ကျပ် ၄၅ကျပ် ၇၅ကျပ်တန်ပါ။ မဖျက်ခင် တရက်အလိုမှာ စစ်ဗိုလ်ကတော်တွေ အိမ်၊ကား၊ခြံ၊လျှပ်စစ်ပစည်း၊ရွှေ၊ပစည်းတွေ ပုံအောဝယ် ပြီး နောက်တရက် မှာ ငွေဖျက်ကြောင်း ကြေငြာပါတယ်။ ဒီတခါတော့ ငွေအားလုံးဟာ ချီးကုန်းစက်ူ ဖြစ်သွား ပါတယ်။ ငွေ၂ခါဖျက်တော့ အဆောင်ကျောင်းသားတွေနဲ့ လက်လုပ်လက်စားသမားတွေ စားစရာမရှိ ဒုက္ခရောက်ကြပါတယ်။ ငွေစက်ကူ ၃ခါ ဖျက်သိမ်းတာဟာ ၁၉၈၈ အရေးခင်းဖြစ်လာရခြင်း ရဲ့ မူလအစ အကြောင်း အရင်းခံပါ။

နောက်တခါ အဲဒီလိုမျိုးသတင်းတွေ အရင်ပေါက်ကြားလို့  အချင်းချင်း လက်တို့ အတင်းပြောမိသူတွေ အဖမ်းခံ ထောင်ချခံရပါတယ်။ ရေဒီယို ရုပ်မြင်သံကြားကနေပြီး သတင်းမမှန်ကန်ပါကြောင်း ကြော်ငြာတဲ့အပြင် သတင်းမမှန်ကန် ပြောသူတွေ ထောင်ဒဏ်ပေးမယ် ဆိုပြီး တရားဝင် ထောင်ချခံရသူတွေစာရင်းပါ ကြေငြာပါတယ်။ မကြာပါဘူး တလတောင် မပြည့်ပါဘူး။ ပေါက်ကြားတဲ့ သတင်းအတိုင်း တရားဝင် ကြေငြာပါတယ်။ သတင်းအမှန်ကို အတင်းအုပ်ခဲ့မိလို့  ထောင်ချခံရတဲ့ ကောင်မလေး၊ ကောင်လေးတချို့ (အားလုံးသိရသလောက် ၁၀ယောက်ရှိမယ်) ဘာဆက်ဖြစ်သွားခဲ့ သလဲ မသိပါဘူး။

မီဒီယာသို့  ပန်ကြားချင်ပါတယ် ။ နောက်နောင် ဒီဘလော့တွင် လာရောက် ရေးသားခြင်း သည်းခံပါ။ (စာရေးလျှင် သတ်ပုံမှန်အောင် ကျုရှင်ပြန်တက်ပါ)

ဒီဘလော့ဟာ ဖတ်သူတွေ စိတ်ချမ်းသာဖို့ ၊ စိတ်ဖြေရာ ပျော်ရွှင်ကြည်နူးစေဖို့ ၊ ဗဟုသုတရဖို့ ၊ မြန်မာပြည်တွင်းက မသိသူတွေ အတွက် သိသမျှ သတင်းအထူးဆန်းတွေ တင်ပြတဲ့ဘလော့ ဖြစ်ပါတယ်။

စာရေးသူအနေနဲ့ မီဒီယာတို့ လို ၁မိနစ်အတွင်း လျှာကို ပက်လက် ကနေ မှောက်လျက်။ မှောက်လျက်ကနေ ပက်လက် လည်အောင် လုပ်နေသူတွေအတွက် မဖိတ်ခေါ်ပါရစေနဲ့ ။ စိတ်ဝင်စားရင် စာဖတ်သွားပါ လူတကာ စိတ်အနှောက်ယှက်ဖြစ်အောင် မလုပ်ပါနဲ့  ပန်ကြားပါရစေ ..

ဖတ်ကြည့်ချင်သေးလား....

Friday, January 4, 2008

စာ ... စာ .... ဗြဲ စာ......

ပြန်ချင်တယ် လေယဉ်လက်မှတ်က ဘုတ်ကင်လုပ်တာ နောက်ကျလို့  လျော့ဈေးနဲ့ မရလိုက်ဘူး ငွေ၁၅၀လောက် ပိုများနေပြီ

ဗြဲ...... ငွေမရှိဘူး ဗြဲ... ပြန်ချင်တယ် ... ဗြဲ...... အမေ့ကိုတွေ့ ချင်တယ်.. ဗြဲ .....

ဖတ်ကြည့်ချင်သေးလား....

General - England/English

သူတို့ ဓလေ့၊ ယဉ်ကျေးမှု့ ၊ ထုံးစံ

5.1.07

- ခေါင်းမာခြင်း ကတော့ အင်္ဂလိပ်တွေ ရဲ့ အကျင့်ပါ။ မဆီမဆိုင် တဘက်သားအတွက် သူတို့ အမြင်နဲ့ ဝင်ရောက် ဆုံးဖြတ် ဟန့် တားကြတာ တော်တော်ဆိုးပါတယ်။

ဥပမာဗျာ တိုနီဘလဲက ၀င်ငွေမြှင့်အောင် မိဘတွေရဲ့ မွေးကင်းစ ကလေးတွေ ကို မိဘတွေလက်ထဲက အတင်းလုပြီး ကလေးလိုချင်တဲ့ မိဘတွေကို ငွေနဲ့ ရောင်းစားတာပါဘဲ။ ဒီနိုင်ငံမှာ က အနေနီးရင်၊ သာယာမှုရှိရင် ချစ်တယ်ကြိုက်တယ် ဆိုလိုက်တာဘဲ လင်ငုတ်တုပ်၊မိန်းမငုတ်တုပ်ရှိလဲ လုတာဘဲ။ မွေးလာတဲ့ ကလေးတွေကိုလည်း တို့ မြန်မာတွေလို ရင်အုပ်မကွာ ထိန်းကြ ကြင်နာချစ်တာရှားတယ်။ ကြုံရာလူနဲ့  ကလေးရကြတော့ မကြင်နာသလို နိပ်စက်တာ တွေလည်း ရှိလာနိုင်တယ်။ ဥပမာ မိသားစုထဲမှာ ပထမ သားသမီးတယောက် ကိုနိပ်စက်တယ် လို့ တိုင်သံကြားရရင် နောက်ကလေးရှိလာရင် စောင့်ကြည့်တယ်။ နိပ်စက်တာ သက်သေတွေ ရခဲ့ရင် အဲဒီမိဘ က ကွဲလို့ နောက်အိမ်ထောင်ပြုသားသမီးရ အုန်းတော့ ရလာတဲ့ သားသမီးကို အစိုးရက မိဘလက်ထဲက ၀ါးရမ်းပြပြီး ခွဲထုတ်ခေါ်သွားပြီး ထိန်းသိမ်းထားတယ်၊ ကလေးလိုချင်လို့ လျောက်လွှာတင်သူတွေ ကို အလျူငွေယူတယ် ရှင်းရှင်းပြောရရင် ငွေနဲ့ ရောင်းစားတယ်။ ကလေးလိုချင်တဲ့ မိသားစုဆိုတာ ကလည်း ဘယ်မှာ ကြင်နာ ချင်ကြမလဲ။ ခိုင်းချင်လို့  ကျွန်အဖြစ် မွေးစားတာ နိပ်စက်ချင်တာ ဘဲ။ တလောက ဖတ်လိုက်ရပါတယ် တလသားလေးကို အမေ့ရင်ခွင်ထဲက အတင်းလုယူပြီး မွေးစားမိဘအိမ်သွားထားတာ သေသွားတယ်တဲ့ ဖအေကတော့ ရင်ကျိုးပြီး မျက်ရည်နဲ့ မျက်ခွက်ဘဲ။ မွေးစားတဲ့မိဘတွေက အေးအေးဘဲ ဘာ့ကြောင့်သေမှန်းမသိဘူး ဆိုတဲ့ မသိဘူးနဲ့  ရာဇ၀တ်ဘေးလွတ်တယ်။
ဒီလိုနဲ့  တချို့ မိဘတွေခမျာမှာ သား၃ယောက်ကို အလုခံရပြီး ၄ယောက်မြောက်ကျမှ မွေးခွင့်အတူနေခွင့်ရလို့ သတင်းစာထဲပါ လာတယ်၊ မိဘက သားသမီးကို ရိုက်ဆုံးမတာ နဲနဲပါးပါးတော့ ရှိမှာပေါ့။

တချို့ ကလည်း တကယ်ကို လွန်ကျွံအောင် နိပ်စက်တာတွေလည်းရှိပါတယ်။ ဒါပေမဲ့ သားသမီးကို မိဘရင်ခွင်ထဲက လုယူပြီး ရောင်းစားပြီး နိုင်ငံရံပုံငွေရှာတာကတော့ အတော်ဆိုးတာဘဲ

၎.၁.၀၈
- အင်္ဂလန်မှာ တိုင်း(county)၊ မြို့ (town) ခွဲထားပါတယ်။
- မြို့ တိုင်းမှာ မြို့ အလည်ခေါင်အဓိကကျတဲ့ လမ်းမကို High Street လို့ ခေါ်ပါတယ်။
- High Street ဆိုတဲ့လမ်းမကြီးပေါ်မှာ ရောင်းတဲ့ဆိုင်တွေက ပိုရောင်းကောင်းသလို ငှားခကလည်း ပိုကြီးပါတယ်၊ High Street မှာ ရှိတဲ့ဆိုင်လေးတွေဟာ ဈေးဝယ်သူတွေ အဓိက မွှေနှောက်ရှာတဲ့ ဆိုင်တွေပါဘဲ၊
- တကယ့်ကို တန်ဖိုးကြီးတဲ့ဆိုင်တွေ ဟာ တန်ဖိုးကြီးရင် ပေါင်၂၀၀ အထက်ကနေ ပေါင်၁၀၀၀ အထက်မှာ ရှိပါတယ်၊
- High Street မှာ ဖွင့်တဲ့ ဆိုင်လေးတော်တော်များများ ကတော့ ဆယ်ကျော်သက် ကျောင်းသူကျောင်းသား တွေ အ၀ယ်များတဲ့ ဈေးသက်သာတဲ့ ဆိုင်လေးတွေ ဆိုရမှာပေါ့။ ကျောင်းသားတွေဆိုတော့ ဘယ်မှာ ငွေပေါကြပါ့မလဲ။ လှချင်သလို ခေတ်နဲ့ အမှီ ရောင်းတဲ့ အဆန်းအပြားတွေ ကို ၀တ်ချင်စားချင်တဲ့ လူငယ်တွေအတွက် High Street ဆိုင်လေးတွေက အားထားစရာပါ

China Town တရုတ်လူမျိုးတွေကို လက်ချင်းဆက်စီတန်းရင် ကမာကိုပတ်လို့ ရတယ် လို့ ဆိုကြတာ တကယ်မှန်ပါတယ်။ China Town ဟာ နေရာတိုင်းမရှိပါဘူး။ တချို့ တိုင်းတွေမှာဘဲ တွေ့ ရပါတယ်။ လန်ဒန်မှာ ရှိတဲ့ China Town ဆိုတာ တကယ့်မြို့ လယ်ခေါင်ပါဘဲ။ နိုင်ငံတိုင်းမှာ မြို့ လယ်ခေါင်မှာမှ China Town ကို တွေ့ ရပါမယ်။

နောက်မှ ဆက်ပါမည် . . . .

ဖတ်ကြည့်ချင်သေးလား....

Thursday, January 3, 2008

question

မွေးနေ့ တုန်းက တော့ ကိုယ့်မွေးနေ့ မိုလို့ ပျော်ရတယ် တရက်လည်းစွန်းရော အင်း ငါတရက်ပိုကြီး သွားပါ ပကောလား ဆိုပြီး ( ၀မ်းနည်းရပြန်ရော.. အဲ ဟုတ်ပါဘူး ) ဆင်ခြင်မိပါတယ်။

နစ်သစ်အတွက် _ီး ဆုတောင်းလေးပေးလိုက်ပါတယ်

Wish you have wealthy, healthy, happy and lucky year ....!

မွေးနေ့ ရောက်တိုင်း မွေးတဲ့အချိန်မှာ မွေးတဲ့ မိခင်အနားမှာ မနေရတဲ့ စာရေးသူ တယောက် ဘုရားမှာ ဆီမီးပူဇော်ပြီး ဘုရားရှစ်ခိုးပြီး မွေးမိဘ ကျွေးမိဘ တွေ ကို ဦးခိုက်ပြီး ကျေးဇူးတင်ကြောင်း ဆုတောင်းလေ့ ရှိပါတယ်။

ပြီးတော့ သင်ဆရာ မြင်ဆရာ တွေကိုပါ ကျေးဇူးတင်မေတ်ာ ပို့ သပါတယ်။ (သီးခံဖတ်ကြပါ ပတ်ဆင့် မရိုက် တတ်လို့ )

ကဲ ခုတော့ ခဏနားအုန်းမယ် ည ၁၂နာရီ တိတိထိုးပြီ။


ဖတ်ကြည့်ချင်သေးလား....

Wednesday, January 2, 2008

Fashion - 1 Million BAG

ဘလော့ကာ ညီအကိုတွေ အတွက် ပေါင် ၁သိန်း၅ထောင်တန် ကော့ညက်ကြီး တိုက်ပြီးတော့ ညီမလေးတွေ အတွက် အိတ်လှလှလေး ပေးရမှာပေါ့


ဒေါ်လာ၁သန်း (or)

ပေါင် ၅သိန်းတန်တဲ့

စလင်းဘက်အိတ်



ပလက်တီနမ်နဲ့ ငွေသားစစ်စစ်နဲ့ ရော ပြီးလုပ်ထားတဲ့ ၉ x ၁၄ စင်တီမီတာ အိတ်ကလေးဟာ စိန် ၁၈၆၇လုံး နဲ့ စီထားပါတယ်။ အိတ်ကလေးရဲ့ လွယ်တဲ့ ကြိုးလေးမှာ စိန်ပေါင်း ၂၁၈၂လုံး သွယ်ထားပါသတဲ့၊

အထူး ကော်လက်ရှင် အိတ်ကလေးကို တလုံးတည်း ထုတ်လုပ်ထားပြီး တိုကျိုမြို့ က တာကာရှီမာယာ စတိုးဆိုင်မှာ ပြသထားပါသတဲ့ကွယ်။

ကံကောင်းတဲ့ အိပ်ပိုင်ရှင် ---------- ကတော့ တယောက်ထဲဘဲ ဖြစ်လိမ့်မယ်။

(ဘလော့ကာညီမလေးတွေ တယောက်တလှည့် အလှည့်ကျ မဲဖေါက်ပြီး နံမည်ရေးပေးမယ် စာရင်းပေးကြနော် )



ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */