ယုယမြတ်နိုးရဲ့ ဒီအချိန်ဆို ဆိုတဲ့ကဗျာလေးကို ဗားရှင်းပြောင်းထားပါတယ် မူရင်းကတော့ ဒီမှာပါ
မျှော်မိလေတယ် တွေးမိတယ်
လွမ်းချင်ပါဘူး ရင်ထဲမယ်
တမ်းတမိတယ် သတိရတယ်။
သီကျူးသံတေး ဥသြငယ်
လေပြေညှင်းနဲ့  အလှထူးတယ်
ဂိမ္မာန်နွေဦး လွမ်းလှတယ်။
ဝင်းဝါ၀င့်ကြွား ငုဝါရယ်
ပင်ယံထက်မှာ လှသွေးကြွယ်
နွေအလှကို တန်ဆာဆင်တယ်။
စွင့်စွင့်ငါးနဲ့ နီရဲတယ်
စိန်ပန်းဝေတဲ့ ဒီလမ်းမယ်
လောကတခွင်မယ် လှသွင်ခြယ်။
တနစ်တခါသာ ပွင့်ပါတယ်
မွှေးရနံ့ ကြိုင်လို့ ထုံသင်းတယ်
ဝါရွှေပိတောက်ရယ် ဆံတင့်တယ်။
ကြိုဆိုပါတယ် နှစ်ကူးမယ်
တာရေဖျန်းလို့  ဧမြတယ်
သင်္ကြန်မှာကွယ် ပျော်စရာကွယ်။
ကိုယ့်မျက်ခြယ်တွက် ထွေးဖို့ ကွယ်
စိတ်ကူးထဲက အလှရယ်
ကိုယ်လေ အတွေးမှာ လွှင့်မျောတယ်...
ကိုယ်လေ တယောက်ထဲ အဖော်ကွဲ....
ဒီအချိန်မှာ ကိုယ်တယောက်ထဲ....
မွေးမြေနဲ့ ဝေး လွမ်းဆကဲ....
တမ်းတလွမ်းဆဲ တာသင်္ကြန်ဘဲ......
Sunday, March 30, 2008
Poem - For you - 3 This time....
at 11:45 AM
Subscribe to:
Post Comments (Atom)
2 comments:
Good poem.
ကောင်းတယ်ဆက်ရေးဂျေရေ အားပေးတယ်နော်
Post a Comment