Friday, September 28, 2007

General - the moment when you die

သင်သေခဲ့သော်......
လူဟာ သက်တမ်းကုန်ခါနီးရင် ဖြစ်တတ်တဲ့အတွေ့ အကြုံလေး ရေးပြချင်ပါတယ် တကယ်ကိုယ်တွေ့ ပါ.

ခွန်မြလှိုင် ရေးတဲ့ ဈေးဆစ်တဲ့ပုံလိုလိုပါဘဲ။
မကြာခဏ နေမကောင်းဖြစ်ခဲ့ရဘူးပါတယ်။ တချိန်မှာ တော်တော်ကြီးနေမကောင်းဖြစ်တုန်းက အိပ်ယာထဲမှာ အိပ်နေတဲ့ရင်းနဲ့  တဖြည်းဖြည်း အပေါ်ကို မြင့်တက်လာတယ် လို့ ခံစားရပါတယ်။ ပြောရရင် ဦးခေါင်းထဲကနေ စပြီး တကိုယ်လုံးဟာ ရုပ်နာမ်၂ပါး ကွဲသွားတယ်။ ကိုယ့်ရဲ့ ၀ိဥာည်လိုလို လိပ်ပြာလိုလို ပြောရမယ်ထင်တယ်။ ကိုယ့်ရဲ့ ခနာကိုယ်ကြီးထဲက ထွက်လာတယ်လို့ ခံစားမိပါတယ်။


နောက်ဆုံး ကိုယ့်ကိုကိုယ် လေထဲကနေ အပေါ်က ၁မီတာ အမြင့်က ပြန်ငုံ့ ကြည့်နေမိတယ်။ အိပ်ယာထဲမှာ ခွေခွေလေး အိပ်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်နေမိတယ်။ အောက်ဖက်ငုံကြည့်နေတာ ရပ်ပြီး တည့်တည့်ကြည့်လိုက်တော့ ချက်ချင်းဆိုသလို မှောင်ပိန်းနေတဲ့ အာကာသ ထဲရောက်သလို ခံစားရပါတယ်။ အဲဒီအချိန်ဟာ နေ့ လည်ခင်းမှန်းလဲသိနေတယ် ။ နေ့ လည် ဖြစ်သောကြောင့် အလင်းရောင်ရှိတယ် ဆိုတာသိနေပေမဲ့ ကိုယ်က အမှောင်ထုထဲမှာ ရောက်နေတာပါ။ မှောင်နေပေမဲ့ အကုန်မြင်နေရတယ်။ ကိုယ်က တဖြည်းဖြည်းရွေ့ နေတယ်။ လေထဲမှာ မျောနေတာပါ။ လမ်းလျှောက်နေတာ မဟုတ်ဘူး။ ကြောက်စရာ ကားတွေ ထဲက ရွေ့ နေသလို ရွေ့ နေတာ။ စိတ်ထဲမှာ ဘာမှ မရှိဘူး။ ရှင်းလင်း အေးချမ်း နေတယ်။ သွားချင်တဲ့နေရာ မျောပြီးရွေ့ နေတယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိဘူး၊ ကိုယ်တယောက်ထဲဘဲ .. အဲ ပြောလို့ သာ ကိုယ်တယောက်ထဲ ကိုယ်ကိုကိုယ် ပြန်မမြင်ရဘူး ။ မျက်လုံးက မြင်နေတာဘဲသိတယ်။

အဲဒီလို လေထဲ စလွင့်နေတဲ့ အချိန်မှာ ဘယ်အချိန်က ဘယ်လို ကုသိုလ်လုပ်ခဲ့တယ် ဆိုတာ ပြန်မြင်နေတယ်။ နဲနဲပါးပါး ကုသိုလ်လုပ် အကူညီပေးတာတွေ က အစ ပြန်သတိရနေတယ်။

အဲဒီအချိန်မှာ ငါ အသက်ရှင်သေးရဲ့လား တမလွန်ရောက်ပြီလားဆိုတဲ့ အတွေးဝင်လာပါတယ်။ ရုတ်ခြည်းဆိုသလို မှောင်ပိန်းနေတဲ့ အာကာသကြီးဟာ ပျောက်ကွယ်သွားပါတယ်။ ကိုယ်ကိုယ်တိုင် လည်း တဖြည်းဖြည်း အမြင့်က အောက်ဘက် တအိအိနဲ့ ပြန်ဆင်းနေတယ်။ ပြီးတော့ အိပ်ယာထဲမှာ အိပ်နေတဲ့ ကိုယ့် ရဲ့ ခနွာကိုယ်ထဲ တဖြည်းဖြည်းနဲ့ ပြန်ဝင်ရောက်လာတယ် လို့ ခံစားရတယ်။

အရေးကြီးတာလေး တကယ်ပြောချင်တာက
အမှောင်ထဲက ဝေယံမှာ လွှင့်နေချိန်မှာ ခံစားနေရတဲ့ ခံစားချက်နဲ့ အတွေးလေးတွေ ပါဘဲ။
သူရဲတဘက်တွေ၊ ဘီလူးတွေ၊ မိစာတွေ လွှမ်းမိုးနေရင် ဘုန်းကြီးပင့် တရားနာခဲ့ကြတဲ့ ဗုဒ ဘာသာဝင် မြန်မာနိုင်ငံသားတွေ ဟာ သေခါနီးရင် စိတ်စွဲမှု့ ပေါ်မူတည်ပြီး ဘုံဘ၀ အသီးသီးသို့ ရောက်ကြပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်နဲ့ ယှဉ်ပြီး တမလွန်မှာ ပြန်ခံစားရပါတယ်။

စာရေးသူ စဉ်းစားနေမိတယ်။ အကုသိုလ်လုပ်ခဲ့တဲ့သူဟာ လေထဲလွင့်မျောနေတဲ့ အချိန်မှာ ဘယ်လိုများ ခံစားရမလဲ။ စိတ်ထဲ ရင်ထဲအေးနေပါ့ မလား။ စိတ်ထဲ ဘာအတွေး တွေ ၀င်လာမလဲ။ ကုသိုလ်တွေ မြင်မဲ့ အစား အကုသိုလ်တွေ ပြန်မြင်နေမလား။ အမှောင်ထဲမှာ တဦးတည်းမဟုတ်ဘဲ နိပ်စက်မဲ့သူတွေ ၀ိုင်းနေတာခံရမလား အသက်ရှင်ရှားနေခဲ့ရတုန်းက ပြုခဲ့တဲ့ အကုသိုလ်အတိုင်း ပြန်ခံစားနေရမလား... ဆိုတဲ့ လားအပေါင်း
လဲအပေါင်း မြောက်မြားစွာနဲ့ စဉ်းစားနေမိပါတယ်။

စာရေးသူအနေနဲ့ လေထဲလွင့်ရုံ ရွေ့ မျောနေရုံမျှသာ အတွေ့ ကြုံရှိပါတယ်။ ဒီထက်ပိုပြီး အတွေ့ ကြုံမရှိလို့  မပြောနိုင်ပါဘူး.. ခုလောက်နဲ့ တင် စာရေးသူမှာ အသက်ရှင်ရတဲ့ တန်ဖိုးကို အတော် လေးစား ကျေးဇူး တင်နေပါတယ်။ ဘုရားတရားကို ပိုဆည်းကပ်ပါတယ်။ ဘုရားဟောတချို့ ကို ကိုယ်တိုင် လက်တွေ့ လုပ် စမ်းသပ်ခွင့် ရတယ်လို့ ဆိုနိုင်ပါတယ်။ ဗုဒဘာသာတရားတော်ဟာ တကယ်သိပံနည်းကျကျနဲ့ သက်သေပြလို့ ရပါတယ်လို့ မြင်မိပါတယ်။

ဒီအကြောင်း မိသားစု ဘယ်သူ့ ကိုမှမပြောခဲ့ပေမဲ့ ခွန်မြလှိုင်ရဲ့ ဘလော့မှာ သူ့ ကိုယ်တွေ့ ဇတ်လမ်းဖတ် မိလို့  တိုက်ဆိုင်တာနဲ့ရေးလိုက်ပါတယ်။၏




တစေ သရဲကြောက်သူများကို ခြောက်ခြင်းမဟုတ်ပါ။ တရားဟောများကို သိပံနည်းကျကျ လက်တွေ့ ကျကျ သိရှိရသဖြင့် ဗုဒဘာသာကို ပိုယုံကြည်လာရကြောင်း ဝေငှခြင်းဖြစ်ပါသည်။

ယခင်က ဗုဒဘာသာကို မိဘကိုးကွယ်လို့ ကိုးကွယ်တာကလွဲလို့ မလေ့လာခဲ့ပါဘူး ဘုရားဟောတာ တော်တော်များများ ကိုယ်တိုင်ကြုံတွေ့ လာရတဲ့ အပိုင်းတွေ အတွက်တော့ ယုံကြည်လာပါတယ်။

လက်တွေ့ သိပံနဲ့ လည်း ဆက်စပ် သက်သေပြနိုင်တာတွေ ရှိပါတယ်။ အမှန်အတိုင်းပြောရရင် တချို့ အရာတွေ ကို ယခုထိ လက်မခံသေးပါဘူး၊ လူမိုက်လို့ အပြောခံမယ်ထင်ပါရဲ့ သိချင်တာထဲက တခုပြောရရင် ဘုရားဇတ်တော်ထဲမှာ သားပိုက်ကောင် ဘ၀၊ ပုရွက်ဆိတ်ဘ၀၊ ပက်ကျိဘ၀ ရှိပါသလား။ ရေသတ၀ါတွေထဲက ရေဘ၀ဲ ငါးမန်း လပိုင်ဘ၀ ရော ရှိခဲ့ပါသလား။

ဗုဒဘာသာဟာ တကမာလုံးနဲ့ မသက်ဆိုင်ဘူး လို့ မှတ်ချက်ချရမလို ဖြစ်နေတယ်။ အာကာသ စင်္ကြာဝဌာ ဟင်းလင်းပြင် နဲ့  အကျုံးမ၀င်ပြန်တာလည်း တွေ့ ရတယ်။ တကယ်လို့ သိသူများရှိရင် မှတ်ချက်ပေးရင် သိပ်ကောင်းမှာပါဘဲ။


0 comments:

 
/* EOT ----------------------------------------- */