Saturday, May 10, 2008

သင့်ကို အလိုရှိသည် အလျှုအတွက်

ယူကေမှ ဘလော့ကာများကို ဖိတ်ခေါ်လိုပါတယ်။ ထိရောက်အောင် အခုလမ်းပေါ်ထွက် အလျှူကောက်ဖို့ ကြိုးစားနေပါတယ်။ လက်ဖြန့် တောင်းရတာထက် တခုခုရောင်းပြီး ထုံးစံအတိုင်း စတစ်ကာ ရောင်းတာမျိုးလိုပေါ့။ နေရာအနံ့ ဖြန့် ထွက်ချင်ပါတယ်။ ဆွေးနွေးလိုပါတယ်။ ရောင်းရင်းတို့ ဆက်သွယ်နိုင်ရင် ဆက်သွယ်ပါ။ အဲဒါက ရေရှည်ကောက်ရမဲ့ နစ်နဲ့ ချီမဲ့  အလျူဖြစ်နိုင်တာမို လို့  တိုင်ပင်ချင်ပါတယ်။

အခုထိတော့ ဘယ်လို နည်းနဲ့ ကောက်ခံရမလဲ ဆိုတာ မသိသေးပါဘူး။ ဘယ်သူမှ မပါရင် ကျနော် တယောက် ထဲ ကြဲမှာပါဘဲ။

ယူကေကျောင်းသားအဖွဲ့ နဲ့ ချိတ်မိပါပြီ။ ယူကေ သံလာ အဖွဲ့ နဲ့ လည်း တိုင်ပင်ပြီးပါပြီ။ လမ်းမ ပေါ်ထွက် ကောက်ဖို့ လူအား လိုပါတယ်။ (သံလာ အဖွဲ့ အကြောင်းကတော့ ကိုထိုက်ဆိုဒ်ထဲမှာပါပါတယ်။) ရခဲ့တဲ့ အလျှူငွေကို မြန်မာနိုင်ငံက တကယ်ကူညီနိုင်မဲ့ အဖွဲ့ ဆီတိုက်ရိုက် ရောက်အောင် လုပ်ဆောင်ချင် ပါတယ်။ တော်ကြာ လေယဉ်ပျံ နောက်တစီးဝယ်ဖို့  ဟောလီးဝုဒ်မှာ အိမ်ဝယ်ဖို့ ထဲ ပါသွားမှာ စိုးလှပါတယ်။

ယူကေလို့  ခေါင်းစဉ်တပ်ပြီး မေးလ်ပို့ စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

joyful4all2008@gmail.com

0 comments:

 
/* EOT ----------------------------------------- */