နည်းအသစ်ဖြင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစေသည့် ငွေကုန်သက်သာ စေသော အိမ်
ဒီအိမ်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပုံစံက တော့ ဆန်းပါတယ် ။ သို့သော်.. တတ်နိုင်သလောက် လျှပ်စစ်ဓါတ် ချွေတာနိုင်တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ပါးအောင် ထွင်ထားတယ်။ ဈေးလည်း သက်သာ စေတယ်။
ဟိုးရှေးခေတ် အနော်ရထာမင်းများ လက်ထက်က ဘုရားတည်ဆောက် တဲ့ အုတ်ကြွပ်ပြား ခပ်ပြားပြား လို သုံးထားပါတယ်။ အုတ်ကြွပ်ပြားကို ရွှံ့စေးနဲ့ တည်ဆောက်တဲ့အတွက် သာမန် အုတ်ထက် ပိုနွေး စေပါတယ်။ အုတ်ထံရံကို အဲဒီ အုတ်အပါးမျိုးတွေကို ၄လွှာစီပြီး ကွန်ကရစ်၊ ရွှံ့ရောစီပြီး အထူ ၅လက်မနံရံ တည်ဆောက် ပါတယ်။
(အုတ်ကြွပ်ပြား၃ခုခြားမှာ ကွန်ကရိ ထဲ့ထားလို့ အနွေးဓါတ်ကို ရနိုင်ပါတယ်။ အင်္ဂလန်ရဲ့ ရေမြေ သဘာဝကြောင့် အိမ်တွေကို သံချောင်းသုံးဆောက်တာမျိုး မရှိသလောက် ဘဲ ထင်ပါတယ်။ ၂ထပ်အိမ်ဆိုရင် မြေကြီးတွင်းတူးပြီး ဖောင်ဒေးရှင်းဆောက်တဲ့ အခါမှာ ၄ပေထက် ပိုမနက်တဲ့ တွင်း ဆောက်ပါတယ်။ ဒါတောင် တအိမ်လုံးစာ မြေမတူး ဘဲ အိမ်ဆောက်မဲ့ အုတ်နံရံအောက်တဲ့တဲ့မှာ ဘဲ တွင်းတူးပါတယ်။ အခန်းဖွဲ့ထားမဲ့ နေရာ အောက်မှာ မြေမတူးပါဘူး။ မိုးရွာလည်း နေပူတဲ့ အတွက်မြန်မာပြည်လို အိမ်မပျက်စီးပါဘူး။ CIVIL သမားမဟုတ်လို့ မဆွေးနွေး နိုင်ပေမဲ့ မြင်ဘူးတာ ကြားဘူးတာ တင်ပြတာပါ။)
အိမ်ကို လိပ်ခုံးပုံဆောက်ထားပြီး အပြင် နံရံအပေါ် မှာ မြေကြီးတွေ အနည်းငယ် ထဲ့ထားပါသေးတယ်။ မြေကြီးထဲမှာ ကပ်ပေါက်နိုင်တဲ့ သဘာဝပန်းမျိုးစေ့လေးတွေ ထဲ့ထားတဲ့ အတွက် ရာသီချိန် ရောက်တိုင်း ပန်းအမျိုးမျိုး အလှည့်ကျ ပွင့်နိုင်တယ်။ တအိမ် လုံး ကို ပန်းအပြည့် နဲ့ မံထားသလို တန်ဆာဆင်နိုင်တယ်။
အိမ်ဆောက်ချိန် မှာ တနစ်ကြာပြီး ပေါင် ၈သိန်းကုန်ပါတယ်။ Crossways, in Staplehurst, Kentမှာပါ။ ပိုင်ရှင်က အင်ဂျင်နီယာ Mr Richard Hawkes, his wife Sophie, 35, an investment banker, and their son Oscar, eight months.
အိမ်အမိုးကို solar ဆိုလာဆဲလ်နံရံနဲ့ တည်ဆောက်ထားပါတယ်။ ဆိုလာဆဲက လျှပ်စစ် 3,600kwh စွမ်းအင်ရတဲ့ အတွက် လျှပ်စစ် ဖိုးသက်သာ ပါတယ်။ ပိုနေတဲ့ လျှပ်စစ်ဓါတ်ကို အလဟသ မဖြစ်စေဘဲ သိုလှောင် ထားနိုင်ပါ
လှေခါးများကိုလည်း ရွှံ့စေးများနဲ့ တည်ဆောက်ထားပါသေးတယ်။ ဒီဇိုင်းကို ကင်းဘရေ့ တက္ကသိုလ်နဲ့ ဖက်စပ် ထွင်ထားခြင်းဖြစ်ပါတယ်။ ရွှံ့စေးထဲမှာ အထူးဆားတမျိုးပါပြီး ထိုဆား က ပုံဆောင်ခဲမှ အရည်ပြောင်းပြီး အပူကို လှောင်ထားပေးနိုင်ပါတယ်။










3 comments:
တစ်လုံးလောက်ဝယ်မှထင်တယ်း)
ထူးဆန်းတယ်။
အိမ်ယာမဲ့နေတော့..
လိုချင်တယ်..
ဆိုလာ စစ်စတန်ပါနေတာ သဘောအကျဆုံးးး
Post a Comment