Thursday, April 3, 2008

Poem 5 - ရူပမောင် ရဲ့ အသဲ

တက္ကသိုလ်ကျောင်းတုံးကပေါ့ဗျာ မနက်ဆိုရင် ကျောက်တင်ပုန်းမှာ ကာရန်နဲ့ လှလှပပ ကဗျာလေးတွေ ရေးထားတယ် ဘယ်သူရေးမှန်းမသိရဘူး။ အနော်တို့ က မနက်ဆို အိပ်ရာထဲကမနဲထ ပြီး ကျောင်းသွားရတော့ စာသင်ချိန် တောင် မမှီဘဲ နောက်ကျတတ်လို့ ဘယ်သူရေးတယ် ဆိုတာ (ဖမ်းဖို့ နေနေသာသာ ဖတ်ဖို့ တောင် အနိုင်နိုင် အဟဲ) မသိရပါဘူး။ မှတ်မိတာလေးတခုဝေငှချင်ပါတယ်။ ရူပမောင်တဦးရဲ့ လက်ရာပေါ့။

မင်းအတွက်ဆိုရင်.....

ကိုယ့်ရဲ့ရင်ခွဲ
အသဲကိုထုတ်
ဆားဖြင့်ဆုပ်ရ်ျ
ဂျင်းရည်ပက်ဖြန်း
ဆနွင်းမှုန့် လူး
ငြုပ်သီးဖြူးကာ ပေးလိုက်မယ်...

အင်း စပ်လိုက်မဲ့ ဖြစ်ချင်း .... (အသဲပြောပါတယ်။) သူ့ ကောင်မလေးက ချဉ်ငံစပ်ကြိုက်ပုံရတယ်။

နစ်ကာလ ကြာလွန်းလို့  မူရင်းစာသားကို မမှတ်မိတော့လို့  စိတ်ထဲ ထင်တာတွေ နဲနဲတော့ ပြင်ထားတာ အသိပေးထားပါတယ်။

3 comments:

မေမိုးမခ said...

ကြည့်ရတာ J လဲ ချဉ်ငံစပ် ကြိုက်မဲ့ပုံဘဲ
ဟီးဟီး

ထွန်း said...

လိုချင်လားဟင် မြည်းချင်လို့ လား ... ပြောနော်.. ပြော... ဖွင့်ပြောလိုက်နော်... မြုံမထားနဲ့  အဟင်းမန်ကျဉ်းရည်လေး ပါ ဆမ်းပေးပါရစေ

ဂျေဂျေ said...

မေမိုးမခရေ...အသဲဟင်းပြောတာပါ စိတ်မဆိုးနဲ့ နော် စတာ နောက်တာမလျှော့နိုင်လို့ ပါ။

ကြက်သဲ၊ဘဲသဲ၊ငုံးအသဲ၊ စာကလေးအသဲ၊ ၀က်အသဲ.. ဈေးထဲမှာ ရောင်းတာ ပြောတာပါ မြွေကျတော့ သည်းခြေအိတ်တဲ့ စပါးကြီးသဲခြေလေ... ဟတ်

 
/* EOT ----------------------------------------- */