Saturday, June 14, 2008

သေကံမရောက်သူတို့ ရဲ့ ပုံပြင်ကလေးများ - ၂

JOYFUL4ALL ဘလော့မှာ ရေးသားနေတဲ့ အဖွဲ့ ဝင်တဦး ဘိုကလေးမြို့ ရဲ့ ချောင်းကြိုချောင်းကြား ခက်ခဲတဲ့ နေရာ ကို အင်္ဂလန်က နေ တကူးတက သွားရောက် ပြီး လျှူဒါန်းခဲ့ပါတယ်။ စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေ ကြားသိနေရပါတယ်။

ဒုက်ခသည်တွေ လက်ရှိမှာ ဘာတွေ လိုအပ်နေပါသလဲ...ဘာအကူညီတွေ ရနေပါသလဲ... နောင်ရေး မဟုတ်တောင် လောလောဆယ် ဒီ တနစ်အတွင်း ဘယ်လို ဆက်နေ နိုင်မလဲ ဆိုတာ သိစေချင်လို့ ရေးသားပါရစေ။ (ဂျေ အဖွဲ့ ဝင်တဦးဖြစ်သော မဆောင်းဟေမာန်ရဲ့ ဒိုင်ယာရီလေးတခုပါ၊ သွားရောက်ခဲ့ သော အဖွဲ့ သားတဦး၏ရေးသားချက်က ဖွဲ့ တည်ရာ မဂ္ဂဇင်းမှ ဤနေရာ Two Nights, Three Days Trip to Bogalay၊ (author: Pink Gold) တွင် ဖတ်ရှု့ နိုင်ပါသည်။)
...


မေလ ၂၅ရက်။ ။ အင်တာနက်ပေါ်တွင် သိသော စေတနာ အဖွဲ့ သားတဦး က ဘိုကလေးကို နောက်အပတ် တနင်္လာနေ့ တွင် သွားအလျှူပေးမည်ဟု ပြောသည့် ညတွင် ရန်ကုန် ဆင်း ပြီး အလျှူပေးရန် ဆုံးဖြတ်သည်။

မေလ ၂၆ရက်။ ။ မြန်မာသံရုံးမှ ခွင့်စာ ယူရသည် ပုံမှန် ၂ပတ်ကြာသော အလုပ်ကို ၁ရက်အတွင်း ပြီးသွားသည်။ လေယာဉ်လက်မှတ်ဝယ်ရန် စုံစမ်းသည်။ လျော့ဈေးပေးသော သတ်မှတ်ရက် ကျော်သည်မှာ တလဖြစ်သဖြင့် ဈေးကြီးပေးဝယ်ရန်သာ ရှိသည်။ ထိုင်ခုံရ မရ မသေချာသေးပါ။

မေလ ၂၇ရက်။ ။ မမျှော်လင့်ဘဲ လေယာဉ်လက်မှတ် ကို လျော့ဈေးဖြင့်ရသည့် အပြင် အချိန်မှီသွားနိုင်သည့် ရက်ကို အချိန်တို အတွင်းရလိုက်သည်။ သို့ သော် စင်္ကာပူလေဆိပ် တွင်းတွင် ၇နာရီ ငုတ်တုပ် ထိုင်စောင့်ရမည်။

မေလ၃၀ရက် ။ ။ အင်္ဂလန်မှ ထွက်ခွာသည်။ လေယာဉ်ပျံပေါ်တွင် ထိုင်နေသည့် တချိန်လုံး ဒုက်ခသည်များ အတွက် မေတ္တာပို့ ပေးနေပါသည်။ လေယာဉ်ထွက်ပြီး ၁နာရီ အကြာတွင် ထိုင်ခုံရှေ့ ခြေတင်ခုံမှာ ပျက်နေသဖြင့် လေယာဉ်မယ်က ထိုင်ခုံ နေရာပြောင်းပေးသည်။ နေရာ အသစ်တွင် လူ၃ယောက် စာ လွတ်နေသဖြင့် ၁၃နာရီ စီးရသော လေယာဉ်ပေါ်တွင် အိပ်၍ လိုက်ပါခဲ့ရသည်။ လေယာဉ်တစီးလုံးတွင် ခြေဆန့် အိပ်၍ လိုက်ပါရသော သူမှာ ကျွန်ပ် တဦးတည်း သာ ဖြစ်ပါသည်။









မေ ၃၁ရက်။ ။ စင်္ကာပူလေဆိပ်ရောက်ရန် ၂နာရီသာ လိုပါတော့သည်။ ထို့ ကြောင့် မူလနေရာသို့ ပြန်သွားသည့် အခါတွင် ထိုင်ခုံကပ်ရပ်ဘေးမှ နပ်စ်မ ၂ဦးနှင့်သိကျွမ်းရပါသည်။ ဆေးပညာနယ်မှ ၀န်ထမ်းဖြစ်သောကြောင့် မုန်တိုင်းဒုက်ခသည်များအတွက် စေတနာဖြင့် ငွေ၂၀ လျှူဒါန်းကြပါသည်။ လေဆိပ်အတွင်းတွင် ၇နာရီကြာ ငုတ်တုပ် ထိုင်စောင့်ပြီး မြန်မာပြည်သို့ ပြန်ပါသည်။ ညဘက် ညဉ့် နက်သော်လည်း မီးကို အချိန်ပြည့်ရသဖြင့် အလွန် ပီတိ ဖြစ်ရပါသည်။ နတ်ကောင်း ဒေ၀ါများ မစနိုင်ကြပါစေ။

ဇွန်လ ၁ရက်နေ့ တွင် စေတနာ အဖွဲ့ သို့ ဆက်သွယ်ရန် ကြိုးစားသည်။ အဆက်သွယ်ရပါသည်။ ဘလော့ပေါ် မှာသာ သိကျွမ်းပြီး မမြင်ဘူးကြသဖြင့် တွေ့ ဆုံရသော အခါ အလွန် ၀မ်းသာမိပါသည်။ နိုင်ငံတကာမှ ပို့ သော အ၀တ်အစား အစားအသောက် ဆေးများကို စောင့်နေရသဖြင့် ဘိုကလေးသို့ ဇွန်၂ရက် သွားရန် မဖြစ်နိုင်ပါ။

ထို့ ကြောင့် ဒီနေ့ တွင် သံလျှင်ဘက်ရှိ အဒေါ် အပျိုကြီး ၂ဦးထံ သွားရန် ပြင်ပါသည်။ သံလျှင်ရောက်သော အခါ အဒေါ်တဦးမှာ ဆုံးပါးသွားသည်မှာ ၁နစ်ကျော်ပြီဖြစ်ကြောင်း ၀မ်းနဲစွာသိရပါသည်။ သံလျှင်သွားရာ လမ်းတလျောက်တွင် လူ၃ယောက်ဘက် သစ်ပင်ကြီးများ အမြစ်မှ ကျွတ်ထွက်နေသည်ကို တွေ့ ရပါသည်။ စိတ်မကောင်းစွာဖြင့် ရေလည်ဘုရား ဆီသို့ ဖူးမျှော်ရင်း အခြေနေသိရန် သွားကြပါသည်။ လမ်းတလျောက်တွင် ဘုရားကျောင်းကန်အပျက်စီးများတွင်းမှ ဘုရားဆင်းတုတော် ထီးထီးကို ကြည်ညိုဘွယ်ရာ အံ့သြဘွယ်ရာ မပျက်မစီးဘဲ ဖူးခဲ့ရပါသည်။

ရေလည်ဘုရားရောက်သော အခါ ဂေါပကများပြောပြချက်အရ မြစ်ဝမှ ဘုရားဘက်ခြမ်းမတိုင်ခင်အထိ လေပြင်းမုန်တိုင်းတိုက်ပြီး ရေတက်နေသော်လည်း ဘုရားဘက်ခြမ်းမှ သံလျှင် မြို့ ဘက်အခြမ်းတွင် ရေမတက် ကြောင်း သိရပါသည်။ သံလျှင်ကမ်းစပ်ရှိ စေတီမှာ ပြိုလဲကျသော်လည်း ရေလည်ဘုရားတွင် စေတီတော် အငယ်လေးများ မှထီးတော် အနည်းငယ် ယိုင်သည်မှလွဲ၍ မပျက်မစီး ပကတိ အကောင်းအတိုင်းရှိနေသည်ကို ရင်သပ်ရှု့ မောဘွယ်မြင်တွေ့ ခဲ့ရပါသည်။ ငါးကလေးများအတွက် ပေါက်ပေါက်ဆုပ်ဝယ်ရာ တထုပ်လျှင် ၂၀၀ ကျပ်ဖြင့် ငွေ၂ထောင်ဖိုးဝယ်သည်ကို ဦးလေးနှင့် အမက ရင်တမမဖြင့် ဆောင်းဟေမာန်ကို ကြည့်ကြပါသည်။




မြန်မာများ စည်းကမ်းမရှိသည်ကို ပြောရလျှင် ငါးစာကျွေးသော ပလပ်စတစ်များကို ရေထဲ ပစ်ချသည်ကို တွေ့ ရပါသည်။ ငါးတကောင်မှာ မတွေ့ ရပါ။ ပြောကြားချက်အရ ငါးဒန်ကြီးများ ဥချလျှင် ပင်လယ်ဘက်ဥ ချပြီး ရေလည် ဘုရားသို့ ပြန်လာတတ်သည် ဆိုသော်လည်း ငါးတကောင်မှ မတွေ့ ခဲ့ရပါ။ ငါးဒန်ကြီးများ အကောင် သေးသွားကြောင်း အမပြောပြ၍သိရ ပါသည်။ ဘုရားငါး ငါးဒန်ကြီးများကို ဖမ်းဆီးရောင်းချကြောင်း စိတ်မကောင်း ဘွယ်ရာ ကြားသိရပါသည်။ လူများ အကျင့်စာရိတ္တပျက်စီးရခြင်းမှာ စီးပွားရေး ပျက်သောကြောင့် ဟုသာ ဖြေသိမ့် ရပါသည်။



ရေလည်ဘုရား နားတွင် အုန်းရေ၀ယ်ကြပါသည်။ သို့ သော်လည်း အုန်းပင်များ ပြိုလဲ သဖြင့် အုန်းစိမ်း ကောင်းကောင်း မရနိုင်ကြောင်းသိရပါသည်။

အပြန်တွင် ကျိုက်ခေါက် စေတီတော်သို့ အမ၏ ဆန္ဒအရ ဖူးမျှော်ခဲ့ကြပါသည်။ ယခင်က သစ်ပင်များ အုံဆိုင်းနေသဖြင့် ဘုရားကို မမြင်ရသော်လည်း ယခုအခါ သစ်ပင်များ ပြိုလဲ၍ ဘုရားကို အသေချာ မြင်တွေ့ ရပါသည်။ ကြာသာပတေးဒေါင့်ရှိ ကြေးခေါင်းလောင်းကြီးမှာ အလွန် အသံသာလှပါသည်။ တခါ ထုလိုက်လျှင် အသံမှာ ဝေေ၀ ဝေေ၀ဖြင့် ၁၀မိနစ် နီးပါး လွှင်နေပါသေးသည်။ ခေါင်းလောင်း အကြောင်းရေးထားသည်ကို ဓါတ်ပုံရိုက်ခဲ့ပါသည်။ အချိန်ရလျှင် ထပ်တင်ပါမည်။

အပြန်တွင် ကျောက်တန်းဘုရားရှိ ကျောက်တန်းဘိန်းမုန့် ဝယ်စားပါသည်။ ရေကျော်ဈေးတွင်ရောင်းသော ပလောပီနံ မုန့် နှင့်အလားတူဖြစ်ပါသည်။ ကောက်ညှင်းကို ဘိန်းမုန့် ဖုတ်သလို ဘိန်းစေ့ အုန်းသီးဆီရွှဲရွှဲဖြင့် ဖုတ်ထားခြင်းဖြစ်ပါသည်။ ရေကျော်ဈေးမှ ပလောပီနံမုန့်မှာ ပလောပီနန်ဖြင့် ရွှေထမင်းကဲ့သို့ ထိုးထားပြီး အရောင်မှာ အ၀ါရောင် ရွှေရောင်ဖြစ်ပါသည်။ အုန်းသီးကြော်ဖြူး၍စားရခြင်းဖြစ်ပါသည်။

ဇွန်လ ၂ရက်နေ့ ။ ။ ည ၇နာရီအပြင်သွားနေချိန်တွင် စေတနာအဖွဲ့ ဝင်တဦး က ဖုံးဖြင့် ဆက်သွယ်ပြီး ဇွန်လ ၃ရက်နေ့  မနက် ၆နာရီ တွင် ဘိုကလေးသို့  ထွက်မည် ဟု သိရပါသည်။ အိမ်ပြန်ရောက်သော အခါ ည ၁၀နာရီ ရှိပါသည်။

ဇွန်လ ၃ရက်နေ့ ။ ။ မနက် ၄နာရီခွဲ ထပြီး ပစည်း အပြီးထဲ့ ပြီး စုရပ်နေရာ သို့  ၆နာရီ မထိုးခင် အရောက် သွားပါသည်။ ဘိုကလေးသို့  နေ့ လည် ၁၂နာရီခွဲ ရောက်သော်လည်း ကုန်ကားများ နောက်တွင် ပြတ်ကျန်နေ သဖြင့် စောင့်ဆိုင်းရပါသည်။ နေ့ လည် ၂နာရီခွဲ မှ ပစည်းများ ရောက်ရှိသဖြင့် ချက်ချင်း ဆိုသလို စက်လှေပေါ် ပစည်းများ တင်ကာ မုန်တိုင်း ခံရသော ရွာ ၃ရွာသို့ ခရီးပြင်း နှင်ကြပါသည်။

0 comments:

 
/* EOT ----------------------------------------- */