Friday, April 18, 2008

Health - 1 ကျန်းမာရေး နှင့် ဓလေ့ထုံးစံ - လက်ရည်တပြင်တည်း


ခင်ဦးမေက နိုင်ငံခြားမှ ကူးစက်လာသော အကျင့်များဆိုပြီး ဒီမှာ ရေးထားလို့  လို့ ဒီပို့ စ်လေးကို ပြန်လည်ဆန်းသစ်လိုက်ပါတယ်။

ကျန်းမာရေး ရှု့ ဒေါင့်က ကြည့်မယ်ဆိုရင်.. အရှေ့ တောင် အာရှ က ယဉ်ကျေးမှု့ တချို့ ဟာ ပြောင်းလဲသင့်တယ် လို့  မြင်ပါတယ်။

(နောက်တဖက်က ပြောရင် လုပ်ဖော်ကိုင်ဖက် ကုလားတွေ ပြောသလိုပေါ့။ ကုလားပြည်မှာ ရောဂါပိုးတွေ များလွန်းလို့ 
SAR ဆိုတဲ့ ရောဂါကြီး ကုလားပြည်လာရင် ကုလားပြည်မှ ရှိနေတဲ့ ရောဂါပိုးတွေက ဒင်းကို သတ်လို့  သေသွားမှာဘဲတဲ့ SAR ကြောင့် ကုလားတွေ ဘာမှ ဖြစ်မှာ မဟုတ်ဘူးတဲ့ ) ......................

ကမ္ဘာပေါ်မှာ နစ်တွေပြောင်းသလို စံနစ်တွေ ခေတ်တွေ လူတွေလဲ ပြောင်းလဲ တိုးတက် လာသလို ဆုတ်ယုတ်လာတာတွေလဲ ရှိပါတယ်။

အရင်ကဆို ပိတောက်ပန်းဟာ တနစ်မှာ သင်္ကြန်ကျတဲ့နေ့ တရက်ထဲသာ ပွင့်တဲ့ ပန်းပါ။ အနုမြူခေတ် ကာဗွန်ဒိုင်အောက်ဆိုဒ်ခေတ် ရောက်တော့ တနစ်မှာပွင့်ချင် သလို ပွင့် တရက်ထက်ပိုပြီးပွင့်လာပါတယ်။ အိုဇုန်းလွာတွေ ပါးပြီး တချို့ နေရာ တွေမှာ ပေါက်လာတယ်. ရာသီဥတု ဖေါက်ပြန်လာတယ်။ ရောဂါအဆန်းတွေ ပိုတွေ့  ရတယ်။ ဒို့ နိုင်ငံရဲ့ ယဉ်ကျေးမှု့ ထုံးစံလည်း ပျက်စီးလာတာတွေ့ ရတယ်။


စားဝတ်နေရေး ကြောင့် သော်၎င်း. မင်းယောက်ျားများ၏ ပံ့ပိုးမှု သယ်ဆောင်လာမှု ကြောင့်သော်၎င်း HIV ဆိုတာ အခုတော်တော်များများ ပြန့် ပွားနေတာသိရပါတယ်။

စိတ်မကောင်းစရာက ဒို့ များရဲ့ ယဉ်ကျေးမှု့ ဓလေ့ထုံးစံကြောင့် ရောဂါပိုမို ပွားများ နေတာ ပါဘဲ။ ငယ်ငယ်က ဖတ်စာအုပ်တွေ သီချင်းတွေမှာ လက်ရည်တပြင်တည်း ဇကောတချပ်ထဲ လက်ဆုံစားကြလို့ ပိုချစ်ကြတယ် ဆိုတာ ကျန်းမာရေးရှု့ ဒေါင့်က ကြည့်ရင် လုံးဝမှားယွင်း နေတာ ပြောလိုပါတယ်။

လူခနွာကိုယ်ထဲမှာ ရောဂါရှိမရှိ အစဉ်မပြတ် ကျန်းမာရေး စစ်ဆေး တတ်ကြတဲ့ အကျင့်တွေ ဒို့ မှာမရှိဘူး. စားဖို့ တောင်အနိုင်နိုင် ကျန်းမာရေး စစ်ဆေး ဖို့ ထက် ဖြစ်လာရင်တောင် ဆေးကုဖို့ မတတ်နိုင်တာ ကြိုပြီး ဘယ်လိုကာကွယ်နိုင်ကြမှာလဲ။

ကဲ အဲဒီတော့ ယဉ်ကျေးမှု့ ကို နဲနဲပြောင်းကြရအောင်.. သူငယ်ချင်းတွေ ချစ်ကြတယ် အတူတူ သွားလာတယ်. စားသောက်ကြတယ် မှန်တယ်. လက်ရည်တပြင်တည်း ပုဂံတချပ်ထဲမစားသင့်ဘူး

ဟင်းချို တပုဂံထဲ ဇွန်းတချောင်းထဲ မစားသင့်ဘူး. လဘက်သုပ်ပုဂံတခုထဲ ဇွန်းတချောင်းထဲနဲ့ လူတိုင်း ၀ိုင်းမစားသင့်ဘူး။ သောက်ရေချမ်းစင်အိုး ကလည်း တနည်းရောဂါပိုးသယ်တာနဲ့ တူတယ်။ ဘုံဘိုင်ပါတဲ့ ရေအိုး၊ သီးသန့် ရေဗူးနဲ့ ကိုယ်ပိုင် သီးသန့် သောက်တာ အကောင်းဆုံးပါဘဲ။ သူငယ်ချင်းစားတဲ့ အကျန် ဆက်စားမယ်ဆိုတာလည်း မှားပါတယ်။ သူ့ မှာရှိတဲ့ ရောဂါပိုးက ပါးစပ်မှ လက်(ဇွန်း)သို့  ထိုမှတဆင့် ပုဂံထဲ ရောက်နိုင် ပါတယ်။ ကဲဆက်စားတဲ့ သူငယ်ချင်းက ရောအဲဒီပုဂံထဲကရော၈ါရှိတဲ့ အစာကို ရောဂါရှိတဲ့ ဇွန်းနဲ့ ပါးစပ်ထဲသွင်းလိုက်တော့ ရောဂါက ကိုယ်ခနွာထဲ ရောက်သွားပါတယ်။

နောက်တခါ နှာချေမှု့ ကလည်း ရောဂါပွားစေတဲ့နည်းပါဘဲ။ ခရီးသွားလို့ ရောဂါရှိသူ သုံးထားတဲ့ အသုံးဆောင် သုံးမိရင် (ဥပမာ မလျှော်ဖွတ်ထားတဲ့ အိပ်ယာ) ကူးတတ် ပါတယ်။ အသေးစိတ်လိုက်ပြောရရင် လူ့ ဘောင်လောကထဲမှာ နေနေတဲ့ လူတယောက်အနေနဲ့ လိုက်နာဖို့ ခက်ခဲမှာပါ။

အနဲဆုံး လုပ်သင့်တာကတော့ လက်ရည်တပြင်တည်း ဟင်းတခွက်ထဲလက်ဆုံစားတာ ရေခွက်တခုထဲ ၀ိုင်းသောက်ကြတာ. စားလက်စအကျန်ဆက်စားတာ ကို ခေတ်နဲ့ အမှီ ပြောင်းလဲကြရအောင်.
7/29/2007 6:40am

0 comments:

 
/* EOT ----------------------------------------- */