Monday, July 7, 2008

Car - Latest 1 Horse Power Car နောက်ဆုံးပေါ်ကား

လာပြီနော် မသိမရှိစေနဲ့  နောက်ဆုံးပေါ် ကား

အသွင်ဆန်းတယ်
အမြင် ထူးတယ်
နက်မှောင် ရှိုင်းတယ်
ခေတ်မှီတယ်
လူများများဆံ့တယ်
ထိခိုက်မှု့ ကာကွယ်ထားတဲ့ လုံခြုံရေး ဘီး၎ဘီးပါတယ်
အပူဒဏ်က လည်း ကာကွယ်နိုင်တယ်
ရာစုနစ် ၂၁နစ် မှာ ထွက်တဲ့ကား
မြင်းကောင်ရေ ၁ကောင်အားနဲ့ 
နောက်ဆုံးပေါ် သိပံနည်းပညာတွေနဲ့ 
ထွင်ထားတဲ့ ကား

သိပ်မညွှန်းပါဘူး
မယုံရင်ကြည့်
အမှန်တွေချည့်ဘဲမို့ 
အသေချာကြည့်
မီဆူးဘီးရှီကတောင် ငိုသွားစေရမယ်
ဖွတ်ကိုယ်ထည်နဲ့  Ford F150 truck chassis
ဗိုဘို အင်ဂျင်အကောင်းစားပါဘဲ a Volvo engine.
ထွင်ထားတယ် အင်္ဂလိပ်ကုမ္မဏီက British-based design company Roush,
ကာ့တ်စံနစ် ကား Kurtsystems car
ကိုတွေ့ ရင်ဖြင့်
ငေး ဟ ကာ ပါးစပ်ပြဲစေမှာပါ ဗျ

နှောင်းသွားရင် မရဘဲငိုမသွားရအောင်
လိုချင်သူလျှောက်လွှာကြိုသွင်းရင်ဖြင့်
ဦးရာလူစံနစ်ပေဘဲ
ရော့
ဟော့ဒီမှာ



မြင်းလှည်း

မြင်းကို လေ့ကျင့်ပေးသော နေရာတွင် သုံးရန် ဖြစ်ပါသည်။

မြင်းလေ့ကျင့်ပေးသော မြင်းထိန်trainers အနေဖြင့် မြင်း၏ အပြေးနှုန်း နှင့် ကြံ့ခိုင်မှု့  နှလုံးခုန်နုန်း မြင်းအတွက် လုံလောက်သော အောက်ဆီဂျင်ရမရ စသဖြင့် မြင်း၏ကျန်းမာရေးကို စစ်ဆေးမှတ်တမ်းတင်နိုင်ရန် အတွက် ရည်ရွယ် တည်ဆောက် ထားပါသည်။ မြင်းလှည်းသည် 16m/sec နှုန်းဖြင့် မောင်းနိုင်ကြောင်း သိရပါသည်။

ပုံ
လိပ်တက် ယုန်တက် မြင်းတက် လီမီတက် ကားအေဂျင်ဆီ
ခေတ္တ မြင်း..... ခြံ (ကွန်ပျူတာရှေ့ )

စာမှီး။ ။ မက်ထရို ယူကေ

0 comments:

 
/* EOT ----------------------------------------- */