လောကအလှ မှာ အရွေးခံရတဲ့ ကဗျာ လေး တင်ပြချင်ပါတယ်။
ဝိုင်းဝိုင်းစက်စက် မျက်နှာမှာ
လက်တံ ၃ ဘက် ရွှေ့ လို့ ပါ
တချက်ချက်နဲ့ အော်ကာလေး
စကန့် တံလေး လှည့်ပတ်ပြေး။
တစ်ပတ်ပြည့်တဲ့ စက္တန့် တံ
မိနစ်တံကို တွန်းထိုးပြန်
မိနစ်တံလေး အားယူမနှေး
တစ်ပတ်ပြည့်ဖို့ လည်မယ်လေး။
တစ်ပတ်ပြည့်တဲ့ မိနစ်တံ
နာရီလေးကို တွန်းလိုက်ပြန်
၁နာရီပြည့်ပြီ အချိန်လေး
စုပေါင်းညီညာ ကြိုးစားပေး။
အပျင်းမခိုနဲ့  ကြိုးစားပါ
အချိန်လေးက မစောင့်ပါ
ဝီရိယနဲ့  ဥာဏ်ရည်သွေး
ကလေးတို့  သိဖို့ နာရီ လေး။
ဂျေ
Wednesday, July 16, 2008
Poem - Clock နာရီလေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment