ဘယ်သွားနေလဲ မရွှေဖဲ
ပါးကွက်ကြား နဲ့  အလှပို၊
ဘုရားပွဲကို လှည်းနဲ့ဆို။
ဘာဝယ်ခဲ့လဲ မရွှေဖဲ
ခြေဖုံးရင်ဖုံး ရိုးရာချည်၊
ပင်နီအင်္ကျီ ယောထမီ။
ဘာစားခဲ့လဲ မရွှေဖဲ
ကြာဇံလက်သုပ် စပ်လို့ အဟုတ်
မုန့်ဖက်ထုပ်နဲ့  အမြီးလုပ်။
ဘယ်လောက်ကုန်လဲ မရွှေဖဲ
အိတ်သွန်ဖာမှောက် စုငွေကျပ်
စက္ကူတစ်ထပ် တသိန်းမှတ်။
ဘာမြင်ခဲ့လဲ မရွှေဖဲ
ရောင်သွေးစုံတယ် ပျော်စရာရယ်
ဈေးသည် ဈေးဝယ် စုံလို့ကွယ်။
ဘာလုပ်သေးလဲ မရွှေဖဲ
ဘ၀အေးရေး ဆုတောင်းသနော်
ဘုရားရှင်တော် ဖူးပါသော်။
အမည်ဘာလဲ မရွှေဖဲ
တန်ခိုးကြီးတဲ့ တောင်ထိပ်တံခွန်
မကွေးမြို့  စွန် မြသလွန်။
ဘာဆုပန်လဲ မရွှေဖဲ
ပြုသမျှကုသိုလ် မျှဝေသည်
နိဗ္ဗာန်ရွှေပြည် ဆုပန်သည်။
ဂျေ
လောက အလှမှာ အရွေးခံရတဲ့ ကဗျာလေး တင်ပေးလိုက်ပါတယ်။ သင်ရိုးညွှန်းတမ်းကို မထီမဲ့မြင်လုပ်တာ မဟုတ်ပါဘူး။ ရည်ရွယ်ချက် မရှိဘဲ ရေးလိုက်တဲ့ သဘောပါ။ ခေတ်သစ် မောင်ရေခဲ နဲ့  ခေတ်သစ် မရွှေဖဲ ကဗျာနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောလိုပါက joyful4all2008@gmail.com ကို ရေးသား ငြင်းခုံနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်
Sunday, July 27, 2008
Poem - ခေတ်သစ်မရွှေဖဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment